ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု နည်းဥပေဒများ (၇)
- 119 views
(
ငင) မော်တော်ယာဉ်မောင်းသင်တန်းကျောင်း ဆိုသည်မှာ အခကြေးငွေ သို့မဟုတ် အကျိုးကျေးဇူးတစ်ခုခုကို ရယူ၍ မော်တော်ယာဉ်မောင်းခြင်းအတတ်ပညာနှင့် ယာဉ်မောင်းနှင်သူ တစ်ဦးလိုက်နာရမည့် ကျင့်ဝတ်စည်းကမ်းများ သင်ကြားပေးသောကျောင်းကို ဆိုသည်။
(စစ) မော်တော်ယာဉ်စစ်ဆေးအေရးယူရန်တာဝန်ရှိသူ ဆိုသည်မှာ မော်တော်ယာဉ်၊ ယာဉ် မောင်းနှင်သူနှင့် ယာဉ်အကူတို့ကို စစ်ဆေးရန်နှင့် လိုအပ်လျှင် အရေးယူရန် အလို့ငှာ တာဝန်ပေးအပ်ခြင်းခံရေသာ ရဲအရာရှိ သို့မဟုတ် အဆိုပါ ရဲအရာရှိက ၎င်းကိုယ်စား တာဝန်ပေးအပ်ထားသော ရဲတပ်ဖွဲ့ဝင် တစ်ဦးဦးကိုလည်းကောင်း၊ ဦးစီးဌာနက တာဝန်ပေးအပ်ခြင်းခံရေသာ အရာရှိ သို့မဟုတ် အဆိုပါအရာရှိက ၎င်းကိုယ်စား တာဝန်ပေးအပ် ထားသော ဝန်ထမ်းတစ်ဦးဦးကို လည်းကောင်းဆိုသည်။
(ဆဆ) ကြီးကြပ်ထိန်းသိမ်းရန်တာဝန်ရှိသူ ဆိုသည်မှာ လမ်းပေါ်၌ ယာဉ်အသွားအလာနှင့် လမ်းအသုံးပြုသူများ အသွားအလာကို ကြီးကြပ်ထိန်းသိမ်းရန် သက်ဆိုင်ရာ ဝန်ကြီးဌာနက တာဝန်ပေးအပ်ထားသော မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ယာဉ်ထိန်းရဲတပ်ဖွဲ့ သို့မဟုတ် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ မရှိသည့်ဒေသများတွင် နယ်မြေခံရဲတပ်ဖွဲ့ ကိုဆိုသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com