- Home
- Car News
- ဒီဇင်ဘာလမကုန်ခင် စက်သုံးဆီသင်္ဘော(၂၇)စီး တင်သွင်းရန် ဆီတင်သွင်းသူများနှင့်ညှိနှိုင်းထား
ဒီဇင်ဘာလမကုန်ခင် စက်သုံးဆီသင်္ဘော(၂၇)စီး တင်သွင်းရန် ဆီတင်သွင်းသူများနှင့်ညှိနှိုင်းထား
- 94 views
ရန်ကုန်မြစ်ဝမှာ ဆီချဖို့စောင့်နေတဲ့ ဆီတင်သင်္ဘော(၉)စီး ရှိနေပြီး ဒီဇင်ဘာလမကုန်ခင် ပြည်ပကနေ စက်သုံးဆီတင်သင်္ဘော (၂၇) စီး တင်သွင်းဖို့ ဆီတင်သွင်းသူများနှင့် ညှိနှိုင်းထားတယ်လို့ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီကနေ သိရပါတယ်။ သီလဝါဆိပ်ကမ်းရှိ ဆီသိုလှောင်ခန်း(၈)ခုမှ ဆီသယ်ယာဉ်အစီးရေ (၁၅၀၀)မှ (၁၈၀၀)ကြားရှိ ဆီသယ်ယာဉ်များဖြင့် ဆီဖြန့်ဖြူးခြင်းလုပ်ငန်း လုပ်ဆောင်နေတယ်လို့လည်း ဆိုပါတယ်။
အခုဆီသယ်ဆောင်မှုလုပ်ငန်းတွေ ဆောင်ရွက်နေချိန် ရန်ကုန်အပါအဝင်မြို့ကြီးတွေမှာ ဆီဆိုင်တချို့ ခေတ္တပိတ်ထားရပေမယ့်လည်း အချိန်မီဖြည့်တင်းနိုင်ရေးလုပ်ဆောင်နေတယ်လို့လည်း စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီရဲ့ အတွင်းရေးမှူးက ပြောထားပါတယ်။
စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ အနေနဲ့ တစ်ရက်ကိုပျမ်းမျှ 92 ဂါလံ (၈သိန်း ၃သောင်း)ကျော်၊ 95 ဂါလံ (၂သိန်း၁သောင်း)ကျော် ၊ ရိုးရိုး ဒီဇယ်ဂါလံ (၇ သိန်း ၅ သောင်း)ကျော်နဲ့ ပရီမီယံဒီဇယ် ဂါလံ ( ၈ သိန်း ၉ သောင်း)ကျော် ဖြန့်ဖြူးထားတယ်လို့ဆိုပါတယ်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com