- Home
- Car News
- Nissan က ဗြိတိန် EV နယ်တွင် ပေါင် ၂ ဘီလီယံ ရင်းနှီးမြှုပ်နှံသွားမည်ဟု အတည်ပြု ထုတ်ပြန်
Nissan က ဗြိတိန် EV နယ်တွင် ပေါင် ၂ ဘီလီယံ ရင်းနှီးမြှုပ်နှံသွားမည်ဟု အတည်ပြု ထုတ်ပြန်
- 82 views
Nissan ကုမ္ပဏီသည် ဗြိတိန်၏ EV နယ်တွင် ပေါင် ၂ ဘီလီယံ ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း နိုဝင်ဘာ ၂၄ ရက် မနက်ပိုင်းတွင် အတည်ပြုခဲ့သည်။
ဗြိတိန်ရှိ Sunderland စက်ရုံတွင် EV မော်ဒယ်သစ် ၂ ခုနှင့် next-generation Nissan Leaf မော်ဒယ်တို့ကို ထုတ်လုပ်သွားမည် ဖြစ်သည်။
အင်္ဂလန်နိုင်ငံ အရှေ့မြောက်ပိုင်း Sunderland မြို့ရှိ စက်ရုံမှာ ၁၉၈၆ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ ထိုစက်ရုံတွင် Qashqai နှင့် Juke crossover လျှပ်စစ်ကား မော်ဒယ်သစ် ၂ မျိုး ထုတ်လုပ်သွားရန် စီစဉ်လာခြင်း ဖြစ်သည်။
ယခုအစီအစဉ်အတွက် Nissan က တိုက်ရိုက်ပါဝင် ရင်းနှီးမြှုပ်နှံမည်မှာ ပေါင် ၁ ဒသမ ၁၂ ဘီလီယံဖြစ်ပြီး ကျန်ပမာဏကို ဘက်ထရီ supplier ဖြစ်သော AESC ကဲ့သို့ မိတ်ဖက်များက ပါဝင်ရင်းနှီးမြှုပ်နှံမည် ဖြစ်သည်။
ဘက်ထရီထုတ်လုပ်ရေးစက်ရုံတစ်ခုပါဝင်မည့် ယခုရင်းနှီးမြှုပ်နှံမှုတွင် အစိုးရ၏ ကျောထောက်နောက်ခံပေးမှု ကြီးမားစွာ ပါဝင်သော်လည်း ထိုအချက်အလက်များကို အများပြည်သူသို့ ထုတ်ပြန်ကြေညာခြင်း မရှိချေ။
ဤရင်းနှီးမြှုပ်နှံမှုသည် Nissan ၏ EV36Zero အမည်ရှိ စီမံကိန်း အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးစေရုံမျှမက အင်္ဂလန် အရှေ့မြောက်ပိုင်းအပြင် ဗြိတိန်တဝန်းလုံးရှိ supply chain တစ်ခုလုံးအတွက် အလုပ်အကိုင် ထောင်ပေါင်းများစွာ ဖန်တီးပေးနိုင်မည်လည်း ဖြစ်သည်။
(ဗြိတိန်တွင် Nissan က ပေါင် ၂ ဘီလီယံ ရင်းနှီးမြှုပ်နှံရန် အတည်ပြုထားသည်။ ပုံတွင်တွေ့ရသည်မှာ Sunderland စက်ရုံဖြစ်သည်။)
(Sunderland စက်ရုံတွင် Juke (ယာ) ၊ Qashqai (အလယ်) လျှပ်စစ်ကားများနှင့် Next-Generation Leaf EV (ဝဲ) တို့ကို ထုတ်လုပ်သွားမည်ဟု Nissan အကြီးအကဲများက အတည်ပြုထားသည်။)
အဆိုပါ အစီအစဉ်များကို Sunderland စက်ရုံတွင် ကြေညာခဲ့ခြင်းဖြစ်ပြီး Nissan ၏ ဥက္ကဌ ၊ စီအီးအို မကို့တို့ ယုချိဒက “လျှပ်စစ်ကားတွေဟာ ကာဗွန်ထုတ်လွှတ်မှု မရှိဖို့ဆိုတဲ့ ကျွန်တော်တို့ စီမံကိန်းတွေရဲ့ ဗဟိုချက်မှာ ရှိနေပါတယ်”ဟု ပြောသည်။
“ဥရောပ မော်ဒယ်တွေအတွက် EV Version ထုတ်လုပ်မှုနှင့်အတူ Nissan အတွက် ၊ ကားနယ်ပယ်အတွက် ၊ ကျွန်တော်တို့ရဲ့ Customer တွေအတွက် ခေတ်သစ်တစ်ခုစီ အရှိန်အဟုန်မြင့် ချီတက်လာနေပါတယ်။”
“ကျွန်တော်တို့ရဲ့ ဗြိတိန်က ထုတ်လုပ်ရေးအဖွဲ့ဟာ အနာဂတ် ကားတွေကို ဒီဇိုင်းဆွဲခြင်း ၊ထုတ်လုပ်ခြင်းတွေ လုပ်ဆောင်သွားမှာဖြစ်ပြီး ဥရောပမှာ Nissan အတွက် လျှပ်စစ်ကားအနာဂတ်ဆီကို ချီတက်သွားမှာ ဖြစ်ပါ တယ်။”
ယခုကြေညာချက်သည် ဗြိတိန်ရှိ Nissan ရှိ ဝန်ထမ်းပေါင်း ၇၀၀၀ နှင့် ဗြိတိန်ရှိ Supply Chain မှ အလုပ်အကိုင်နေရာပေါင်း ၃၀၀၀၀ အတွက် သတင်းကောင်းဖြစ်ကြောင်း Nissan က ထုတ်ပြန်သည်။
(သောကြာနေ့မနက်က Sunderland စက်ရုံသို့ ဗြိတိန်ဝန်ကြီးချုပ် အလည်အပတ် ရောက်ရှိခဲ့ပုံ။)
(Sunderland စက်ရုံကို ၁၉၈၆ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည်။)
(ယခုကြေညာချက်သည် ဗြိတိန်ရှိ Nissan ရှိ ဝန်ထမ်းပေါင်း ၇၀၀၀ နှင့် ဗြိတိန်ရှိ Supply Chain မှ အလုပ်အကိုင် နေရာပေါင်း ၃၀၀၀၀ အတွက် သတင်းကောင်းဖြစ်ကြောင်း Nissan က ထုတ်ပြန်သည်။)
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Nissan confirms £2bn EV investment in Britain: Electric Qashqai, Juke and Leaf to be made in Sunderland (dailymail)