သဘာဝဓာတ်ငွေ့သုံး CNG ကားတွေကို စက်သုံးဆီမရောင်းချဖို့ ညွှန်ကြားချက်ထုတ်ပြန်
- 196 views
သဘာဝဓာတ်ငွေသုံး CNG ကားတွေဟာ တခြားနည်းလမ်းအသုံးပြုဖို့နဲ့ CNG တံဆိပ်တွေကိုခွာပြီး စက်သုံးဆီအရောင်းဆိုင်တွေမှာ တန်းဆီဝယ်ယူမှုတွေရှိနေတယ်လို့ စက်သုံးဆီတင်သွင်းသိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ အတွင်းရေးမှူး ဦးသန်းဇော်က ပြောပါတယ်။ အဲဒီ CNG ကားတွေကို စက်သုံးဆီမရောင်းချဖို့ ညွှန်ကြားချက်ထုတ်ပြန်ထားတယ်လို့လည်း ဆိုပါတယ်။
အဲဒီအခြေအနေတွေကြောင့် စက်သုံးဆီအသုံးပြုမောင်းနှင်ရတဲ့ အငှားယာဉ်မောင်းတွေအနေနဲ့ အခက်အခဲတွေ ဖြစ်ပေါ်နေတယ်လို့လည်း ၎င်းကဆိုပါတယ်။ လက်ရှိအခြေအနေမှာ စက်သုံးဆီသတင်း အချို့ကြောင့် ပြည်သူတွေအနေနဲ့ ဆီပြတ်မှာ စိုးရိမ်နေကြလို့ ပိုမိုဝယ်ယူနေကြပြီး အချိန်ကြာကြာ စောင့်ဆိုင်းဝယ်ယူနေရတဲ့ အခြေနေမှာရှိနေပါတယ်။
ရန်ကုန်သီလဝါဆိပ်ကမ်းမှာ ဆီတင်သင်္ဘောတွေ ဆိုက်ကပ်မှုရှိနေတဲ့အတွက် စက်သုံးဆီပြတ်လပ်မှာကို စိုးရိမ်စရာမလိုဘူးလို့လည်း နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြထားပါတယ်။
စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီအနေနဲ့ တစ်ရက်ကိုပျမ်းမျှ 92 ဂါလံ (၈သိန်း ၃သောင်း)ကျော်၊ 95 ဂါလံ (၂ သိန်း ၁ သောင်း)ကျော်၊ ရိုးရိုး ဒီဇယ်ဂါလံ (၇ သိန်း ၅ သောင်း)ကျော်နဲ့ ပရီမီယံဒီဇယ်ဂါလံ (၈ သိန်း ၉ သောင်း)ကျော် ဖြန့်ဖြူးထားတယ်လို့ဆိုပါတယ်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com