• Home
  • Car News
  • ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု နည်းဥပေဒများ (၈)

ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု နည်းဥပေဒများ (၈)

  • 229 views

 

(ဇဇ) အနှေးယာဉ် ဆိုသည်မှာ အများပြည်သူဆိုင်ရာလမ်းပေါ်တွင် သွားလာခွင့်ရှိသည့် စက်ဘီး၊ တိရစ္ဆာန်ဆွဲလှည်း၊ လက်တွန်းလှည်း၊ လက်ဆွဲလှည်း၊ ဘေးတွဲ သို့မဟုတ် နောက်တွဲဆိုက်ကား အစရှိသည်တို့ကို ဆိုသည်။

(ဈဈ) လမ်းအသုံးပြုသူ ဆိုသည်မှာ လမ်းကိုအသုံးပြုသော မော်တော်ယာဉ်မောင်းနှင်သူနှင့် စီးနင်းသူ၊ အနှေးယာဉ်မောင်းသူနှင့် စီးနင်းသူနှင့် ခြေကျင်လျှောက်သူတို့ကို ဆိုသည်။

(ညည) နှစ်လမ်းမောင်းလမ်း ဆိုသည်မှာ မော်တော်ယာဉ်များ သက်ဆိုင်ရာယာဉ်ကြောအလိုက် မျက်နှာချင်းဆိုင် သွားလာခွင့်ရှိသော လမ်းကိုဆိုသည်။

(ဋဋ) တစ်လမ်းမောင်းလမ်း ဆိုသည်မှာ မော်တော်ယာဉ်များ မျက်နှာချင်းဆိုင်သွားလာခွင့် မရှိဘဲ သတ်မှတ်ထားသည့်ဘက်သို့သာ ဦးတည်မောင်းနှင်ရသည့်လမ်းကို ဆိုသည်။

 


(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com