• Home
  • Car News
  • စက်သုံးဆီဆိုင်များတွင် ဆီတန်းစီဝယ်ယူပြီး ပြင်ပတွင် လိုင်စင်မဲ့ ပြန်လည်ရောင်းချသူတွေကိုသတင်းပေး တိုင်ကြားနိုင်

စက်သုံးဆီဆိုင်များတွင် ဆီတန်းစီဝယ်ယူပြီး ပြင်ပတွင် လိုင်စင်မဲ့ ပြန်လည်ရောင်းချသူတွေကိုသတင်းပေး တိုင်ကြားနိုင်

  • 147 views

 

စက်သုံးဆီဆိုင်တွေမှာ ဆီတိုးဝယ်ယူပြီး ပြင်ပတွင် လိုင်စင်မဲ့ တစ်ဆင့်ပြန်လည်ရောင်းချသူတွေကို သတင်းပေးတိုင်ကြားနိုင်ပြီး သက်ဆိုင်ရာကတစ်ဆင့် အရေးယူမှုတွေ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအတွင်းရေးမှူးက ပြောပါတယ်။ 

ပြည်သူတွေအနေနဲ့ စက်သုံးဆီပြတ်လပ်မယ်ဆိုတဲ့ သတင်းတွေအပေါ် မယုံကြည်ဖို့နဲ့ လိုတာထက်ပိုပြီး စက်သုံးဆီတွေကို မဝယ်ဖို့ ၊ ဆီဆိုင်တွေမှာ ဆီတိုးပြီး ပြင်ပမှာ လိုင်စင်မဲ့ရောင်းချခြင်း၊ နေအိမ်၊ ခြံဝန်းနဲ့မည်သည့်နေရာတွင်မဆို ရောင်းချရင် အရေးယူမှုတွေလုပ်ဆောင်သွားမယ်လို့ နိုင်ငံပိုင်သတင်းစာ တွေမှာဖော်ပြထားပါတယ်။

(၂၀၁၇) ခုနှစ် ရေနံနှင့်ရေနံထွက်ထွက်ပစ္စည်းဆိုင်ရာ ဥပဒေပုဒ်မ(၃၀) အရ စက်သုံးဆီတွေကို လိုင်စင်မဲ့ သိုလှောင်တာ၊ သယ်ယူပို့ဆောင်တာ၊ ရောင်းချတာတွေကို စစ်ဆေးတွေ့ရှိရင် အနည်းဆုံးကျပ်(၃) သိန်းမှ၊ ကျပ်သိန်း(၅၀) ငွေဒဏ်ဖြစ်စေ၊ တစ်နှစ်ထက်မပိုတဲ့ ထောင်ဒဏ်ဖြစ်စေ၊ ပြစ်ဒဏ်နှစ်ရပ်လုံးဖြစ်စေ အရေးယူတာတွေခံရမယ့်အပြင် ၊ ပြစ်မှုကျူးလွန်ခြင်းနဲ့ဆိုင်တဲ့ ပစ္စည်းတွေကိုလည်း ပြည်သူ့ဘဏ္ဍာအဖြစ် အသိမ်းခံရမယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် ပြည်ပကမှာယူထားတဲ့ စက်သုံးဆီတင်သင်္ဘော(၆) စင်းဟာ သီလဝါဆိပ်ကမ်းမှာ ဆိုက်ကပ်ထားပြီး ဓာတ်ဆီတန်ချိန်(၂၅၀၀၀) ကျော်နဲ့ ဒီဇယ်တန်ချိန် (၅၀၀၀၀) ကျော် သက်ဆိုင်ရာသိုလှောင်ကန်တွေကို ဖြည့်တင်းနေပြီဖြစ်တယ်လို့ စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ အတွင်းရေးမှူးက ပြောပါတယ်။

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com