တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ‘၁က’ ကားအစီးရေ ၅,၆၀၀ ၀န်းကျင် အပ်နှံရန်ကျန်
‘၁က’ ကားများ၏ ဈေး ကွက်နှင့် ပတ်သက်၍ ကား ၀ယ်/ရောင်းတစ်ဦးက “သင်္ကြန်ကာလ အပြီးမှာ ‘၁က’ ကားတွေက ကျပ် သိန်းတစ်ရာကျော်အထိ ဈေးနှုန်း မြင့်တက် သွားပါတယ်၊ ‘၁က’အက္ခရာ နဲ့ ‘၂က’ အက္ခရာကြားမှာ ခြောက်လကျော် ကြာမြင့်မှာ ဖြစ်တဲ့အတွက် စလစ်ဈေးက ဆက်ပြီးမြင့်တက်ဖို့ရှိပါတယ်၊ ‘၂က’အက္ခရာ မခေါ်ခင်မှာ စက်မှုဇုန်ထုတ်ကားတွေကို အပ်နှံခွင့် ပြုခဲ့ရင်တော့ စလစ်ဈေး ပြန်ကျသွားနိုင်ပါတယ်” ဟု ဆိုသည်။ ယခုရက်ပိုင်းအတွင်း ဖြစ်ပေါ်နေသော ကားဟောင်းစလစ်ဈေးကွက် အရ ‘လ၊သ၊အ၊၁က’ အက္ခရာကားများ၏ အမည်ပေါက် စလစ်တစ်စောင်လျှင် ကျပ် ၁၀၃ သိန်းဝန်းကျင်၊ လေလံကား အမည် ပေါက် စလစ်တစ်စောင်လျှင် ကျပ် သိန်းတစ် ရာ ၀န်းကျင်နှင့် တက္ကစီ စလစ်တစ်စောင်လျှင် ကျပ် ၆၁ သိန်းဝန်းကျင် ပေါက်ဈေးရှိကြောင်း ကားဝယ်/ရောင်းများထံမှ သိရသည်။ ‘၁က’အက္ခရာများအပြီး အောက်တိုဘာ ၆ ရက်တွင် အပ်နှံခွင့်ပြု မည့် ‘၂က’ အက္ခရာကားများလည်း ကြိုတင်ဝယ်ယူသူများရှိသောကြောင့် ကျပ် သိန်း ကိုးဆယ်ဝန်း ကျင်အထိ ပေါက်ဈေးရှိနေကြောင်း သိရသည်။
Ref: Automobile
Unicode Version
တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ‘၁က’ ကားများအပ်နှံရန် အစီးရေ ၅,၆ဝဝ ဝန်းကျင်သာ ကျန်ရှိကြောင်း ‘နေပြည်တော် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီး ဌာန’မှ သိရသည်။1-Ka
ဧပြီ ၄ ရက်က စတင်အပ်နှံ ခွင့်ပြုခဲ့သော ‘၁က’ အက္ခရာကားများသည် တစ်နိုင်ငံလုံးအတိုင်း အတာအနေဖြင့် အစီးရေ ၇,၉၉၆ စီးရှိရာ ဧပြီ ၂၂ ရက်အထိ အစီး ရေ ၂,၃၅၄ စီး အပ်နှံခဲ့ပြီး ဖြစ်သည်။ စျေးကွက်အတွင်း စလစ် လိုအပ်ချက် ကြီးမားနေသောကြောင့် ‘၁က’ ကားများ အပ်နှံမှုသည်လည်း နေ့စဉ်အစီးရေ နှစ်ရာကျော် ရှိနေသည်။
‘၁က’ ကားများ၏ စျေး ကွက်နှင့် ပတ်သက်၍ ကား ဝယ်/ရောင်းတစ်ဦးက “သင်္ကြန်ကာလ အပြီးမှာ ‘၁က’ ကားတွေက ကျပ် သိန်းတစ်ရာကျော်အထိ စျေးနှုန်း မြင့်တက် သွားပါတယ်၊ ‘၁က’အက္ခရာ နဲ့ ‘၂က’ အက္ခရာကြားမှာ ခြောက်လကျော် ကြာမြင့်မှာ ဖြစ်တဲ့အတွက် စလစ်စျေးက ဆက်ပြီးမြင့်တက်ဖို့ရှိပါတယ်၊ ‘၂က’အက္ခရာ မခေါ်ခင်မှာ စက်မှုဇုန်ထုတ်ကားတွေကို အပ်နှံခွင့် ပြုခဲ့ရင်တော့ စလစ်စျေး ပြန်ကျသွားနိုင်ပါတယ်” ဟု ဆိုသည်။ ယခုရက်ပိုင်းအတွင်း ဖြစ်ပေါ်နေသော ကားဟောင်းစလစ်စျေးကွက် အရ ‘လ၊သ၊အ၊၁က’ အက္ခရာကားများ၏ အမည်ပေါက် စလစ်တစ်စောင်လျှင် ကျပ် ၁ဝ၃ သိန်းဝန်းကျင်၊ လေလံကား အမည် ပေါက် စလစ်တစ်စောင်လျှင် ကျပ် သိန်းတစ် ရာ ဝန်းကျင်နှင့် တက္ကစီ စလစ်တစ်စောင်လျှင် ကျပ် ၆၁ သိန်းဝန်းကျင် ပေါက်စျေးရှိကြောင်း ကားဝယ်/ရောင်းများထံမှ သိရသည်။ ‘၁က’အက္ခရာများအပြီး အောက်တိုဘာ ၆ ရက်တွင် အပ်နှံခွင့်ပြု မည့် ‘၂က’ အက္ခရာကားများလည်း ကြိုတင်ဝယ်ယူသူများရှိသောကြောင့် ကျပ် သိန်း ကိုးဆယ်ဝန်း ကျင်အထိ ပေါက်စျေးရှိနေကြောင်း သိရသည်။
Ref: Automobile
Latest News
မိုဒယ်​သတ်​မှတ်​ချက်​ထုတ်​ပြန်​ပြီး...
23667525 2159301577455927 209492361 n 150x150
Zawgyi Version မိုဒယ်​သတ်​မှတ်​ချက်​ထုတ်​ပြန်​ပြီးနောက်​ပိုင်း ​ အ​ရောင်းစင်​တာ ဖွင့်​ရန်​ ​လျှောက်​ထားမှုများအား ဒီနှစ် Consignment...
Read more »
ယာဉ်အပိုပစ္စည်းနှင့်...
Img 0593 1 150x150
             carsdb Zawgyi Version မြန်မာနိုင်ငံ၏ အကြီးကျယ်ဆုံးသော ယာဉ်အပိုပစ္စည်းများနှင့် ဝန်ဆောင်မှုလုပ်ငန်းများဆိုင်ရာ နိုင်ငံ တကာ...
Read more »
City bus ကားများ seater ကွဲလွဲခြင်းများ...
23714985 2158394427546642 1602509892 o 150x150
မြန်မာအပြည်ပြည်ဆိုင်ရာ သီလဝါဆိပ်ကမ်းသို့ ရောက်ရှိလာသော city bus များ   Zawgyi Version ပြည်​ပက​နေ တင်​သွင်းလာ​သော city bus ကားများ...
Read more »
Consignment စနစ်​တင်​သွင်းထား​သော ကားများ...
Latest news1 10 150x150
Zawgyi Version အ​ရောင်​စင်​တာများမှ အပ်​ကုန်​စနစ်​ဖြင့်​တင်​သွင်းထား​​သော ကားများ အပ်​နှံမည်​ဆိုပါက ခွင့်​ပြု​ပေးသွား ရန်​ရှိ​သည်ဟု...
Read more »
ယာဉ်​တိုက်​မှု ဖြစ်​ပွား​သော...
23602231 2157311237654961 2105906177 n 150x150
Zawgyi Version   ယာဉ်​တိုက်​မှု ဖြစ်​ပွား​ခဲ့သော တိုက်​​ပြေးကားများ၊ ကားခိုးမှုများနှင့် ကား​ပျောက်​မှုများကို ဗဟိုထိန်းချူပ်​​ရေး (control...
Read more »