fb-pageview-tracker
ကားေမာင္းရင္းနဲ႔ စိတ္ဖိစီးမႈေလွ်ာ့ခ်ႏုိင္မယ့္ နည္းလမ္း ၅ သြယ္


Zawgyi Version

လူသားေတြဟာ ဘဝမွာရရွိထားတဲ့အခ်ိန္ေတြရဲ့ ၃ ပံုတစ္ပံုကို အိပ္စက္ျခင္းနဲ႔ ကုန္ဆံုးၾကတယ္လို႔ထင္ပါတယ္။ ဒီစကားဟာ အရင္တုန္းက မွန္ကန္ႏိုင္ေပမယ့္ အခုေတာ့ အတိအက်မွန္ကန္ဖို႔ မလြယ္ေတာ့ပါဘူး။ အထူးသျဖင့္ လူသားေတြရဲ့ေန႔စဥ္ဘဝမွာ ေမာ္ေတာ္ကားေတြ ေနရာဝင္ယူလာၾကၿပီးေနာက္မွာေတာ့ ကားေမာင္းရင္းနဲ႔ ကုန္ဆံုးသြားတဲ့အခ်ိန္ပမာဏကလည္း ႀကီးမားတဲ့ကိန္းဂဏန္းတစ္ခုကို ေရာက္ရွိလာေနပါၿပီ။ ဒီေနရာမွာ ပိုၿပီးဆိုးရြားလာတာက ကားေမာင္းတဲ့အခ်ိန္မွာ ႀကံဳေတြ႕ရတဲ့ခံစားမႈက လြတ္လပ္ေပါ့ပါးေပ်ာ္ရႊင္တာထက္ ပ်င္းရိၿငီးေငြ႔ၿပီး စိတ္ညစ္ညဴးဖြယ္ျဖစ္ေနတတ္တာပါပဲ။ တကယ္ေတာ့ ခံယူတတ္မယ္ဆိုရင္ ကားေမာင္းျခင္းဆိုတာ စိတ္ဖိစီးမႈေတြ၊ မြန္းက်ပ္မႈေတြေလွ်ာ့ခ်ေပးႏုိင္ရံုသာမက လြတ္လပ္ေပါ့ပါးၿပီး ေပ်ာ္ရႊင္စရာအေတြ႕အႀကံဳေတြကိုလည္း ေပးစြမ္းႏုိင္တဲ့လုပ္ေဆာင္မႈတစ္ခုပါ။ ဒါေပမဲ့ အခ်ိန္္နဲ႔ေနရာအေပၚလိုက္ၿပီး အခုေဖာ္ျပမယ့္အခ်က္ေတြကို ႀကိဳတင္ျပင္ဆင္ထားႏုိင္မွသာ သင့္အတြက္လြတ္လပ္ေပါ့ပါးၿပီး စိတ္ေပ်ာ္ရႊင္မႈရရွိေစတဲ့ ကားေမာင္းျခင္းလုပ္ငန္းစဥ္တစ္ခုကို ေတြ႔ႀကံဳရယူႏုိင္ပါလိမ့္မယ္။ ကဲ … မြန္းက်ပ္ဖိစီးမႈေတြအားလံုးကိုလႊတ္ခ်ၿပီး ကားတစ္စီးကိုတက္ေမာင္းၾကည့္လိုက္ပါ။ ကားသစ္ပဲျဖစ္ျဖစ္၊ ကားေဟာင္းပဲျဖစ္ျဖစ္၊ ခံယူခ်က္အသစ္နဲ႔အတူ ခါတိုင္းနဲ႔မတူတဲ့ ကားေမာင္းျခင္းအႏုပညာတစ္ရပ္က သင့္ကိုေစာင့္ႀကိဳေနပါၿပီ။

ဆူညံသံေတြကို ေလွ်ာ့ခ်ပါ

တိတ္ဆိတ္ၿငိမ္သက္ျခင္းဟာ တျခားအခ်ိန္ေတြမွာ သင့္ရဲ့စိတ္ကိုဘယ္လိုအက်ိဳးသက္ေရာက္ေစႏုိင္သလဲဆိုတာ အတိအက်မေျပာႏုိင္ေပမယ့္ ကားေမာင္းေနခ်ိန္မွာဆိုရင္ေတာ့ အျပဳသေဘာေဆာင္တဲ့ အက်ိဳးေက်းဇူးေတြကို ေပးစြမ္းႏုိင္ပါတယ္။ ဆူညံသံေတြမ်ားလြန္းတဲ့ပတ္ဝန္းက်င္မွာကားေမာင္းရတာဟာ သင့္စိတ္ကိုေနာက္က်ိရႈပ္ေထြးေစႏုိင္ၿပီး တိတ္ဆိတ္ေနတဲ့အခ်ိန္မွာ ကားေမာင္းရတာက လြတ္လပ္ေပ်ာ္ရႊင္ေစသလို သင့္ရဲ့လမ္းခရီးအေပၚလည္း ပိုၿပီးအာရံုစုိက္ေစႏုိင္ပါလိမ့္မယ္။ အႀကံေပးရရင္ေတာ့ ေန႔ခင္းဘက္လူရွင္းတဲ့ၿမိဳ႕ပတ္လမ္းေတြမွာ ကားေမာင္းတာမ်ိဳး၊ တိတ္ဆိတ္တဲ့ညဥ္႔နက္နက္မွာ ကားထြက္ေမာင္းတာေတြက စိတ္ဖိစီးမႈကိုေလွ်ာ့က်ေစၿပီး လြတ္လပ္ေပ်ာ္ရႊင္မႈကိုေပးစြမ္းႏုိင္ပါလိမ့္မယ္။ မဆူညံသင့္ဘူးဆိုေပမယ့္ ကားေမာင္းေနစဥ္မွာ သံစဥ္ခ်ိဳတဲ့ သီခ်င္းေအးေအးေလးေတြဖြင့္ထားမယ္ဆိုရင္ေတာ့ ဘာျပႆနာမွမရွိပါဘူး။

မီးပြိဳင့္ေတြမွာရပ္နားစဥ္ အသက္ဝဝရႉေပးပါ

ကားေမာင္းေနစဥ္မွာ စိတ္ဖိစီးမႈေတြေလ်ာ့နည္းဖို႔နဲ႔ လြတ္လပ္ေပါ့ပါးမႈရွိဖို႔ ေနာက္ထပ္အႀကံေပးခ်င္တာက မီးပြိဳင့္ေတြအေရာက္မွာ မီးနီမိလို႔ ရပ္ေစာင့္ေနတဲ့အခ်ိန္တိုင္းမွာ အသက္ကို တစ္ဝႀကီးရႉၿပီး ျဖည္းညင္းစြာျပန္ထုတ္ပစ္လိုက္ဖို႔ပါပဲ။ ဒါဟာ အလြယ္ကူဆံုးနဲ႔အျမန္ဆန္ဆံုး စိတ္ဖိစီးမႈေလွ်ာ့ခ်တဲ့နည္းျဖစ္ပါတယ္။ ပိုၿပီးတိတိက်က်ေျပာရရင္ေတာ့ အသက္ရႉသြင္းခ်ိန္နဲ႔ရႉထုတ္ခ်ိန္တိုင္းကို စိတ္ထဲကေနအခ်ိန္ ၄ စကၠန္႔စီသတ္မွတ္ၿပီး ျပဳလုပ္ႏုိင္ရင္ေတာ့ အေကာင္းဆံုးျဖစ္ပါလိမ့္မယ္။ ဒါ့အျပင္ မီးနီမိထားတုန္း ေနာက္ထပ္ျပဳလုပ္ႏုိင္တဲ့ နည္းလမ္းတစ္ခုကေတာ့ လက္ေလ့က်င့္ခန္းပဲျဖစ္ပါတယ္။ ကားကို ခဏရပ္နားစဥ္အေတာအတြင္း သင့္လက္ႏွစ္ဖက္ကို စတီယာရင္ေခြေပၚေက်ာ္ၿပီး ေရွ႕ကိုဆန္႔တန္းလုိက္ပါ။ အဲဒီကေန လက္ေကာက္ဝတ္ကိုလွည့္ၿပီး ေလ့က်င့္ခန္းလုပ္ေပးႏုိင္ပါတယ္။ အထူးသျဖင့္ စတီယာရင္ေခြေပၚမွာပဲ တင္ထားရတဲ့သင့္လက္ေတြအတြက္ ဒီေလ့က်င့္ခန္းက အေညာင္းအညာေျပေစသလို စိတ္ေပ်ာ္ရႊင္မႈကိုလည္း ေပးစြမ္းႏုိင္မွာပါ။

သင္းပ်ံ ႔လန္းဆန္းေစမယ့္ အေမႊးနံ႔ကိုသံုးပါ

သင့္ကားအတြင္းမွာထားရွိတဲ့ေရေမႊးနဲ႔ air fresher ေတြကို စူးရွျပင္းထန္တဲ့အနံ႔မ်ိဳး၊ ခ်ိဳအီၿပီးေလးလံထိုင္းမိႈင္းေစတဲ့အနံ႔မ်ိဳးေတြထက္ လတ္ဆတ္ၿပီး ယဥ္ယဥ္ေလးေမြးပ်ံ႕တဲ့ရနံ႔ပါဝင္တာကို ေရြးခ်ယ္သင့္ပါတယ္။ တစ္နည္းေျပာရရင္ေတာ့ သဘာဝပစၥည္းေတြကေနထုတ္လုပ္တဲ့ သဘာဝအေမႊးဆီမ်ိဳးကို အသံုးျပဳတာက သင့္ကားအတြင္းမွာရွိတဲ့ အနံ႔အသက္နဲ႔ပတ္ဝန္းက်င္ကို ပိုၿပီးလန္းဆန္းၾကည္ႏူးစရာျဖစ္ပါလိမ့္မယ္။ သင့္ပ်ံ႕တဲ့သဘာဝအေမႊးနံ႔နဲ႔ ကားေမာင္းရတဲ့ခံစားမႈဟာ သင့္အတြက္လြတ္လပ္ေပါ့ပါးတဲ့စိတ္ၾကည္ႏူးမႈကို ေပးစြမ္းႏိုင္မွာအေသအခ်ာပါပဲ။ ဒါ့အျပင္ ကားအတြင္းမွာ အဆင္သင့္ေသာက္သံုးႏုိင္တဲ့ေကာ္ဖီ၊ လီမြန္တီးစတာေတြကိုလည္း ေဆာင္ထားသင့္ပါတယ္။ ေကာ္ဖီမွာပါဝင္တဲ့ ကဖင္းဓာတ္ဟာ သင့္ေတာ္တဲ့အတိုင္းအတာေလာက္သာ အသံုးျပဳမယ္ဆိုရင္ စိတ္ကိုပုိၿပီးတက္ၾကြလန္းဆန္းေနေအာင္ စြမ္းေဆာင္ေပးႏုိင္ပါတယ္။ ဒါ့အျပင္ သံပုရာရည္လိုေဖ်ာ္ရည္ေတြကလည္း ကားေမာင္းေနတဲ့သင့္ရဲ့စိတ္ကို ရႊင္လန္းေပါ့ပါးေစႏုိင္ပါေသးတယ္။

အလုပ္ကို တတ္ႏုိင္သမွ်ေစာေစာသြားပါ

သင္ဟာ အလုပ္ကိုေမာ္ေတာ္ကားေမာင္းၿပီးသြားတတ္တဲ့သူဆိုရင္ မနက္ခင္းေစာေစာမွာ အိမ္ကထြက္ဖို႔အႀကံေပးပါရေစ။ မနက္ေစာေစာမွာ ႀကံဳေတြ႔ခံစားရတဲ့ေလေျပေလညင္းေတြန႔ဲ ေနေရာင္ေဖ်ာ့ေဖ်ာ့ကိုခံယူၿပီး ကားေမာင္းရတဲ့အရသာဟာ တစ္ေန႔တာအလုပ္ေတြနဲ႔ ဗ်ာမ်ားေနမယ့္သင့္ရဲ့စိတ္အတြက္ ႀကိဳတင္အားသစ္ေလာင္းထားသလိုျဖစ္ေစပါလိမ့္မယ္။ ေနာက္တစ္ခ်က္က အလုပ္ခ်ိန္မတိုင္မီ ေစာေစာထြက္ခဲ့တာျဖစ္တဲ့အတြက္ သင့္အေနနဲ႔ ရံုးေနာက္က်မွာကို စိုးရိမ္ပူပန္စရာမလိုတာပါပဲ။ ဒါ့အျပင္ မနက္ေစာေစာမွာ လူသြားလူလာကလည္း ရွင္းလင္းနည္းပါးေနမွာျဖစ္တာေၾကာင့္ စိတ္ေအးေအးနဲ႔ကားေမာင္းႏုိင္ပါေသးတယ္။ ဒါ့ေၾကာင့္ အလုပ္ကို ကားေမာင္းသြားမယ္ဆိုရင္ မနက္ေစာေစာအိမ္ကထြက္ျခင္းဟာ အလုပ္ကိစၥအတြက္ေရာ၊ သင့္ရဲ့စိတ္ဖိစီးမႈကို ေလွ်ာ့ခ်ႏုိင္ဖို႔အတြက္ပါ အေထာက္အကူျပဳေစႏုိင္ပါလိမ့္မယ္။

သီခ်င္းေလးညည္းရင္း ကားေမာင္းပါ

ကားေမာင္းရင္း မိုဘုိင္းဖုန္းေျပာတာဟာ အႏၱရာယ္မ်ားလြန္းလွတယ္ဆိုၿပီး ယာဥ္စည္းကမ္းအရ တင္းက်ပ္တဲ့တားျမစ္မႈေတြ ျပဳလုပ္ထားေပမယ့္ ကားေမာင္းရင္းသီခ်င္းမဆိုရဘူးဆိုတဲ့ ကန္႔သတ္ခ်က္ေတာ့မရွိပါဘူး။ သီခ်င္းဆိုရာမွာလည္း ကားေမာင္းရာမွာ အာရံုပ်ံ႕လြင့္ေစေလာက္တဲ့အထိ ေအာ္ႀကီးဟစ္က်ယ္နဲ႔ သီဆိုတာမ်ိဳးကို ဆိုလိုတာမဟုတ္ပါဘူး။ ႏႈတ္ဖ်ားကအသံထြက္ရံု၊ ကားေမာင္းေနတဲ့ သင့္တစ္ကိုယ္စာ ၾကားႏုိင္ရံုေလာက္ပဲ ညည္းဖို႔အႀကံေပးတာပါ။ ေစာေစာကအႀကံျပဳခဲ့သလို သီခ်င္းေအးေအးေလးဖြင့္ထားတာမ်ိဳးနဲ႔ သေဘာတရားခ်င္းအတူတူပါပဲ။ ေနာက္ဆံုးအေနနဲ႔ အႀကံေပးခ်င္တဲ့အခ်က္ကေတာ့ ကားေမာင္းေနစဥ္မွာ သင့္စိတ္ကို အရွင္းလင္းဆံုးထားလိုက္တာက အႏၱရာယ္အကင္းဆံုးျဖစ္သလို ေပ်ာ္ရႊင္စရာလည္းအေကာင္းဆံုုးျဖစ္လိမ့္မယ္ဆိုတာပါပဲ။ စိတ္ဖိစီးမႈကင္းကင္းနဲ႔ လြတ္လပ္ေပါ့ပါးစြာကားေမာင္းရတဲ့ ခံစားမႈမ်ိဳးရရွိဖုိ႔ အရာအားလံုးကိုလႊတ္ခ်ၿပီး အခုပဲ driver ထိုင္ခံုမွာဝင္ထုိင္လိုက္ပါ။

စာေရးသူ : ကိုဆြဲ (မံုရြာ) 


Unicode Version

လူသားတွေဟာ ဘဝမှာရရှိထားတဲ့အချိန်တွေရဲ့ ၃ ပုံတစ်ပုံကို အိပ်စက်ခြင်းနဲ့ ကုန်ဆုံးကြတယ်လို့ထင်ပါတယ်။ ဒီစကားဟာ အရင်တုန်းက မှန်ကန်နိုင်ပေမယ့် အခုတော့ အတိအကျမှန်ကန်ဖို့ မလွယ်တော့ပါဘူး။ အထူးသဖြင့် လူသားတွေရဲ့နေ့စဉ်ဘဝမှာ မော်တော်ကားတွေ နေရာဝင်ယူလာကြပြီးနောက်မှာတော့ ကားမောင်းရင်းနဲ့ ကုန်ဆုံးသွားတဲ့အချိန်ပမာဏကလည်း ကြီးမားတဲ့ကိန်းဂဏန်းတစ်ခုကို ရောက်ရှိလာနေပါပြီ။ ဒီနေရာမှာ ပိုပြီးဆိုးရွားလာတာက ကားမောင်းတဲ့အချိန်မှာ ကြုံတွေ့ရတဲ့ခံစားမှုက လွတ်လပ်ပေါ့ပါးပျော်ရွှင်တာထက် ပျင်းရိငြီးငွေ့ပြီး စိတ်ညစ်ညူးဖွယ်ဖြစ်နေတတ်တာပါပဲ။ တကယ်တော့ ခံယူတတ်မယ်ဆိုရင် ကားမောင်းခြင်းဆိုတာ စိတ်ဖိစီးမှုတွေ၊ မွန်းကျပ်မှုတွေလျှော့ချပေးနိုင်ရုံသာမက လွတ်လပ်ပေါ့ပါးပြီး ပျော်ရွှင်စရာအတွေ့အကြုံတွေကိုလည်း ပေးစွမ်းနိုင်တဲ့လုပ်ဆောင်မှုတစ်ခုပါ။ ဒါပေမဲ့ အချိန်နဲ့နေရာအပေါ်လိုက်ပြီး အခုဖော်ပြမယ့်အချက်တွေကို ကြိုတင်ပြင်ဆင်ထားနိုင်မှသာ သင့်အတွက်လွတ်လပ်ပေါ့ပါးပြီး စိတ်ပျော်ရွှင်မှုရရှိစေတဲ့ ကားမောင်းခြင်းလုပ်ငန်းစဉ်တစ်ခုကို တွေ့ကြုံရယူနိုင်ပါလိမ့်မယ်။ ကဲ … မွန်းကျပ်ဖိစီးမှုတွေအားလုံးကိုလွှတ်ချပြီး ကားတစ်စီးကိုတက်မောင်းကြည့်လိုက်ပါ။ ကားသစ်ပဲဖြစ်ဖြစ်၊ ကားဟောင်းပဲဖြစ်ဖြစ်၊ ခံယူချက်အသစ်နဲ့အတူ ခါတိုင်းနဲ့မတူတဲ့ ကားမောင်းခြင်းအနုပညာတစ်ရပ်က သင့်ကိုစောင့်ကြိုနေပါပြီ။

ဆူညံသံတွေကို လျှော့ချပါ

တိတ်ဆိတ်ငြိမ်သက်ခြင်းဟာ တခြားအချိန်တွေမှာ သင့်ရဲ့စိတ်ကိုဘယ်လိုအကျိုးသက်ရောက်စေနိုင်သလဲဆိုတာ အတိအကျမပြောနိုင်ပေမယ့် ကားမောင်းနေချိန်မှာဆိုရင်တော့ အပြုသဘောဆောင်တဲ့ အကျိုးကျေးဇူးတွေကို ပေးစွမ်းနိုင်ပါတယ်။ ဆူညံသံတွေများလွန်းတဲ့ပတ်ဝန်းကျင်မှာကားမောင်းရတာဟာ သင့်စိတ်ကိုနောက်ကျိရှုပ်ထွေးစေနိုင်ပြီး တိတ်ဆိတ်နေတဲ့အချိန်မှာ ကားမောင်းရတာက လွတ်လပ်ပျော်ရွှင်စေသလို သင့်ရဲ့လမ်းခရီးအပေါ်လည်း ပိုပြီးအာရုံစိုက်စေနိုင်ပါလိမ့်မယ်။ အကြံပေးရရင်တော့ နေ့ခင်းဘက်လူရှင်းတဲ့မြို့ပတ်လမ်းတွေမှာ ကားမောင်းတာမျိုး၊ တိတ်ဆိတ်တဲ့ညဉ့်နက်နက်မှာ ကားထွက်မောင်းတာတွေက စိတ်ဖိစီးမှုကိုလျှော့ကျစေပြီး လွတ်လပ်ပျော်ရွှင်မှုကိုပေးစွမ်းနိုင်ပါလိမ့်မယ်။ မဆူညံသင့်ဘူးဆိုပေမယ့် ကားမောင်းနေစဉ်မှာ သံစဉ်ချိုတဲ့ သီချင်းအေးအေးလေးတွေဖွင့်ထားမယ်ဆိုရင်တော့ ဘာပြဿနာမှမရှိပါဘူး။

မီးပွိုင့်တွေမှာရပ်နားစဉ် အသက်ဝဝရှူပေးပါ

ကားမောင်းနေစဉ်မှာ စိတ်ဖိစီးမှုတွေလျော့နည်းဖို့နဲ့ လွတ်လပ်ပေါ့ပါးမှုရှိဖို့ နောက်ထပ်အကြံပေးချင်တာက မီးပွိုင့်တွေအရောက်မှာ မီးနီမိလို့ ရပ်စောင့်နေတဲ့အချိန်တိုင်းမှာ အသက်ကို တစ်ဝကြီးရှူပြီး ဖြည်းညင်းစွာပြန်ထုတ်ပစ်လိုက်ဖို့ပါပဲ။ ဒါဟာ အလွယ်ကူဆုံးနဲ့အမြန်ဆန်ဆုံး စိတ်ဖိစီးမှုလျှော့ချတဲ့နည်းဖြစ်ပါတယ်။ ပိုပြီးတိတိကျကျပြောရရင်တော့ အသက်ရှူသွင်းချိန်နဲ့ရှူထုတ်ချိန်တိုင်းကို စိတ်ထဲကနေအချိန် ၄ စက္ကန့်စီသတ်မှတ်ပြီး ပြုလုပ်နိုင်ရင်တော့ အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ ဒါ့အပြင် မီးနီမိထားတုန်း နောက်ထပ်ပြုလုပ်နိုင်တဲ့ နည်းလမ်းတစ်ခုကတော့ လက်လေ့ကျင့်ခန်းပဲဖြစ်ပါတယ်။ ကားကို ခဏရပ်နားစဉ်အတောအတွင်း သင့်လက်နှစ်ဖက်ကို စတီယာရင်ခွေပေါ်ကျော်ပြီး ရှေ့ကိုဆန့်တန်းလိုက်ပါ။ အဲဒီကနေ လက်ကောက်ဝတ်ကိုလှည့်ပြီး လေ့ကျင့်ခန်းလုပ်ပေးနိုင်ပါတယ်။ အထူးသဖြင့် စတီယာရင်ခွေပေါ်မှာပဲ တင်ထားရတဲ့သင့်လက်တွေအတွက် ဒီလေ့ကျင့်ခန်းက အညောင်းအညာပြေစေသလို စိတ်ပျော်ရွှင်မှုကိုလည်း ပေးစွမ်းနိုင်မှာပါ။

သင်းပျံ့လန်းဆန်းစေမယ့် အမွှေးနံ့ကိုသုံးပါ

သင့်ကားအတွင်းမှာထားရှိတဲ့ရေမွှေးနဲ့ air fresher တွေကို စူးရှပြင်းထန်တဲ့အနံ့မျိုး၊ ချိုအီပြီးလေးလံထိုင်းမှိုင်းစေတဲ့အနံ့မျိုးတွေထက် လတ်ဆတ်ပြီး ယဉ်ယဉ်လေးမွေးပျံ့တဲ့ရနံ့ပါဝင်တာကို ရွေးချယ်သင့်ပါတယ်။ တစ်နည်းပြောရရင်တော့ သဘာဝပစ္စည်းတွေကနေထုတ်လုပ်တဲ့ သဘာဝအမွှေးဆီမျိုးကို အသုံးပြုတာက သင့်ကားအတွင်းမှာရှိတဲ့ အနံ့အသက်နဲ့ပတ်ဝန်းကျင်ကို ပိုပြီးလန်းဆန်းကြည်နူးစရာဖြစ်ပါလိမ့်မယ်။ သင့်ပျံ့တဲ့သဘာဝအမွှေးနံ့နဲ့ ကားမောင်းရတဲ့ခံစားမှုဟာ သင့်အတွက်လွတ်လပ်ပေါ့ပါးတဲ့စိတ်ကြည်နူးမှုကို ပေးစွမ်းနိုင်မှာအသေအချာပါပဲ။ ဒါ့အပြင် ကားအတွင်းမှာ အဆင်သင့်သောက်သုံးနိုင်တဲ့ကော်ဖီ၊ လီမွန်တီးစတာတွေကိုလည်း ဆောင်ထားသင့်ပါတယ်။ ကော်ဖီမှာပါဝင်တဲ့ ကဖင်းဓာတ်ဟာ သင့်တော်တဲ့အတိုင်းအတာလောက်သာ အသုံးပြုမယ်ဆိုရင် စိတ်ကိုပိုပြီးတက်ကြွလန်းဆန်းနေအောင် စွမ်းဆောင်ပေးနိုင်ပါတယ်။ ဒါ့အပြင် သံပုရာရည်လိုဖျော်ရည်တွေကလည်း ကားမောင်းနေတဲ့သင့်ရဲ့စိတ်ကို ရွှင်လန်းပေါ့ပါးစေနိုင်ပါသေးတယ်။

အလုပ်ကို တတ်နိုင်သမျှစောစောသွားပါ

သင်ဟာ အလုပ်ကိုမော်တော်ကားမောင်းပြီးသွားတတ်တဲ့သူဆိုရင် မနက်ခင်းစောစောမှာ အိမ်ကထွက်ဖို့အကြံပေးပါရစေ။ မနက်စောစောမှာ ကြုံတွေ့ခံစားရတဲ့လေပြေလေညင်းတွေနဲ့ နေရောင်ဖျော့ဖျော့ကိုခံယူပြီး ကားမောင်းရတဲ့အရသာဟာ တစ်နေ့တာအလုပ်တွေနဲ့ ဗျာများနေမယ့်သင့်ရဲ့စိတ်အတွက် ကြိုတင်အားသစ်လောင်းထားသလိုဖြစ်စေပါလိမ့်မယ်။ နောက်တစ်ချက်က အလုပ်ချိန်မတိုင်မီ စောစောထွက်ခဲ့တာဖြစ်တဲ့အတွက် သင့်အနေနဲ့ ရုံးနောက်ကျမှာကို စိုးရိမ်ပူပန်စရာမလိုတာပါပဲ။ ဒါ့အပြင် မနက်စောစောမှာ လူသွားလူလာကလည်း ရှင်းလင်းနည်းပါးနေမှာဖြစ်တာကြောင့် စိတ်အေးအေးနဲ့ကားမောင်းနိုင်ပါသေးတယ်။ ဒါ့ကြောင့် အလုပ်ကို ကားမောင်းသွားမယ်ဆိုရင် မနက်စောစောအိမ်ကထွက်ခြင်းဟာ အလုပ်ကိစ္စအတွက်ရော၊ သင့်ရဲ့စိတ်ဖိစီးမှုကို လျှော့ချနိုင်ဖို့အတွက်ပါ အထောက်အကူပြုစေနိုင်ပါလိမ့်မယ်။

သီချင်းလေးညည်းရင်း ကားမောင်းပါ

ကားမောင်းရင်း မိုဘိုင်းဖုန်းပြောတာဟာ အန္တရာယ်များလွန်းလှတယ်ဆိုပြီး ယာဉ်စည်းကမ်းအရ တင်းကျပ်တဲ့တားမြစ်မှုတွေ ပြုလုပ်ထားပေမယ့် ကားမောင်းရင်းသီချင်းမဆိုရဘူးဆိုတဲ့ ကန့်သတ်ချက်တော့မရှိပါဘူး။ သီချင်းဆိုရာမှာလည်း ကားမောင်းရာမှာ အာရုံပျံ့လွင့်စေလောက်တဲ့အထိ အော်ကြီးဟစ်ကျယ်နဲ့ သီဆိုတာမျိုးကို ဆိုလိုတာမဟုတ်ပါဘူး။ နှုတ်ဖျားကအသံထွက်ရုံ၊ ကားမောင်းနေတဲ့ သင့်တစ်ကိုယ်စာ ကြားနိုင်ရုံလောက်ပဲ ညည်းဖို့အကြံပေးတာပါ။ စောစောကအကြံပြုခဲ့သလို သီချင်းအေးအေးလေးဖွင့်ထားတာမျိုးနဲ့ သဘောတရားချင်းအတူတူပါပဲ။ နောက်ဆုံးအနေနဲ့ အကြံပေးချင်တဲ့အချက်ကတော့ ကားမောင်းနေစဉ်မှာ သင့်စိတ်ကို အရှင်းလင်းဆုံးထားလိုက်တာက အန္တရာယ်အကင်းဆုံးဖြစ်သလို ပျော်ရွှင်စရာလည်းအကောင်းဆုံးဖြစ်လိမ့်မယ်ဆိုတာပါပဲ။ စိတ်ဖိစီးမှုကင်းကင်းနဲ့ လွတ်လပ်ပေါ့ပါးစွာကားမောင်းရတဲ့ ခံစားမှုမျိုးရရှိဖို့ အရာအားလုံးကိုလွှတ်ချပြီး အခုပဲ driver ထိုင်ခုံမှာဝင်ထိုင်လိုက်ပါ။

စာရေးသူ : ကိုဆွဲ (မုံရွာ) 

Latest News

ရန္ကုန္တိုင္းေဒသႀကီး သယ္ယူပို႔ေဆာင္ေရး...

Zawgyi Version ရန္ကုန္တိုင္းေဒသႀကီး သယ္ယူပို႔ေဆာင္ေရး ႀကီးၾကပ္ကြပ္ကဲမႈအာဏာပိုင္အဖြဲ႕ (YRTA) သို႔ ျပည္ပမွ ရင္းႏွီးျမွဳပ္ႏွံမႈမ်ား...

Read more »

ကုန္းေက်ာ္တံတားမွ လမ္းမကူးသူမ်ား၊...

Zawgyi Version ရန္ကုန္ၿမိဳ႕ ဆူးေလလမ္းမနဲ႔ အေနာ္ရထာလမ္းေထာင့္မွာရွိတဲ့ ကုန္းေက်ာ္တံတားေတြမွာ ရန္ကုန္တိုင္းေဒသႀကီး ယာဥ္အႏၱရယ္၊ လမ္းအႏၱရာယ္...

Read more »

ခရီးစဥ္အစအဆုံးကုိ က်ပ္တစ္ေထာင္ႏႈန္းျဖင့္...

Zawgyi Version ရန္ကုန္တုိင္းေဒသႀကီးအတြင္း ခရီးသြားလာမႈ လြယ္ကူအဆင္ေျပေစေရးအတြက္ YBS ခရီးသည္​ယာဥ္​လိုင္​းသစ္၊ ရန္ကုန္ၿမိဳ႕ပတ္ခရီးစဥ္​သစ္ကို...

Read more »

တစ္​ႏိုင္​ငံလံုးတြင္​ ၄ လအတြင္​း လိုင္​စင္​မဲ့...

Zawgyi Version တစ္​ႏိုင္​ငံလံုးအတိုင္​းအတာအရ ၂၀၁၉ ခုႏွစ္​ ၄ လတာကာလအတြင္​း တရားမဝင္​ စီးနင္​း​ေမာင္​းႏွင္​​ေနလ်က္​ရွိသည္​့...

Read more »

မီးသံေခါက္ျခင္းႏွင့့္ ပတ္သက္၍

Zawgyi Version သင့္ကား ဘာလုိ႕ မီးသံေခါက္တာလဲ? အခု ဂ်ပန္ တစ္ပတ္ရစ္ကားေလာကမွာ အျဖစ္အမ်ားဆံုး ျပႆနာေတြထဲက တစ္ခုကေတာ့ "တက္တက္တက္၊...

Read more »