ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု နည်းဥပေဒများ (၁၀)
- 190 views
(ဒဒ) လမ်းနယ် ဆိုရာတွင် မော်တော်ယာဉ်များနှင့် လမ်းအသုံးပြုသူများ အသုံးပြုနိုင်သည့် လမ်းမြေတစ်ပြင်လုံး နှင့် အောက်ပါတို့ ပါဝင်သည်-
(၁) မော်တော်ယာဉ်သွားလာရေးအတွက် ဖောက်လုပ်ထားသောလမ်းများ၊
(၂) မော်တော်ယာဉ်လမ်းများပေါ်ရှိ လမ်းလယ်ကျွန်းများနှင့် ကျွန်းအမှတ်အသားများ၊
(၃) မော်တော်ယာဉ်လမ်းဘေးရှိ လူသွားစင်္ကြံ သို့မဟုတ် သတ်မှတ်ထားသော လူသွားလမ်းနှင့် စက်ဘီးလမ်းများ၊
(၄) လမ်းပခုံးသားများ၊
(၅) လမ်းနံဘေးတွင် တည်ဆောက်ထားသော သို့မဟုတ် သတ်မှတ်ထားသော ယာဉ်ရပ်နားရန် နေရာများနှင့် ခရီးသည်တင်ယာဉ်များအတွက် သတ်မှတ်ထားသည့် မှတ်တိုင်နေရာများ၊
(၆) လမ်းနံဘေးရှိ လမ်းညွှန်းဆိုင်းဘုတ်များ၊ ယာဉ်ထိန်းအချက်ပြမီးတိုင်များ၊ ဓါတ်မီးတိုင်များ၊ ဓါတ်အားပြောင်း စက်များ၊ စာတိုက်ပုံးများ၊ တယ်လီဖုန်းတိုင်များနှင့် တယ်လီဖုန်းအဆက်အသွယ်ပုံးများ၊ လျှပ်စစ်စွမ်းအင် အသုံးပြုသော မော်တော် ယာဉ်များကို လျှပ်စစ်စွမ်းအင် ဖြည့်သွင်းရန်အတွက် တည်ဆောက်ထားသည့် နေရာများ၊ လမ်းအသုံးပြုခ ကောက်ခံရေးစခန်း(Toll Gate)နှင့် အဆိုပါ စခန်းရှိ ဆိုင်းဘုတ်များ၊ Radio Frequency Identification (RFID)နှင့် ဆက်စပ် ပစ္စည်းများဖြစ်သည့် Reader ၊ Antennaများ၊ ကင်မရာများ၊ လျှပ်စစ်မီတာပုံးများ၊ ဆက်သွယ် ရေးကိရိယာများ တပ်ဆင်ထားသော Gantryများ၊ Shape Pole တိုင်များ စသည်တို့ရှိသည့် နေရာများ၊
(၇) ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာန၏ လမ်းနယ်သတ်မှတ်ချက်များဖြစ် သည့် လက်ရှိနှင့် နောင်ကာလ ယာဉ်သွားလာမှု ပမာဏအတွက် သင့်လျော်မည့် လမ်းနှင့် ရေမြောင်းများတည်ဆောက်နိုင်ရန် လျာထားသတ်မှတ်သော လမ်းနယ် အကျယ်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com