5G အက္ခရာအပူးနံပါတ် ခုနစ်ခု ရောင်းချခဲ့ပြီးဖြစ်




5G




 

Ref : Automobile



Unicode Version

ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနအနေဖြင့် ဖေဖော်ဝါရီ ၆ ရက်တွင် စတင်ထုတ်ပေးခဲ့သော 5G အက္ခရာများထဲမှ 5G အပူးနံပါတ် ခုနစ်ခု ရောင်းချခဲ့ပြီးဖြစ် ကြောင်း ‘ကညနမှတ်ပုံ တင်ဌာန(မြင်သာ) ကညနရုံး’မှ သိရသည်။


5G


ကနဦးမှတ်ပုံတင်ဌာန အနေဖြင့် ယာဉ်ပိုင်ရှင်များ အဆင်ပြေစေရန် အတွက် စိတ်ကြိုက်နံပါတ် ကြိုတင်ရောင်းချမှု ပြုလုပ်ပေးလျက်ရှိပြီး 5G/2811 သို့ ရောက်ရှိချိန်၌ အပူးနံပါတ် ခုနစ်ခု ရောင်းချခဲ့ပြီး ဖြစ်သည်။ ရောင်းချပြီးသော 5G အပူးနံပါတ်များ မှာ 5G/2222 ကို ကျပ် ၁၄ သိန်း၊ 5G/3333 ကို ကျပ် ၁၂ သိန်း၊ 5G/4444 ကို ကျပ် သိန်း (၂ဝ) နှင့် 5G/5555 ကို ကျပ်သိန်း (၄ဝ)၊ 5G/7777 ကို ကျပ်သိန်း (၄ဝ)၊ 5G/8888 ကို ကျပ် ၃၆ သိန်းနှင့် 5G/9999 ကို ကျပ် ၅၂ သိန်းတို့ဖြင့် အသီးသီးရာင်း ချပေးခဲ့သည်။ ရောင်းချရန် ကျန်ရှိသည့် 5G/1111 နှင့် 5G/6666 တို့မှာလည်း ကြိုတင်မှာယူမှုများ ပြုလုပ်ထားကြောင်း သိရသည်။ “5G အက္ခရာနံပါတ် တွေကတော့ လူကြိုက်များ တဲ့အတွက် နံပါတ်လာရောက် ထုတ်ယူတဲ့သူတွေ၊ စိတ်ကြိုက်နံပါတ် ဝယ်ယူသူတွေနဲ့ လက်မလည်အောင်ပါပဲ၊ နံပါတ်အလှတွေလည်း အတော်လေး ရောင်း ရပါတယ်၊ အပူးအက္ခရာတွေဆိုရင် 5G/1111 နဲ့ 5G/6666 ပဲရောင်းဖို့ကျန်တော့တယ်”ဟု ‘မြင်သာ ကညနရုံး၊ ကနဦးမှတ်ပုံတင်ဌာန’မှ တာဝန်ရှိသူတစ်ဦးက ပြောကြား ခဲ့သည်။ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနအနေဖြင့် ပြည်ပမှ တင်သွင်းလာသော ယာဉ်များအား မှတ်ပုံတင်များပြုလုပ် ပေးလျက်ရှိရာ ဖေဖော်ဝါရီ ၁ ရက်အထိ ရောက်ရှိ နံပါတ် 5G/3572 ၊ DD/5912 နှင့် 8L/3844 သို့ ရောက်ရှိသွားပြီဖြစ်ကြောင်း ကနဦးမှတ်ပုံတင်ဌာနမှ သိရသည်။


 

Ref : Automobile

Latest News

Mazda Myanmar က All New Mazda CX 9 ကားကိုု...

Mazda cx9 150x150

Zawgyi Version Mazda Myanmar က ၂၀၁၇ မော်ဒယ် All New Mazda CX 9 ကို မြန်မာနိုင်ငံဈေးကွက်သို့ မိတ်ဆက်ပွဲကို နိုဝင်ဘာ ၂၃ က...

Read more »

ဒီဇင်​ဘာ ၃၁ အထိ စီးတီးတက္ကစီ​...

Latest news1 13 150x150

Zawgyi Version ရန်​ကုန်​တိုင်းအတွင်း ​​အဌားယာဉ်​အဖြစ်​ မှတ်​ပုံတင်​ထားသည့်​ကားများကို ယခုနှစ်​ ဒီဇင်​ဘာလ ၃၁ ရက်​​နေ့​နောက်​ဆုံးထား၍ city taxi...

Read more »

မော်​​တော်​ယာဉ်​ အမည်ပြောင်းလဲလျှင် ဆောလျင်စွာ...

For news 150x150

Zawgyi Version မော်​​တော်​ယာဉ်​ အမည်ပြောင်းလဲလျှင် ဆောလျင်စွာ လာရောက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အမည်ပေါက်သူတွင် သာ တာဝန်ရှိကြောင်းနှင့်...

Read more »

(ခ) လိုင်စင်နှင့် (င) လိုင်စင်ကိုင်ဆောင်သူများ...

Latest news1 13 150x150

Zawgyi Version မြန်​မာတစ်​ပြည်​လုံးတွင်​​ မောင်းနှင်​ခွင့်​ရှိ​သော (ခ) လိုင်စင်နှင့် (င) လိုင်စင် ကိုင်ဆောင်ထားသည့် ယာဉ်မောင်းများ အနေဖြင့်...

Read more »

အဲကွန်းမဖွင့်​​သော YBS ကားများ ​ယာဉ်​စီးခ...

Latest news1 12 150x150

Zawgyi Version ရန်​ကုန်​တိုင်း​အတွင်း ပြေးဆွဲလျှက်​ရှိ​နေသော ခရီးသည်​တင်​ YBS ကားများအနက် အဲယားကွန်းမဖွင့်​​ပဲ​ မောင်းေ​သာ ကားများနှင့်...

Read more »