၂၀၁၃-၂၀၁၄ မိုဒယ် Brand New ကားများကို ညာမောင်း တင်သွင်းလာပါက သက်ဆိုင်ရာ ကုန်ပို့နိုင်ငံသို့ ပြန်လည်ပို့ဆောင်ရမည်

၂၀၁၃ မိုဒယ်(Reconditioned Brand New )နှင့် ၂၀၁၄ မိုဒယ် (Brand New) မော်တော်ယာဉ်များကို ညာမောင်း(Right Hand Drive)ဖြင့် တင်သွင်းလာပါက သက် ဆိုင်ရာ ကုန်ပို့နိုင်ငံသို့ ပြန်လည် ပို့ဆောင်ရမည် ဖြစ်ကြောင်း ‘မော်တော်ယာဉ် တင်သွင်းခွင့်ဆိုင်ရာ ကြီးကြပ်ရေးကော်မတီ’မှ အသိပေး ကြေညာခဲ့သည်။


left-hand-cars


၂၀၁၄ ခုနှစ် အတွက်အသစ် ထုတ်ပြန်ခဲ့သော CIF တန်ဖိုးသစ်တွင် လူပုဂ္ဂိုလ်တစ်ဦးချင်း အစီအစဉ်အရ မော်တော်ယာဉ်ပါမစ် လျှောက်ထားသူများအား ၂၀၁၃ မိုဒယ်နှင့် ၂၀၁၄ မိုဒယ် မော်တော်ယာဉ်များကို တင်သွင်းပါက ဘယ်မောင်း ကားများကိုသာ ခွင့်ပြုမည် ဖြစ်ကြောင်း ဇန်န၀ါရီ ၂၇ ရက်က မော်တော်ယာဉ် တင်သွင်းခွင့်ဆိုင်ရာ ကြီးကြပ်ရေး ကော်မတီမှ ကြေညာချက် ထုတ်ပြန်ခဲ့သည်။ Brand New ကားများကို ဘယ်မောင်းများသာ တင်သွင်းခွင့်ပြုမည် ဖြစ်သောကြောင့် ညာမောင်းများ တင်သွင်းလာပါက သက်ဆိုင်ရာ ကုန်ပို့နိုင်ငံသို့ ပြန်လည် ပို့ဆောင်ရမည် ဖြစ်ကြောင်း သိရသည်။ Brand New ကားများ တင်သွင်းရာ၌ ဘယ်မောင်း တစ်မျိုးတည်း ကိုသာခွင့်ပြုပေးခြင်း နှင့်ပတ်သက်၍ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက “Brand New လို့ သတ်မှတ်ထားတဲ့ ၂၀၁၃-၂၀၁၄ မိုဒယ်ကား တွေကို ဘယ်မောင်း တစ်မျိုးတည်းပဲ တင်သွင်းခွင့် ပေးမှာဖြစ်ပါတယ်၊ မြန်မာနိုင်ငံရဲ့ လမ်းအနေအထားအရ ဘယ်မောင်းကားတွေကိုပဲ အသုံးပြုဖို့ သင့်တော်တဲ့ အတွက် ၂၀၁၃ မိုဒယ်ကို Brake ထားပြီးတော့ ဘယ်မောင်းတွေကိုသာ တင်သွင်းခွင့်ပေးဖို့ စီစဉ်ထားပါတယ်၊ ဒီလို ၂၀၁၃ မိုဒယ်ကို Brake ထားပြီး ဘယ်မောင်းတွေကိုပဲ တင်သွင်းခွင့်ပေးမယ်ဆိုရင် လာမယ့်နှစ် (၂၀) မှာ ဘယ်မောင်းကားတွေပဲ ရှိလာတော့မှာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။


 

Ref: Automobile

Latest News

လာမည့်​နှစ်​တွင်​ ယာဉ်​အိုယာဉ်​​ဟောင်း ...

Old car 150x150

လာမည့်​နှစ်​တွင်​ ယာဉ်​အိုယာဉ်​​ဟောင်း စလစ်​ကပ်​တင်​သွင်းမှူစနစ်​အား အခြားစနစ်​တစ်​ခုနဲ့ ​ပြောင်းလဲသွားမှာ ဖြစ်​တယ်​လို့...

Read more »

ဝန်ကြီး​ဌာနမှ လုပ်ကိုင်ေ​​​​သာ...

Insurance 2 150x150

ဝန်​ကြီးဌာနများတွင်​ လုပ်​ကိုင်​​နေ​သောအာမခံလုပ်ငန်းများကိုပုဂ္ဂလိကသို့လုပ်ပိုင်ခွင့်ပေးသွားမှာဖြစ်တယ်လို့ ​စီမံကိန်းနှင့် ဘဏ္ဍာရေး ၀န်ကြီးဌာန...

Read more »

ရန်ကုန်နှင့် မန္တလေး မြို့များအား...

Train 5 150x150

ရန်ကုန်-မန္တလေးကို မြို့ကြီးများအား ကုန်​စည်​စီးဆင်းမှူလွယ်​ကူသက်သာ​​စေရန်​ ကွန်တိန်နာ​ထောင်ချီ သယ်ဆောင်နိုင်ေ​​သာ ရထားများ...

Read more »

တစ်​နိုင်​တစ်​ပိုင်​ကုန်​ပစ္စည်းသယ်​ယူရန်​...

Hijet 150x150

တစ်​နိုင်​တစ်​ပိုင်​ ကုန်​ပစ္စည်းသယ်​ယူရန်​နဲ့ မိုးတွင်းမ​ရောက်​မှီ သွားလာ​ရေးအတွက်​ လိုအပ်​လာသဖြင့်​ နယ်​ဝယ်​လက်​များမှာ Hijet ကား​လေးများ...

Read more »

ယာဉ်​စီးခပိုမို​ကောက်​ခံ​နေ​သော YBS ...

Ybs 150x150

ယာဉ်​စီးခပိုမို​ကောက်​ခံ​နေ​သော YBS ယာဉ်​လိုင်းမှ ယာဉ်​လုပ်​သားများကို ​ထိ​ရောက်စွာ​အ​ရေးယူသွားမှာဖြစ်​တယ်​လို့ ရန်​ကုန်​တိုင်း​ဒေသကြီး...

Read more »
Download Android App