ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု နည်းဥပေဒများ (၉)
- 198 views
(ဌဌ) ယာဉ်ကြော ဆိုသည်မှာ လမ်းတစ်လျှောက် မော်တော်ယာဉ်တစ်စီးချင်း ရှေ့နောက် ဦးတည် မောင်းနှင်သွားရန် သတ်မှတ်ထားသည့် လမ်းကြောင်းကို ဆိုသည်။
(ဍဍ) အမြန်နှုန်း ဆိုသည်မှာ မော်တော်ယာဉ်မောင်းနှင်နေစဉ် မော်တော်ယာဉ်၏ တစ်နာရီ ရွေ့လျားနှုန်းကို ဆိုသည်။
(ဎဎ) ရပ်ခြင်း ဆိုသည်မှာ မော်တော်ယာဉ်သွားလာမှုစည်းကမ်းအရ ရပ်ရမည့်နေရာများ တွင် ယာဉ်မောင်းနှင်သူက ယာဉ်ကိုထိန်းသိမ်းလျက် ခေတ္တရပ်ခြင်းကို ဆိုသည်။
(ဏဏ) ရပ်ဆိုင်းခြင်း ဆိုသည်မှာ ခရီးသည် သို့မဟုတ် ကုန်ပစ္စည်း တင်ရန်၊ ချရန်အတွက်သာ ယာဉ်မောင်းနှင်သူက ယာဉ်ကိုထိန်းသိမ်းလျက် ခေတ္တရပ်ခြင်းကို ဆိုသည်။
(တတ) ရပ်နားခြင်း ဆိုသည်မှာ ယာဉ်ရပ်နားရန် သတ်မှတ်သည့်နေရာတွင် စက်သတ်၍ ယာဉ်ရပ်ခြင်းကို ဆိုသည်။
(ထထ) “ဂ” ငယ်ကွေ့ဆိုသည်မှာ နှစ်လမ်းမောင်းတွင် ဦးတည်မောင်းနှင်နေသည့်ဘက်မှ မျက်နှာချင်းဆိုင်မောင်းနှင်သည့် အခြားတစ်ဘက်သို့ ‘ဂ’ ပုံသဏ္ဌာန်ဖြင့် ကွေ့ဝင်ခြင်းကိုဆိုသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com