3D ပုံတွေနဲ့ လမ်းပေါ်မှကားများကို အရှိန်လျော့မောင်းနှင်းရန် လုပ်ဆောင်သွားမယ့် အန္ဒိယ အစိုးရ
3d
Unicode Version
3d
အန္ဒိယနိုင်ငံရဲ့ ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီး Nitin Gadkari က သူတို့အနေနဲ့ မလိုအပ်ပဲ အရှိန်ပြင်းစွာ မောင်းနှင်းနေတဲ့ကားများကို အရှိန်လျော့စေရန်ရည်ရွယ်ပြီး 3D ဖောင်းကြွပုံများကို အသုံးပြုကာ ကားများ အရှိန်လျော့သွားအောင် ကြိုးစားနေကြောင်း ပြောကြားခဲ့ပါတယ်။
အန္ဒိယနိုင်ငံဟာ ကမ္ဘာပေါ်တွင် လမ်းပေါ်မှ မတော်မဆမှုများနှင့် အသေအပျောက်အများဆုံးနိုင်ငံဖြစ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းရဲ့ စစ်တမ်းကောက်ချက်များအရ လမ်းစည်းကမ်းလိုက်နာမှု မရှိခြင်းကြောင့် လူပေါင်း ၂သောင်းကျော်လောက် မတော်မဆမှုများဖြင့် သေဆုံးလျက်ရှိကြောင်း ထုတ်ပြန်ထားပါတယ်။ ဒါကြောင့် အမြင်ပိုင်းဆိုင်ရာ လှည့်စားနိုင်သော 3D ပုံများဖြင့် ကားမောင်းနှင်သူများကို အလိုအလျောက် အရှိန်လျော့မောင်နှင်းသွားအောင် ပြုလုပ်သွားမှာဖြစ်ပါတယ်။
အမြင်ပိုင်းဆိုင်ရာ လှည့်စားနိုင်တဲ့ အရှိန်လျော့ပုံများကို ပထမဆုံး စတင်အသုံးပြုခဲ့တာက တော့ အမေရိကန်နိုင်ငံ ဖီလာဒေးဖီးယားမှာဖြစ်ပြီး ၂ဝဝ၈ ခုနှစ်တွင် အရှိန်ပြင်းစွာ မောင်းနှင်တတ်သောသူများကို ဆန့်ကျင်သည့်ပွဲမှဖြစ်ပါတယ်။
ဒီစနစ်ကို တရုတ်နိုင်ငံတွင်လည်း စတင်အသုံးပြုဖို့ ကြိုးစားနေပါပြီ။
အနိ္ဒယနိုင်ငံရဲ့ မြို့တော်တွေဖြစ်တဲ့ Ahmedabad နဲ့ Chennai တွေမှာတော့ မနှစ်ကစတင်ပြီး 3D မျဉ်းကြားများကို အသုံးပြုလျက်ရှိနေပါပြီ။ Ahmedabad မှာဆိုရင် အမေနှင့် သမီး လူကူးမျဉ်းကြားတွင် လမ်းဖြတ်ကူးနေတဲ့ 3D ရုပ်ကြွပုံကို ၂ဝ၁၆ ရဲ့ ပြီးခဲ့တဲ့ လအနည်းငယ်အတွင်းက အသုံးပြုခဲ့ပါတယ်။ အရုပ်ရေးဆွဲပေးတဲ့ ပန်ချီဆရာတွေကတော့ ယာဉ်မောင်းနှင်သူများကို မိမိတို့မောင်းနှင်နေသော လမ်းများပေါ်တွင် အာရုံပိုစူးစိုက်နိုင်ရန် အတွက် ရည်ရွယ်ထားတယ်လို့ ပြောကြားခဲ့ပြီး ယင်းပုံများကို ယာဉ်တိုက်မှု အများဆုံး နေရာများတွင် အောင်မြင်စွာစမ်းသပ် ထားရှိပြီးဖြစ်ပါတယ်။
သို့သော်လည်း ယာဉ်မောင်နှင်သူများအတွက် ဒါဟာ အမြင်လှည့်စားမှုသာဖြစ်တယ်လို့ သိရှိပြီးတဲ့နောက် လစ်လျူရှုကြမှာပဲ လို့ ငြင်းခုံနေကြသလို လမ်းသွားလမ်းလာများအတွက်လည်း သိပ်အထောက်အကူမဖြစ်ဘူးလို့ ငြင်းခုံလျက်ရှိပါတယ်။
Reference : https://mashable.com/
Latest News
မော်​​တော်​ယာဉ်​ အမည်ပြောင်းလဲလျှင် ဆောလျင်စွာ...
For news 150x150
Zawgyi Version မော်​​တော်​ယာဉ်​ အမည်ပြောင်းလဲလျှင် ဆောလျင်စွာ လာရောက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အမည်ပေါက်သူတွင် သာ တာဝန်ရှိကြောင်းနှင့်...
Read more »
(ခ) လိုင်စင်နှင့် (င) လိုင်စင်ကိုင်ဆောင်သူများ...
Latest news1 13 150x150
Zawgyi Version မြန်​မာတစ်​ပြည်​လုံးတွင်​​ မောင်းနှင်​ခွင့်​ရှိ​သော (ခ) လိုင်စင်နှင့် (င) လိုင်စင် ကိုင်ဆောင်ထားသည့် ယာဉ်မောင်းများ အနေဖြင့်...
Read more »
အဲကွန်းမဖွင့်​​သော YBS ကားများ ​ယာဉ်​စီးခ...
Latest news1 12 150x150
Zawgyi Version ရန်​ကုန်​တိုင်း​အတွင်း ပြေးဆွဲလျှက်​ရှိ​နေသော ခရီးသည်​တင်​ YBS ကားများအနက် အဲယားကွန်းမဖွင့်​​ပဲ​ မောင်းေ​သာ ကားများနှင့်...
Read more »
ပိတ်​သိမ်းထား​ပြီး စာရင်းမရှင်း​နိုင်​သည့်...
Latest news1 12 150x150
Zawgyi Version ပိတ်​သိမ်းထား​ပြီး စာရင်းမရှင်း​နိုင်​သည့်​ ကားအ​ရောင်းစင်​တာ ၁၉ ခု ​ကို ထိ​ရောက်စွာ ​အ​ရေးယူသွားမည်ဖြစ်ကြောင်း...
Read more »
အ​ကောက်​ခွန်​ ဒဏ်​​ကြေးများ နိုင်​ငံဘဏ္ဍသို့...
23825675 2163404850378933 415467733 o 150x150
Zawgyi Version ပြည်​ပနိုင်ငံ​မှ တင်​သွင်းလာသည့်​ ​မော်​​တော်​ယာဉ်​များအား ​ကောက်​ခံ​ရရှိ​နေသည့် အ​ကောက်​ခွန်​ဒဏ်​​ကြေးများကို...
Read more »