- Home
- Car News
- Tesla ထုတ် ပထမဆုံး Cybertruck ၁၂ စီးကို ဝယ်ယူသူများလက်သို့ Elon Musk က်ိုယ်တိုင် ကားတံခါးဖွင့်ပေးကာ အပ်နှံ
Tesla ထုတ် ပထမဆုံး Cybertruck ၁၂ စီးကို ဝယ်ယူသူများလက်သို့ Elon Musk က်ိုယ်တိုင် ကားတံခါးဖွင့်ပေးကာ အပ်နှံ
- 176 views
Tesla သည် အနာဂတ်ဆန်သော Cybertruck များ ထုတ်လုပ်နိုင်ရန် ၄ နှစ်ခန့် နှောင့်နှေးခဲ့ရပြီးနောက် တိုက်ရိုက် Live လွှင့်ပြသသော အခမ်းအနားဖြင့် Elon Musk က ပထမဆုံး ဝယ်ယူသူ ၁၂ ဦးထံ ကားသော့များ အပ်နှံလိုက်ပြီ ဖြစ်သည်။
Live လွှင့်ပြသမှု ပြီးဆုံးပြီး မကြာမီတွင် Tesla က Cybertruck ၏ ဈေးနှုန်းသစ်ကို ၎င်းတို့၏ ဝက်ဘ်ဆိုက်တွင် ထုတ်ပြန်ခဲ့သည်။
မူလဈေးနှုန်းထက် ၂ ဆနီးပါးမြင့်မားနေပြီး မူလက ကန်ဒေါ်လာ ၃၉၉၉၉ သတ်မှတ်ခဲ့ရာမှ ယခုအခါ ကန်ဒေါ်လာ ၆၀၉၉၀ အထိ တိုးမြှင့်သတ်မှတ်ထားသည်။
ပိုင်ရှင်များထံ ကားအပ်နှံပွဲကို အမေရိကန်ပြည်ထောင်စု ၊ တက္ကဆပ်ပြည်နယ် ၊ အော်စတင်မြို့ရှိ Tesla ၏ Gigafactory တွင် ကျင်းပခဲ့ခြင်းဖြစ်သည်။
၂၅ မိနစ်ကြာမြင့်ခဲ့သည့် ထိုအခမ်းအနားတွင် Elon Musk က ဈေးတက်သွားခြင်းအကြောင်းကို ထုတ်ဖော် ပြောကြားခဲ့ခြင်း မရှိချေ။
(Elon Musk က ကားဝယ်ယူထားသည့် ၁၀ ဦးကို စင်မြင့်ပေါ်သို့ ဖိတ်ခေါ်ကာ ကိုယ်တိုင်ကားတံခါးဖွင့်ပေးပြီး အပ်နှံခဲ့သည်။)
(ကားကို စတီးပြားများဖြင့် ပြုလုပ်ထားပြီး ကြမ်းခင်းအကျယ် အလျား ၆ ပေ အကျယ် ၄ ပေရှိကာ ပေါင် ၂၅၀၀၀ အထက် သယ်ဆောင်နိုင်ပြီး Ground Clearance ၁၇ လက်မ ရှိသည်။)
“ဒီကားက လမ်းပေါ်မှာ အထူးခြားဆုံးပါပဲ။ နောက်ဆုံးတော့ အနာဂတ်ဟာ အနာဂတ်နဲ့ပဲ တူပါလိမ့်မယ်”ဟု Elon Musk က ပြောသည်။
Elon Musk က Tesla ၏ ဒီဇိုင်းဌာနအကြီးအကဲ Franz Von Holshausen အားဖိတ်ခေါ်ကာ ကားမှန်ကို ဘေ့စ်ဘော ဘောလုံးဖြင့် ပစ်ပေါက်စမ်းသပ်စေရာ မှန်မကွဲဘဲ ပြန်ကန်ထွက်လာသည်ကို တွေ့ရသည်။
၂၀၁၉ ခုနှစ်အတွင်း Franz Von Holshausen က ဤကားမှန်ကို သတ္တုလုံးတစ်ခုဖြင့် စမ်းသပ်ပစ်ခတ်ခဲ့ရာ ထိုစဉ်က ကားမှန်ကွဲသွားခဲ့ဖူးသည်။
Elon Musk က ကိုယ်တိုင်ကားတံခါး ဖွင့်ပေးကာ Cybertruck အတွင်းသို့ ဝင်ရန် ဖိတ်ခေါ်ချိန်တွင် ကားဝယ်ယူ ထားသူ ၁၂ ဦးမှာ ပြုံးနေကြပြီး ယင်းနောက်တွင် Tesla ဝန်ထမ်းတစ်ဦးက စင်ပေါ်မှ မောင်းထွက်ပေးခဲ့သည်။
(Elon Musk ကိုယ်တိုင် ကားတံခါးဖွင့်ပေးချိန်တွင် ကားပိုင်ရှင်များ ပြုံးနေခဲ့သည်။)
Cybertruck ၏ ကိုယ်ထည်ကို Tesla က ထုတ်လုပ်သော Stainless Steel ဖြင့် ပြုလုပ်ထားကြောင်း Elon Musk က ပြောသည်။
All-wheel drive ၏ ဈေးနှုန်းမှာ ကန်ဒေါ်လာ ၇၉၉၉၀ ဖြစ်ပြီး ၊ Cyberbeast ၏ ဈေးနှုန်းမှာ ကန်ဒေါ်လာ ၉၉၉၉၀ ဖြစ်သည်။
(ဥမင်ထဲမှ Cybertruck များ စင်မြင့်ပေါ်သို့ ရောက်လာပုံ။)
(Specification )
-နောက်ယက်၏ ခန့်မှန်းဈေးနှုန်း -၆၀၉၉၀ ဒေါ်လာ
-မောင်းနှင်နိုင်မည့်ခရီး-မိုင် ၂၅၀
-0 to 60mph ကို ၆ ဒသမ ၅ စက္ကန့်အတွင်း ရရှိနိုင်
All Wheel Drive ခန့်မှန်းဈေးနှုန်း- ၇၉၉၉၀ ဒေါ်လာ
0 to 60 mph ကို ၄ ဒသမ ၁ စက္ကန့်အတွင်းရရှိနိုင်
မောင်းနိုင်မည့်ခရီး -မိုင် ၃၄၀
အမြင့်ဆုံးမြန်နှုန်း-၁၁၂ မိုင်
မြင်းကောင်ရေ-၆၀၀
ရုန်းအား-၇၄၃၅ lb-ft
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Off to the races! Elon Musk hands first 12 Cybertruck customers the keys and watches them drive out of the lot four years after futuristic EV was first
announced (but Tesla quietly doubles the starting price to $61,000) (dailymail)