- Home
- Car News
- အင်္ဂလန်နိုင်ငံ ဝေလပြည်နယ်၏ မောင်းရအခက်ဆုံးလမ်း ၊ ၂ မိုင်မျှသာရှိသော လမ်းတွင် အမြန်နှုန်း ကန့်သတ်ချက် ၈ မျိုးရှိနေ
အင်္ဂလန်နိုင်ငံ ဝေလပြည်နယ်၏ မောင်းရအခက်ဆုံးလမ်း ၊ ၂ မိုင်မျှသာရှိသော လမ်းတွင် အမြန်နှုန်း ကန့်သတ်ချက် ၈ မျိုးရှိနေ
- 122 views
အင်္ဂလန်နိုင်ငံ ၊ ဝေလပြည်နယ် အကြီးအကဲ မာ့ခ် ဒရိတ်ဖို့ဒ်က အချို့သောလမ်းပိုင်းနေရာမျိုးတွင် တစ်နာရီ မိုင် ၂၀ နှုန်း ကန့်သတ်ချက် မကြာသေးမီက ထုတ်ပြန်လိုက်ရာ ဝေလပြည်နယ်ရှိ လမ်းတစ်ခုမှာ လမ်းအရှည် ၂ မိုင် ပင် မရှိသော်လည်း အမြန်နှုန်းကန့်သတ်ချက် ၈ မျိုးအထိ ရှိလာသည်။
ဝေလပြည်နယ် ၊ Vale of Glamorgan ခရိုင်၊ Aberthin ကျေးရွာရှိ A4222 လမ်းပိုင်းတွင် တစ်နာရီ မိုင် ၃၀ နှုန်းကန့်သတ်ထားပြီး ထိုလမ်းပိုင်းမှာ ပေ ၅၂၀ သာရှိကာ မောင်းနှင်ချိန် ၁၄ စက္ကန့်ခန့်သာရှိသည်။
Vale of Glamorgan ခရိုင် ကောင်စီက ပြောသည်မှာ အဆိုပါလမ်း၏ အမြန်နှုန်းကန့်သတ်ချက်မှာ ဝေလ ပြည်နယ် အစိုးရ၏ ဥပဒေနှင့်အညီ ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။
ဝေလပြည်နယ်တွင် အချို့နေရာများ၌ အမြန်နှုန်းကန့်သတ်ချက် တစ်နာရီမိုင် ၃၀ နှုန်းမှ မိုင် ၂၀ နှုန်းသို့ ယခုနှစ် စက်တင်ဘာတွင် ပြောင်းလဲခဲ့ပြီးနောက် ပြည်နယ်တလွှား သွားလာရသူတို့အကြား အမျက်ထွက်ခဲ့ကြသည်။
Aberthin ကျေးရွာလမ်းတွင် ၁ ဒသမ ၈ မိုင် (၂ ဒသမ ၉ ကီလိုမီတာ) မျှသာရှိသော လမ်းပိုင်း၌ တစ်နာရီမိုင် ၄၀ နှင့် မိုင် ၆၀ ကန့်သတ်ချက် အမျိုးမျိုး ပါဝင်နေသည်။
အမြန်နှုန်းကန့်သတ်ချက် ဆိုင်းဘုတ်သစ်များ ထောင်ရခြင်းအတွက် ဆိုင်းဘုတ်တစ်ခုလျှင် ပေါင် ၁၀၀၀ ဝန်းကျင် ကုန်ကျခဲ့သည်။
Aberthin ရွာသားတစ်ဦးဖြစ်သူ ဝီလျံက BBC သတင်းဌာနသို့ ပြောခဲ့သည်မှာ “ဒီမူက လုံးဝမှားယွင်းနေပါတယ်။ ဒါ အဓိပ္ပာယ်မရှိပါဘူး”ဟု ပြောသည်။
(ဝေလပြည်နယ် အကြီးအကဲ မာ့ခ် ဒရိတ်ဖို့ဒ်က အချို့သောလမ်းပိုင်းနေရာများတွင် တစ်နာရီ မိုင် ၂၀ နှုန်း ကန့်သတ်ချက် မကြာသေးမီက ထုတ်ပြန်လိုက်ရာ ဝေလပြည်နယ်ရှိ လမ်းတစ်ခုမှာ လမ်းအရှည် ၂ မိုင်ပင် မရှိသော်လည်း အမြန်နှုန်းကန့်သတ်ချက် ၈ မျိုးအထိ ရှိလာသည်။)
(ဝေလပြည်နယ် ၊ Vale of Glamorgan ခရိုင်၊ Aberthin ကျေးရွာရှိ A4222 လမ်းပိုင်းတွင် တစ်နာရီ မိုင် ၃၀ နှုန်း ကန့်သတ်ထားပြီး ထိုလမ်းပိုင်းမှာ ပေ ၅၂၀ သာရှိကာ မောင်းနှင်ချိန် ၁၄ စက္ကန့်ခန့်သာရှိသည်။)
“မိုင်နှုန်းပြဒိုင်ခွက်ကိုပဲ ကြည့်နေရတော့ တခြားယာဉ်မောင်းတွေကိုရော၊ လမ်းကိုရော အာရုံမစိုက်နိုင်တော့ ပါဘူး”ဟု ၎င်းက ဖြည့်စွက်ပြောကြားသည်။
ထိုဒေသတွင် ခွေးကလေးနှင့်အတူ လမ်းလျှောက်နေသူ ပီတာဝီလျံက ပြောသည်မှာ “လမ်းပိုင်းကလေး တစ်ခု ပေါ်မှာ အမြန်နှုန်းကန့်သတ်ချက် အပြောင်းအလဲတွေ အရမ်းများတာဟာ တကယ့်ကို စိတ်ရှုပ်စရာပါပဲ”ဟု ပြောသည်။
(Aberthin ကျေးရွာလမ်းတွင် ၁ ဒသမ ၈ မိုင် (၂ ဒသမ ၉ ကီလိုမီတာ) မျှသာရှိသော လမ်းပိုင်း၌ တစ်နာရီမိုင် ၄၀ နှင့် မိုင် ၆၀ ကန့်သတ်ချက် အမျိုးမျိုး ပါဝင်နေသည်။)
ယာဉ်မောင်းတို့က ပြောသည်မှာ ယခုဥပဒေများအရ တနေရာမှတနေရာသို့ လိပ်ကဲ့သို့သာ သွားနေရ ကြောင်း ပြောကြသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Is this Wales' most confusing road? Two-mile stretch has EIGHT speed changes - with drivers going from 20 to 30, 40 and 60mph - after Mark Drakeford's new limits were rolled out (dailymail)