ဒိုင်နာနှင့် ဟိုင်းလတ်ကားများ ပြေးဆွဲနေသော ခရီးသည်တင်ယာဉ်လိုင်း ၂၆ လိုင်းစတင်ဖျက်သိမ်း

bus
ခရီးသည်ယာဉ်လိုင်းများဖြစ်သော ဒိုင်နာနှင့် ဟိုင်းလတ်ကားများဖြင့် ပြေးဆွဲနေသော ယာဉ်လိုင်း ၂၆ လိုင်းကို ပြေးဆွဲခွင့်ဖျက်သိမ်းနေပြီဖြစ်ကြောင်း အများပြည်သူသယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့၏ တာဝန်ရှိသူတစ်ဦးထံမှသိရသည်။ အဆိုပါ ခရီးသည်တင်ယာဉ်လိုင်း ၂၆ လိုင်းကို ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ဖျက်သိမ်းခဲ့ပြီး ထပ်မံ၍ ယာဉ်အစီးရေ နည်းပါးနေပြီး ပြန့်ကျဲနေသော ယာဉ်လိုင်းများကို တစ်ခြားယာဉ်လိုင်းထဲဝင်ရောက်ပူးပေါင်းပြေးဆွဲသွားမည်ဖြစ်သည်။
"အခုလက်ရှိမှာ ယာဉ်အစီးရေ နည်းပါးပြီး ယာဉ်လိုင်းတွေပြန်ကျဲနေတာကို စုစည်းသွားမှာဖြစ်တဲ့အတွက် ဖောင်းပွနေတဲ့ ယာဉ်လိုင်း ၂၆ လိုင်းဖျက်သိမ်းသွားမှာပါ။ နောက်ပိုင်းလည်း ထပ်ပြီး ဖျက်သိမ်းသွားမယ့် ယာဉ်လိုင်းတွေရှိပါတယ်။ ယာဉ်လိုင်း ၅၀ လောက်ပဲထားရှိဖို့ စီစဉ်ထားပါတယ်။" ဟု အများပြည်သူသယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့မှတာဝန်ရှိသူတစ်ဦးကပြောသည်။
ယခုဖျက်သိမ်းသွားမည့် ယာဉ်လိုင်းများတွင် မကြာမခဏတိမ်းမှောက်လျက်ရှိသော ဒိုင်နာယာဉ်နှင့် ဟိုင်းလတ်ယာဉ်လိုင်းအများဆုံးပါဝင်ကြောင်းသိရသည်။ ရန်ကုန်တိုင်း ဒေသကြီးသယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့အနေဖြင့် ခရီးသည်တင်ယာဉ်လိုင်းများ၏ ပြေးဆွဲမှုစနစ်ကျစေရန် လုပ်ဆောင်လာပြီး အများပိုင်ကုမ္ပဏီဖွဲ့စည်းရန်ကိုလည်း လုပ်ဆောင်နေလျှက်ရှိသည်။
ခေတ်သစ်

Latest News

"လမ်းအန္တရာယ်ကင်းရှင်းဖို့...

Crowded yangon 150x150

ရန်​ကုန်​မြို့ တွင်​ လမ်းအန္တရာယ်ကင်းရှင်းရေးအတွက် မိမိကိုယ်တိုင်စတင်စို့ ဆိုသော လှုပ်ရှားမှုတစ်ခုကို ဧပြီလ ၄ ရက်​တွင် ​မဟာဗန္ဓုလပန်းခြံရှေ့တွင်...

Read more »

အခွန်​နှူန်းထားများတိုးမြှင့် ချက်ေ​ကြာင့်...

Car shipping 150x150

ပြည်​ပမှတင်​သွင်းလာ​သည့်​ ​မော်​​တော်​ယာဉ်​များကို ဆိပ်​ကမ်း​ရောက်​တန်​ဖိုးမြင့်​လာခြင်း၊ မိုဒယ်​သတ်​မှတ်​ချက်​အရ ဘယ်​​မောင်း...

Read more »

လိုက်ထရပ် ​​​နှင့်​ ထရပ်​ ဇုန်ထုတ်​​ကားများ...

Sfdgrgr 150x150

လိုက်ထရပ်​​​နှင့်​ ထရပ်​ ဇုန်ထုတ်​​ကားများ လက်​ကျန်​အင်​ဂျင်​ ၂၀၀ ​ကျော်​ရှိရာ ထိုကားများကို စက်​မှူဇုန်​ အဖြစ်​ထုတ်​လုပ်​မည်ဖြစ်​၍...

Read more »

ကနဦးမှတ်​ပုံတင်​​ငွေခန်းကို ဧပြီ ၃ ရက်​...

Grewgwreg 150x150

မော်​​တော်​ယာဉ်​များကနဦးမှတ်​ပုံတင်​လုပ်​ငန်း​ဆောင်​ရွက်​သည့်​ ​ငွေခန်းကို ဧပြီ ၃ ရက်​တွင်​ပြန်​လည်​လုပ်​​ဆောင်​​ပေးသွားမှာဖြစ်​တယ်​လို့...

Read more »

သင်္ကြန်​ရက်​များတွင်​ ကားတင်​သွင်းသည့်​...

Gege 150x150

ကားတင်​သွင်းသည့်​ လိုင်​စင်လျှောက်​ထားခြင်း သင်္ကြန်​ရက်​များတွင်​လည်း လုပ်​​ဆောင်​​​​​ပေးသွားမည်​ဖြစ်​တယ်​လို့...

Read more »
Download Android App