- Home
- Car News
- စက်သုံးဆီဝယ်ယူဖိုခက်ခဲနေပေမယ့် (92)အပါအဝင် ရန်ကုန်စက်သုံးဆီဈေးနှုန်းများအနည်းငယ်ကျဆင်း
စက်သုံးဆီဝယ်ယူဖိုခက်ခဲနေပေမယ့် (92)အပါအဝင် ရန်ကုန်စက်သုံးဆီဈေးနှုန်းများအနည်းငယ်ကျဆင်း
- 193 views
ရန်ကုန်မှာစက်သုံးဆီဝယ်ယူဖို့ စောင့်ဆိုင်းရတာတွေ သတ်မှတ်ပမာထက်ပိုဝယ်လို့မရတာတွေရှိနေတယ်လို့ ရန်ကုန်မြို့အငှားယာဉ်မောင်းတွေကပြောပါတယ်။ဒါပေမယ့် ဓာတ်ဆီအပါအဝင် ဒီဇယ်ဈေးနှုန်းတွေကတော့ဈေးအနည်းငယ်ကျဆင်းလာတယ်လို့ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်မှုကော်မတီကသိရပါတယ်။
စက်မှုလုပ်ငန်းရှင်တွေအနေနဲ့ မိမိတို့အစီစဉ်နဲ့ စက်သုံးဆီတင်သွင်းရမယ်လို့ ညွှန်ကြားချက်ထွက်ပေါ်လာပြီး ပြည်တွင်းစက်သုံးဆီဈေးအနည်းငယ်မြင့်တက်လာသလို စင်ကာပူနိုင်ငံရဲ့ဓာတ်ဆီဈေးတက်လာတာကြောင့်လည်းဈေးအနည်းငယ်မြင့်တက်လာတာဖြစ်ပါတယ်။လက်ရှိအချိန်မှာ သတင်းတွေပေါ်မူတည်ပြီး စက်သုံးဆီပြတ်လတ်နိုင်တာ ၊ ဈေးမြင့်တက်နိုင်တဲ့အတွက် စိုးရိမ်ပြီးလိုအပ်တာထက်ပိုဝယ်မှုတွေရှိနေတယ်လို့ နိုင်ငံမီဒီယာတွေကကြေငြာထားပါတယ်။
လတ်တလောမှာ ဆီတင်သင်္ဘော(၁၀)စီးဟာပင်လယ်ဝတွင်လည်းကောင်း ဆီတင်သင်္ဘော(၃)စီးဟာ သီလဝါဆိပ်ကမ်းမှာလည်းကောင်း ဆီချနိုင်ရန်အသင့်စောင့်ဆိုင်းနေကြတယ်လို့ နိုင်ငံမီဒီယာတွေကကြေငြာထားပါတယ်။
လက်ရှိရန်ကုန်မြို့ရဲ့ စက်သုံးဆီဈေးနှုန်းတွေဟာ (92) Ron တစ်
လီတာကို ငွေကျပ်(၂၄၆၅)ကျပ် ၊ (95) Ron တစ်လီတာကို ငွေကျပ်(၂၅၇၅)ကျပ် ၊ ဒီဇယ်တစ်လီတာကို ငွေကျပ် ( ၂၂၁၅)ကျပ်နဲ့ ပရီမီယံဒီဇယ်တစ်လီတာကို ငွေကျပ်(၂၂၇၀)ကျပ်ရည်ညွှန်းသတ်မှတ်ထားတယ်လို့ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်မှုကော်မတီကသိရပါတယ်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com