လိုင္စင္မဲ့ကား ၂ ႏွစ္မျပည့္မီ လံုးဝပေပ်ာက္ေအာင္ ေဆာင္ရြက္မည္

လိုင္စင္မဲ့ကားမ်ားကို တစ္ႏွစ္ခြဲေက်ာ္အတြင္း လံုးဝပေပ်ာက္သြားေအာင္ ေဆာင္ရြက္မည္ဟု ေနျပည္ေတာ္အေျခစိုက္ ယာဥ္ထိန္းရဲတပ္ဖြဲ႕႐ံုးမွ ရဲမွဴးႀကီးကေျပာသည္။လက္ရွိတြင္ သိမ္းဆည္းဖမ္းဆီးအေရးယူမည့္အျပင္ လက္ဝယ္အျပင္ မူလဇာစ္ျမစ္အထိ ေဖာ္ထုတ္အေရးယူမည္ဟု ၄င္းကေျပာသည္။

bek-u-500x332

''တစ္ႏွစ္၊ ႏွစ္ႏွစ္အတြင္း ဒါေတြ ပေပ်ာက္သြားမွာပါ''ဟု ၄င္းက ေျပာ သည္။ လက္ရွိတြင္တရားမဝင္တင္သြင္းလာသည့္ ေမာ္ေတာ္ယာဥ္မ်ားႏွင့္ ပတ္သက္၍ နယ္ေျမခံရဲ၊ ယာဥ္ထိန္းရဲ၊ က.ည.န စသည့္ စုေပါင္းအဖြဲ႕တို႔က လိုက္လံဖမ္းဆီးမႈ ျပဳေနရာ လိုင္စင္မဲ့ကားတစ္စီးဖမ္းမိျခင္းအေပၚ လက္ဝယ္ေတြ႕ရွိသူ၊ တစ္ဆင့္ခံဝယ္ယူလာသူႏွင့္ တင္သြင္းခဲ့သူတို႔အထိ စစ္ေဆးျခင္းျဖင့္ ဥပေဒေၾကာင္းအရ အေရးယူမည္ဟု ၄င္းတပ္ဖြဲ႕႐ံုးမွ ရဲမွဴးႀကီးက ဆိုသည္။

''ဒီကားကို ဘယ္သူ႔ဆီကဝယ္ခဲ့လည္း၊ ဒီလိုဆက္ႏြယ္တဲ့သူေတြပါလိုက္ၿပီး အေရးယူမွာပါ''ဟု ၄င္းက ဆိုသည္။ လိုင္စင္မဲ့ယာဥ္တစ္စီးဖမ္းမိပါက ပို႔ကုန္၊ သြင္းကုန္ဥပေဒပုဒ္မ ၈ အရ အေရးယူၿပီး ယခင္ကလက္ဝယ္ေတြ႕သူကိုသာ အေရးယူခဲ့သည္။ ယခုတြင္ ေနာက္ဆက္တြဲကိုပါ ထည့္သြင္းအေရးယူေတာ့မည္ဟု သိရသည္။

''ဥပေဒမွာက အားလံုးတန္းတူပါပဲ၊ ဌာနဆိုင္ရာ တာဝန္ရွိသူကလည္း လိုင္စင္မဲ့ကားစီးလို႔မရပါဘူး၊ စီးတာကို စစ္ေဆးမိရင္လည္း တန္းတူပဲထားၿပီး အမႈဖြင့္ အေရးယူမွာပါ''ဟု ရဲမွဴးႀကီးက ဆက္ေျပာသည္။ဝန္ႀကီးဌာနမ်ားက ၄င္းတို႔၏ ဝန္ထမ္းမ်ားအား လိုင္စင္မဲ့ကားမ်ား မစီး ၾကရန္ ၫႊန္ၾကားထားေသာ္လည္း ဝန္ ထမ္းအခ်ိဳ႕မွာ စီးနင္းမႈအခ်ိဳ႕ ရွိေနၾက ျခင္းအေပၚ စိစစ္သြားမည္ဟုလည္း ပူး ေပါင္းအဖြဲ႕မွ သိရသည္။

ကေလးႏွင့္တမူးတြင္ လိုင္စင္မဲ့ကားမ်ားကို ဇြန္လဆန္းက ဖမ္းဆီးခဲ့ရာ သံုးရက္အတြင္း ၂၇ စီးဖမ္းမိခဲ့သည္။ ထိုျဖစ္ရပ္အေပၚ လိုင္စင္မဲ့ကားဆိုသည္မွာ ကေလးတြင္သာမဟုတ္ က်န္သည့္ေနရာမ်ားတြင္လည္း ရွိေၾကာင္း၊ ကေလးတြင္ဖမ္းသလို က်န္ေဒသတြင္လည္း ဖမ္းဖို႔လိုေၾကာင္း လိုင္စင္မဲ့ကား ကေလးၿမိဳ႕သို႔ေရာက္ရန္ ၿမိဳ႕မ်ားကို ျဖတ္သန္းခဲ့ရာ ထိုၿမိဳ႕မ်ားကိုေရာ မည္သို႔ေဆာင္ရြက္မည္နည္းဟု ကေလးျပည္ သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္က ေမးခြန္း ထုတ္ခဲ့ဖူးသည္။

က.ည.န က ဖမ္းဆီးကားမ်ား လိုင္စင္မဲ့ဟုတ္၊ မဟုတ္ စစ္ေဆးျခင္း၊ ရဲက နယ္ေျမခံသတင္းအရ ဖမ္းျခင္းတို႔ကို ေဆာင္ရြက္လ်က္ရွိသည္။ မြန္ျပည္ နယ္ ေခ်ာင္းဆံုၿမိဳ႕မွ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ေဒါက္တာေအာင္ႏိုင္ဦးက ''သိမ္းဆည္း ေထာင္ခ်တာကို ကြၽန္ေတာ္ကေတာ့ လက္မခံပါ ဘူး၊ လက္မခံတဲ့ဘက္ကပါ၊ ဒဏ္တစ္ခုတပ္ၿပီး လိုင္စင္လုပ္ေပးပါ၊ ၿပီးေတာ့ မဝင္လာေအာင္ ၾကပ္ၾကပ္မတ္မတ္လုပ္ပါ''ဟု ေျပာသည္။ ျမဝတီနယ္စပ္ဂိတ္တို႔မွစကာ ဂိတ္အသီးသီး ေက်ာ္ျဖတ္လာသျဖင့္ မည္သည့္တာကက်ိဳးေနေၾကာင္း ေဖာ္ထုတ္မွသာ ပေပ်ာက္မည္ ဟု ၎ကေျပာသည္။ ျပည္ပမွ ေမာ္ေတာ္ယာဥ္တင္သြင္းမႈဆိုင္ရာ ႀကီးၾကပ္ေရးအဖြဲ႕က လိုင္စင္မဲ့ကားမ်ား မဝင္ႏိုင္ရန္ တရားဝင္တင္သြင္းခြင့္ကို လြယ္ကူစြာ လုပ္ေပးထားၿပီး ျဖစ္သည့္အတြက္ လိုင္စင္မဲ့ကားမ်ားကို လက္ခံမည္မဟုတ္ဟု တရားဝင္ေျပာဆိုထားသည္။

Popular Myanmar News Journal မွ ကူးယူေဖာ္ျပသည္။



Unicode Version

လိုင်စင်မဲ့ကားများကို တစ်နှစ်ခွဲကျော်အတွင်း လုံးဝပပျောက်သွားအောင် ဆောင်ရွက်မည်ဟု နေပြည်တော်အခြေစိုက် ယာဉ်ထိန်းရဲတပ်ဖွဲ့ရုံးမှ ရဲမှူးကြီးကပြောသည်။လက်ရှိတွင် သိမ်းဆည်းဖမ်းဆီးအရေးယူမည့်အပြင် လက်ဝယ်အပြင် မူလဇာစ်မြစ်အထိ ဖော်ထုတ်အရေးယူမည်ဟု ၄င်းကပြောသည်။

bek-u-500x332

''တစ်နှစ်၊ နှစ်နှစ်အတွင်း ဒါတွေ ပပျောက်သွားမှာပါ''ဟု ၄င်းက ပြော သည်။ လက်ရှိတွင်တရားမဝင်တင်သွင်းလာသည့် မော်တော်ယာဉ်များနှင့် ပတ်သက်၍ နယ်မြေခံရဲ၊ ယာဉ်ထိန်းရဲ၊ က.ည.န စသည့် စုပေါင်းအဖွဲ့တို့က လိုက်လံဖမ်းဆီးမှု ပြုနေရာ လိုင်စင်မဲ့ကားတစ်စီးဖမ်းမိခြင်းအပေါ် လက်ဝယ်တွေ့ရှိသူ၊ တစ်ဆင့်ခံဝယ်ယူလာသူနှင့် တင်သွင်းခဲ့သူတို့အထိ စစ်ဆေးခြင်းဖြင့် ဥပဒေကြောင်းအရ အရေးယူမည်ဟု ၄င်းတပ်ဖွဲ့ရုံးမှ ရဲမှူးကြီးက ဆိုသည်။

''ဒီကားကို ဘယ်သူ့ဆီကဝယ်ခဲ့လည်း၊ ဒီလိုဆက်နွယ်တဲ့သူတွေပါလိုက်ပြီး အရေးယူမှာပါ''ဟု ၄င်းက ဆိုသည်။ လိုင်စင်မဲ့ယာဉ်တစ်စီးဖမ်းမိပါက ပို့ကုန်၊ သွင်းကုန်ဥပဒေပုဒ်မ ၈ အရ အရေးယူပြီး ယခင်ကလက်ဝယ်တွေ့သူကိုသာ အရေးယူခဲ့သည်။ ယခုတွင် နောက်ဆက်တွဲကိုပါ ထည့်သွင်းအရေးယူတော့မည်ဟု သိရသည်။

''ဥပဒေမှာက အားလုံးတန်းတူပါပဲ၊ ဌာနဆိုင်ရာ တာဝန်ရှိသူကလည်း လိုင်စင်မဲ့ကားစီးလို့မရပါဘူး၊ စီးတာကို စစ်ဆေးမိရင်လည်း တန်းတူပဲထားပြီး အမှုဖွင့် အရေးယူမှာပါ''ဟု ရဲမှူးကြီးက ဆက်ပြောသည်။ဝန်ကြီးဌာနများက ၄င်းတို့၏ ဝန်ထမ်းများအား လိုင်စင်မဲ့ကားများ မစီး ကြရန် ညွှန်ကြားထားသော်လည်း ဝန် ထမ်းအချို့မှာ စီးနင်းမှုအချို့ ရှိနေကြ ခြင်းအပေါ် စိစစ်သွားမည်ဟုလည်း ပူး ပေါင်းအဖွဲ့မှ သိရသည်။

ကလေးနှင့်တမူးတွင် လိုင်စင်မဲ့ကားများကို ဇွန်လဆန်းက ဖမ်းဆီးခဲ့ရာ သုံးရက်အတွင်း ၂၇ စီးဖမ်းမိခဲ့သည်။ ထိုဖြစ်ရပ်အပေါ် လိုင်စင်မဲ့ကားဆိုသည်မှာ ကလေးတွင်သာမဟုတ် ကျန်သည့်နေရာများတွင်လည်း ရှိကြောင်း၊ ကလေးတွင်ဖမ်းသလို ကျန်ဒေသတွင်လည်း ဖမ်းဖို့လိုကြောင်း လိုင်စင်မဲ့ကား ကလေးမြို့သို့ရောက်ရန် မြို့များကို ဖြတ်သန်းခဲ့ရာ ထိုမြို့များကိုရော မည်သို့ဆောင်ရွက်မည်နည်းဟု ကလေးပြည် သူ့လွှတ်တော် ကိုယ်စားလှယ်က မေးခွန်း ထုတ်ခဲ့ဖူးသည်။

က.ည.န က ဖမ်းဆီးကားများ လိုင်စင်မဲ့ဟုတ်၊ မဟုတ် စစ်ဆေးခြင်း၊ ရဲက နယ်မြေခံသတင်းအရ ဖမ်းခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။ မွန်ပြည် နယ် ချောင်းဆုံမြို့မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦးက ''သိမ်းဆည်း ထောင်ချတာကို ကျွန်တော်ကတော့ လက်မခံပါ ဘူး၊ လက်မခံတဲ့ဘက်ကပါ၊ ဒဏ်တစ်ခုတပ်ပြီး လိုင်စင်လုပ်ပေးပါ၊ ပြီးတော့ မဝင်လာအောင် ကြပ်ကြပ်မတ်မတ်လုပ်ပါ''ဟု ပြောသည်။ မြဝတီနယ်စပ်ဂိတ်တို့မှစကာ ဂိတ်အသီးသီး ကျော်ဖြတ်လာသဖြင့် မည်သည့်တာကကျိုးနေကြောင်း ဖော်ထုတ်မှသာ ပပျောက်မည် ဟု ၎င်းကပြောသည်။ ပြည်ပမှ မော်တော်ယာဉ်တင်သွင်းမှုဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့က လိုင်စင်မဲ့ကားများ မဝင်နိုင်ရန် တရားဝင်တင်သွင်းခွင့်ကို လွယ်ကူစွာ လုပ်ပေးထားပြီး ဖြစ်သည့်အတွက် လိုင်စင်မဲ့ကားများကို လက်ခံမည်မဟုတ်ဟု တရားဝင်ပြောဆိုထားသည်။

Popular Myanmar News Journal မှ ကူးယူဖော်ပြသည်။

Latest News

မိုဒယ္​သတ္​မွတ္​ခ်က္​ထုတ္​ျပန္​ၿပီး...

23667525 2159301577455927 209492361 n 150x150

Zawgyi Version မိုဒယ္​သတ္​မွတ္​ခ်က္​ထုတ္​ျပန္​ၿပီးေနာက္​ပိုင္​း ​ အ​ေရာင္​းစင္​တာ ဖြင္​့ရန္​ ​ေလ်ွာက္​ထားမႈမ်ားအား ဒီနွစ္ Consignment...

Read more »

ယာဥ္အပိုုပစၥည္းႏွင့္...

Img 0593 1 150x150

             carsdb Zawgyi Version ျမန္မာႏုုိင္ငံ၏ အႀကီးက်ယ္ဆံုုးေသာ ယာဥ္အပိုုပစၥည္းမ်ားႏွင့္ ဝန္ေဆာင္မႈလုုပ္ငန္းမ်ားဆုုိင္ရာ ႏုုိင္ငံ တကာ...

Read more »

City bus ကားမ်ား seater ကြဲလြဲျခင္​းမ်ား...

23714985 2158394427546642 1602509892 o 150x150

ျမန္မာအျပည္ျပည္ဆုုိင္ရာ သီလဝါဆိပ္ကမ္းသိုု႔ ေရာက္ရွိလာေသာ city bus မ်ား   Zawgyi Version ျပည္​ပက​ေန တင္​သြင္​းလာ​ေသာ city bus ကားမ်ား...

Read more »

Consignment စနစ္​တင္​သြင္​းထား​ေသာ ကားမ်ား...

Latest news1 10 150x150

Zawgyi Version အ​ေရာင္​စင္​တာမ်ားမွ အပ္​ကုန္​စနစ္​ျဖင္​့တင္​သြင္​းထား​​ေသာ ကားမ်ား အပ္​ႏွံမည္​ဆိုပါက ခြင္​့ျပဳ​ေပးသြား ရန္​႐ွိ္​သည္ဟုု...

Read more »

ယာဥ္​အို၊ ယာဥ္​​ေဟာင္​းအပ္​ႏွံၿပီး...

Latest news1 10 150x150

Zawgyi Version ယာဥ္​အို၊ ယာဥ္​​ေဟာင္​း အစီအစဥ္ျဖင္​့ ကား​ေဟာင္​းတစ္​စီး အပ္​ႏွံၿပီး ကားသစ္​တစ္​စီး အစားထိုးတင္​သြင္​းျခင္​းကို...

Read more »