ကားေဟာင္းစလစ္ျဖင့္ ႏွစ္အလိုက္မိုဒယ္ ျပန္လည္တင္သြင္းရာ၌ လာမည့္ ၂၀၁၅ ခုႏွစ္တြင္ ျပည္တြင္းသို႔ ၂၀၀၃ မွ ၂၀၀၉ ခုႏွစ္မိုဒယ္ယာဥ္မ်ား တင္သြင္းလာႏုိင္ဟု ေမာ္ေတာ္ယာဥ္လုပ္ငန္းရွင္မ်ားသံုးသပ္


ယာဥ္အို၊ ယာဥ္ေဟာင္းအပ္ႏွံမႈ စလစ္ျဖင့္ ႏွစ္အလိုက္မိုဒယ္ ျပန္လည္တင္သြင္းရာ၌ လာမည့္ ၂၀၁၅ ခုႏွစ္တြင္ ျပည္တြင္းသို႔ ၂၀၀၃ မွ ၂၀၀၉ ခုႏွစ္မိုဒယ္အထိ ေမာ္ေတာ္ယာဥ္မ်ား တင္သြင္းလာႏိုင္ေၾကာင္း ျပည္တြင္း ေမာ္ေတာ္ယာဥ္လုပ္ငန္းရွင္မ်ားက ခန္႔မွန္း သံုးသပ္ေျပာၾကားခဲ့သည္။2009-M-Cars
ေမာ္ေတာ္ယာဥ္မူ၀ါဒ ေပၚလစီေျပာင္းလဲမႈကို ၿပီးခဲ့သည့္ ၂၀၁၁ ခုႏွစ္၊ စက္တင္ဘာလတြင္ စတင္ခဲ့ျခင္းျဖစ္ၿပီး ႏွစ္အလိုက္မိုဒယ္ တင္သြင္းမႈမ်ားကိုလည္း တစ္ႏွစ္ထက္ တစ္ႏွစ္ မိုဒယ္ခုႏွစ္ကို တိုးျမႇင့္ သတ္မွတ္ခဲ့ေၾကာင္း၊ ယင္းတို႔အနက္ လာမည့္ ၂၀၁၅ ခုႏွစ္တြင္ ႏွစ္အလိုက္ မိုဒယ္တင္သြင္းမႈမွာ ၂၀၀၃ မိုဒယ္မွ ၂၀၀၉ မိုဒယ္အထိ ယာဥ္ မ်ား တင္သြင္းႏိုင္ရန္ ခန္႔မွန္း ထားေၾကာင္း ေမာ္ေတာ္ယာဥ္ လုပ္ငန္းရွင္မ်ားက သံုးသပ္ေျပာၾကားခဲ့သည္။ “လုပ္ငန္းရွင္ေတြကေတာ့ ဒီ လိုခန္႔မွန္းၾကတာပဲ၊ ျမန္မာႏိုင္ငံရဲ႕ ေမာ္ေတာ္ယာဥ္မူ၀ါဒက အေျပာင္းအလဲျမန္ေတာ့ အၿမဲေစာင့္ၾကည့္ေန တဲ့သေဘာပဲ၊ ဒါကို အသင္းအေနနဲ႔ သက္ဆိုင္ရာ၀န္ႀကီးဌာနနဲ႔ ေဆြးေႏြးေနတာ ရွိတယ္၊ အတတ္ ႏိုင္ဆံုးကေတာ့ ေအာက္ကား မသြင္းေစခ်င္တဲ့ သေဘာပဲ၊ အခုဆို ျမန္မာႏိုင္ငံက ကားအေဟာင္း၀ယ္တဲ့ အမိႈက္ပံုျဖစ္ေနတယ္၊ ဒါကိုလည္း သေဘာမက်ၾကဘူး၊ ဒါကို ျပင္ဆင္ခ်င္တဲ့အတြက္ မိုဒယ္တိုးျမႇင့္ၿပီး သြင္းခြင့္ေပးရင္ ေအာက္ကားတင္သြင္းမႈ ေလ်ာ့နည္းလာမယ္၊ ျဖစ္လာမယ္ဆိုရင္ေတာ့ ေကာင္းမွာပါ” ဟု ျမန္မာႏိုင္ငံ ေမာ္ေတာ္ ယာဥ္ ထုတ္လုပ္တင္သြင္းမႈႏွင့္ ကုန္သြယ္မႈ လုပ္ငန္းရွင္မ်ားအသင္းမွ တာ၀န္ရွိသူတစ္ဦးက ေျပာၾကားခဲ့သည္။ ကားေဟာင္းစလစ္အပ္၍ ႏွစ္အလိုက္မိုဒယ္ ျပန္လည္ တင္သြင္းမႈ တြင္ ၂၀၁၂ ခုႏွစ္၌ ၁၉၉၆ မိုဒယ္ မွ ၂၀၀၆ မိုဒယ္အထိ၊ ၂၀၁၃ ခုႏွစ္တြင္ ၁၉၉၇ မိုဒယ္မွ ၂၀၀၇ မိုဒယ္အထိ၊၂၀၁၄ ခုႏွစ္တြင္ မို ဒယ္ခုႏွစ္အလိုက္ သံုးႏွစ္ ေက်ာ္၍ ၂၀၀၀ မွ ၂၀၀၈ မိုဒယ္အထိ တင္သြင္းခြင့္ ျပဳခဲ့ေၾကာင္း၊ လာမည့္ ၂၀၁၅ ခုႏွစ္တြင္ ၂၀၀၃ မွ ၂၀၀၉ မိုဒယ္အထိ တင္သြင္းခြင့္ျပဳႏိုင္ေၾကာင္း သိရသည္။


Ref: Automobile


Unicode Version

ယာဉ်အို၊ ယာဉ်ဟောင်းအပ်နှံမှု စလစ်ဖြင့် နှစ်အလိုက်မိုဒယ် ပြန်လည်တင်သွင်းရာ၌ လာမည့် ၂ဝ၁၅ ခုနှစ်တွင် ပြည်တွင်းသို့ ၂ဝဝ၃ မှ ၂ဝဝ၉ ခုနှစ်မိုဒယ်အထိ မော်တော်ယာဉ်များ တင်သွင်းလာနိုင်ကြောင်း ပြည်တွင်း မော်တော်ယာဉ်လုပ်ငန်းရှင်များက ခန့်မှန်း သုံးသပ်ပြောကြားခဲ့သည်။2009-M-Cars
မော်တော်ယာဉ်မူဝါဒ ပေါ်လစီပြောင်းလဲမှုကို ပြီးခဲ့သည့် ၂ဝ၁၁ ခုနှစ်၊ စက်တင်ဘာလတွင် စတင်ခဲ့ခြင်းဖြစ်ပြီး နှစ်အလိုက်မိုဒယ် တင်သွင်းမှုများကိုလည်း တစ်နှစ်ထက် တစ်နှစ် မိုဒယ်ခုနှစ်ကို တိုးမြှင့် သတ်မှတ်ခဲ့ကြောင်း၊ ယင်းတို့အနက် လာမည့် ၂ဝ၁၅ ခုနှစ်တွင် နှစ်အလိုက် မိုဒယ်တင်သွင်းမှုမှာ ၂ဝဝ၃ မိုဒယ်မှ ၂ဝဝ၉ မိုဒယ်အထိ ယာဉ် များ တင်သွင်းနိုင်ရန် ခန့်မှန်း ထားကြောင်း မော်တော်ယာဉ် လုပ်ငန်းရှင်များက သုံးသပ်ပြောကြားခဲ့သည်။ “လုပ်ငန်းရှင်တွေကတော့ ဒီ လိုခန့်မှန်းကြတာပဲ၊ မြန်မာနိုင်ငံရဲ့ မော်တော်ယာဉ်မူဝါဒက အပြောင်းအလဲမြန်တော့ အမြဲစောင့်ကြည့်နေ တဲ့သဘောပဲ၊ ဒါကို အသင်းအနေနဲ့ သက်ဆိုင်ရာဝန်ကြီးဌာနနဲ့ ဆွေးနွေးနေတာ ရှိတယ်၊ အတတ် နိုင်ဆုံးကတော့ အောက်ကား မသွင်းစေချင်တဲ့ သဘောပဲ၊ အခုဆို မြန်မာနိုင်ငံက ကားအဟောင်းဝယ်တဲ့ အမှိုက်ပုံဖြစ်နေတယ်၊ ဒါကိုလည်း သဘောမကျကြဘူး၊ ဒါကို ပြင်ဆင်ချင်တဲ့အတွက် မိုဒယ်တိုးမြှင့်ပြီး သွင်းခွင့်ပေးရင် အောက်ကားတင်သွင်းမှု လျော့နည်းလာမယ်၊ ဖြစ်လာမယ်ဆိုရင်တော့ ကောင်းမှာပါ” ဟု မြန်မာနိုင်ငံ မော်တော် ယာဉ် ထုတ်လုပ်တင်သွင်းမှုနှင့် ကုန်သွယ်မှု လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ကားဟောင်းစလစ်အပ်၍ နှစ်အလိုက်မိုဒယ် ပြန်လည် တင်သွင်းမှု တွင် ၂ဝ၁၂ ခုနှစ်၌ ၁၉၉၆ မိုဒယ် မှ ၂ဝဝ၆ မိုဒယ်အထိ၊ ၂ဝ၁၃ ခုနှစ်တွင် ၁၉၉၇ မိုဒယ်မှ ၂ဝဝ၇ မိုဒယ်အထိ၊၂ဝ၁၄ ခုနှစ်တွင် မို ဒယ်ခုနှစ်အလိုက် သုံးနှစ် ကျော်၍ ၂ဝဝဝ မှ ၂ဝဝ၈ မိုဒယ်အထိ တင်သွင်းခွင့် ပြုခဲ့ကြောင်း၊ လာမည့် ၂ဝ၁၅ ခုနှစ်တွင် ၂ဝဝ၃ မှ ၂ဝဝ၉ မိုဒယ်အထိ တင်သွင်းခွင့်ပြုနိုင်ကြောင်း သိရသည်။


Ref: Automobile

Latest News

city taxi မ်ား မွတ္ပံုတင္ျပဳလုပ္မႈ အင္​းစိန္​...

23484516 2151118281607590 1169006877 o 1 150x150

Zawgyi Version ရန္​ကုန္​တြင္​ ​ေမာင္​းႏွင္​​ေန​ေသာ city taxi ယာဥ္​မ်ား မွတ္​ပံုတင္​...

Read more »

ႏိုင္​ငံ​ေတာ္​ အတိုင္​ပင္​ခံရံုးမွ...

Latest news1 9 150x150

Zawgyi Version ႏိုင္​ငံ​ေတာ္​ အတိုင္​ပင္​ခံရံုးမွ မွတ္​ပံုတင္​ျပဳလုပ္​ထား​ေသာ ယာဥ္​မ်ား၏ မိုဒယ္​ခုႏွစ္​အလိုက္​စာရင္​း​မ်ား၊...

Read more »

The Pizza Company မွ သိန္း၅၀၀တန္ဖိုးရွိ...

Pizza 150x150

Zawgyi Version The Pizza Company သည္ ႏွစ္သစ္ကူးကာလ အေရာင္းျမင့္တင္သည့္အေနျဖင့္ The Pizza Company ဆုိင္ခြဲ တိုင္းတြင္တြင္ ၂၉၀၀၀ က်ပ္ဖိုး...

Read more »

မိုဒယ္​သတ္​မွတ္​ခ်က္​ထုတ္​ျပန္​ၿပီး...

23667525 2159301577455927 209492361 n 150x150

Zawgyi Version မိုဒယ္​သတ္​မွတ္​ခ်က္​ထုတ္​ျပန္​ၿပီးေနာက္​ပိုင္​း ​ အ​ေရာင္​းစင္​တာ ဖြင္​့ရန္​ ​ေလ်ွာက္​ထားမႈမ်ားအား ဒီနွစ္ Consignment...

Read more »

ယာဥ္အပိုုပစၥည္းႏွင့္...

Img 0593 1 150x150

             carsdb Zawgyi Version ျမန္မာႏုုိင္ငံ၏ အႀကီးက်ယ္ဆံုုးေသာ ယာဥ္အပိုုပစၥည္းမ်ားႏွင့္ ဝန္ေဆာင္မႈလုုပ္ငန္းမ်ားဆုုိင္ရာ ႏုုိင္ငံ တကာ...

Read more »