၁၃၀၀ စီစီ ကားတင္သြင္းျခင္း အခြန္ႏႈန္းထား သတ္မွတ္

ျပည္ပမွ တင္သြင္းေသာ ယာဥ္မ်ားတြင္ ၁၃၀၀ စီစီေအာက္ ေမာ္ဒယ္ ၂၀၁၃ ကားမ်ားအထိ အေကာက္ခြန္ဦးစီးဌာနမွ အေမရိကန္ေဒၚလာ ၅,၀၀၀ အထိသတ္မွတ္ ခြင့္ျပဳခဲ့ေၾကာင္း မတ္လ ၂၀ ရက္က ျမန္မာႏိုင္ငံ ေမာ္ေတာ္ယာဥ္ထုတ္လုပ္ေရးႏွင့္ ျဖန္႔ျဖဴးေရာင္းခ်ေရးလုပ္ငန္းရွင္မ်ားအသင္းက ထုတ္ျပန္ခဲ့သည္.။

ၿပီးခဲ့တဲ့ႏွစ္ေတြက ပံုစံအတိုင္း ဒီႏွစ္မွာရဖို႔ လုပ္ခဲ့တာပါ.။ တစ္ခ်ိဳ႕က အဲဒီအခ်က္ကို မသိဘဲနဲ႔ ကားတင္သြင္းလာတယ္.။ နစ္နာမႈျဖစ္မွာစိုးတဲ့အတြက္ ကြ်န္ေတာ္တို႔ ထုတ္ျပန္ေပးတာပါ ဟု MAMDA အသင္းက တာဝန္ရွိသူတစ္ဦးက ေျပာသည္.။

အဆိုပါ ထုတ္ျပန္ခ်က္သည္ ၂၀၁၃ ကားေမာ္ဒယ္ျဖစ္သည့္ အင္ဂ်င္ပါဝါ ၁၃၀၀ စီစီကားမ်ားကို တစ္ဦးခ်င္း ကားတင္သြင္းခြင့္ပါမစ္ျဖင့္ တင္သြင္းလာပါက အေကာက္ခြန္ဦးစီးဌာနမွ CIF အခြန္ အေမရိကန္ေဒၚလာ ၅,၀၀၀ ျဖင့္တင္သြင္းရမည္ဟု သတ္မွတ္လိုက္ျခင္းျဖစ္သည္.။ ယခင္ကတင္သြင္းထားေသာ ကားမ်ားကိုလည္း ဒဏ္ေၾကးျဖင့္ ျပန္လည္ထုတ္ယူခြင့္ျပဳခဲ့သည္.။

အင္ဂ်င္ပါဝါ ၁၃၀၀ စီစီကားတန္းမွာဆိုရင္ CIF တန္ဖိုး သတ္မွတ္လိုက္တဲ့အတြက္ ကားေစ်းအမ်ားႀကီး မေျပာင္းလဲႏိုင္ပါဘူး.။ ကားတစ္စီးကို သံုးသိန္း၊ ေလးသိန္းေလာက္ေတာ့ က်သြားႏိုင္ပါတယ္.။ အခုလို သတ္မွတ္ေပးတဲ့အတြက္ ျပည္တြင္းကို ေမာ္ဒယ္ျမင့္တဲ့ ကားေတြ ဝင္ေရာက္လာႏိုင္ပါတယ္ ဟု Ayeyarwaddy Power ေမာ္ေတာ္ယာဥ္အေရာင္းျပခန္းမွ ဦးမိုးေက်ာ္စြာက ေျပာသည္.။

ေမာ္ေတာ္ယာဥ္တင္သြင္းမည့္ သူမ်ားအတြက္ ၿပီးခဲ့သည့္ႏွစ္မ်ားက ႏွစ္ကုန္ပိုင္းမ်ားတြင္ ေမာ္ေတာ္ယာဥ္အမ်ိဳးအစားအလိုက္ ျပည္တြင္းသို႔ တင္သြင္းမည့္ ကားမ်ားအတြက္ CIF တန္ဖိုးကို သတ္မွတ္ထားေသာ္လည္း ၂၀၁၅ ခုႏွစ္ ႏွစ္ဦးပိုင္းတြင္ ထုတ္ျပန္ျခင္းမရွိေတာ့သည့္ CIF တန္ဖိုးႏႈန္းထားေၾကာင့္ ၄င္း ၁၃၀၀ စီစီအင္ဂ်င္ပါဝါရွိ ကားမ်ားသည္ အခြန္ပံုမွန္ေျဖေလွ်ာ့ေပးေနမႈအား ယခုႏွစ္တြင္ ေျဖေလွ်ာ့မႈ မရွိသည့္အတြက္ ေျဖေလွ်ာ့ရန္ MAMDA အသင္းက လုပ္ေဆာင္ခဲ့ျခင္းျဖစ္သည္.။

ျပည္တြင္းတြင္ ၁၃၀၀ စီစီ လူႀကိဳက္မ်ားေသာကားမ်ားမွာ Honda Fit, Toyota Probox, Toyota Vitz, Belta, Mazda Demio စသည့္ကားမ်ားျဖစ္သည္.။ ယခင္လမ်ားထဲက ထိုကဲ့သို႔ ေျဖေလွ်ာ့မႈမေပးသည့္အတြက္ ၁၃၀၀ စီစီအင္ဂ်င္ပါဝါရွိ ကားမ်ားအခြန္ပိုမိုေဆာင္ခဲ့ရေၾကာင္း စံုစမ္းသိရွိရသည္.။

ယခုကဲ့သို႔ CIF အခြန္ အေမရိကန္ေဒၚလာ ၅,၀၀၀ ျဖင့္ သြင္းခြင့္ရေသာ အင္ဂ်င္ပါဝါ ၁၃၀၀ စီစီကားမ်ားသည္ ေစ်းႏႈန္း သက္သာၿပီး ေမာ္ဒယ္ျမင့္ကားမ်ားကို စီးရမည္ျဖစ္သည္.။

လက္ရွိအေျခအေနတြင္ အထက္ပါေၾကညာခ်က္ မထြက္မီက ျပည္တြင္းကားေလလံဆြဲသည့္ ဝန္ေဆာင္သူမ်ားသည္ ၂၀၁၁ ခုႏွစ္ေမာ္ဒယ္ Honda Fit အင္ဂ်င္ပါဝါ ၁၃၀၀ စီစီကားမ်ားကို ဂ်ပန္ေလလံေအာင္ေစ်း ရွစ္သိန္းဝန္းက်င္ျဖင့္ ေအာင္ၿပီး ျမန္မာက်ပ္ေငြ သိန္း ခုႏွစ္ဆယ္ေက်ာ္ျဖင့္ ေလလံေအာင္သည္.။ ယခုေနာက္ပိုင္းတြင္ ကားအေရာင္အေနျဖင့္ အျဖဴ၊ အနက္ ကားအတြင္းခန္းအစံုႏွင့္ တီဗြီအျမဳပ္ ပါဝင္သည့္ အမ်ိဳးအစားမ်ားကို ေလလံအဆြဲမ်ားေၾကာင္း စက္စန္းစိမ္းကားေလလံဝန္ေဆာင္မႈက စံုစမ္းသိရွိရသည္.။

 

March 28, 2015 ထုတ္ Auto Car Buyers' Guide ဂ်ာနယ္မွ ကူးယူေဖာ္ျပပါသည္.။

No.1 Car Site in Myanmar

www.myanmarcarsdb.com



Unicode Version

ပြည်ပမှ တင်သွင်းသော ယာဉ်များတွင် ၁၃ဝဝ စီစီအောက် မော်ဒယ် ၂ဝ၁၃ ကားများအထိ အကောက်ခွန်ဦးစီးဌာနမှ အမေရိကန်ဒေါ်လာ ၅,ဝဝဝ အထိသတ်မှတ် ခွင့်ပြုခဲ့ကြောင်း မတ်လ ၂ဝ ရက်က မြန်မာနိုင်ငံ မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များအသင်းက ထုတ်ပြန်ခဲ့သည်.။

ပြီးခဲ့တဲ့နှစ်တွေက ပုံစံအတိုင်း ဒီနှစ်မှာရဖို့ လုပ်ခဲ့တာပါ.။ တစ်ချို့က အဲဒီအချက်ကို မသိဘဲနဲ့ ကားတင်သွင်းလာတယ်.။ နစ်နာမှုဖြစ်မှာစိုးတဲ့အတွက် ကျွန်တော်တို့ ထုတ်ပြန်ပေးတာပါ ဟု MAMDA အသင်းက တာဝန်ရှိသူတစ်ဦးက ပြောသည်.။

အဆိုပါ ထုတ်ပြန်ချက်သည် ၂ဝ၁၃ ကားမော်ဒယ်ဖြစ်သည့် အင်ဂျင်ပါဝါ ၁၃ဝဝ စီစီကားများကို တစ်ဦးချင်း ကားတင်သွင်းခွင့်ပါမစ်ဖြင့် တင်သွင်းလာပါက အကောက်ခွန်ဦးစီးဌာနမှ CIF အခွန် အမေရိကန်ဒေါ်လာ ၅,ဝဝဝ ဖြင့်တင်သွင်းရမည်ဟု သတ်မှတ်လိုက်ခြင်းဖြစ်သည်.။ ယခင်ကတင်သွင်းထားသော ကားများကိုလည်း ဒဏ်ကြေးဖြင့် ပြန်လည်ထုတ်ယူခွင့်ပြုခဲ့သည်.။

အင်ဂျင်ပါဝါ ၁၃ဝဝ စီစီကားတန်းမှာဆိုရင် CIF တန်ဖိုး သတ်မှတ်လိုက်တဲ့အတွက် ကားစျေးအများကြီး မပြောင်းလဲနိုင်ပါဘူး.။ ကားတစ်စီးကို သုံးသိန်း၊ လေးသိန်းလောက်တော့ ကျသွားနိုင်ပါတယ်.။ အခုလို သတ်မှတ်ပေးတဲ့အတွက် ပြည်တွင်းကို မော်ဒယ်မြင့်တဲ့ ကားတွေ ဝင်ရောက်လာနိုင်ပါတယ် ဟု Ayeyarwaddy Power မော်တော်ယာဉ်အရောင်းပြခန်းမှ ဦးမိုးကျော်စွာက ပြောသည်.။

မော်တော်ယာဉ်တင်သွင်းမည့် သူများအတွက် ပြီးခဲ့သည့်နှစ်များက နှစ်ကုန်ပိုင်းများတွင် မော်တော်ယာဉ်အမျိုးအစားအလိုက် ပြည်တွင်းသို့ တင်သွင်းမည့် ကားများအတွက် CIF တန်ဖိုးကို သတ်မှတ်ထားသော်လည်း ၂ဝ၁၅ ခုနှစ် နှစ်ဦးပိုင်းတွင် ထုတ်ပြန်ခြင်းမရှိတော့သည့် CIF တန်ဖိုးနှုန်းထားကြောင့် ၄င်း ၁၃ဝဝ စီစီအင်ဂျင်ပါဝါရှိ ကားများသည် အခွန်ပုံမှန်ဖြေလျှော့ပေးနေမှုအား ယခုနှစ်တွင် ဖြေလျှော့မှု မရှိသည့်အတွက် ဖြေလျှော့ရန် MAMDA အသင်းက လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်.။

ပြည်တွင်းတွင် ၁၃ဝဝ စီစီ လူကြိုက်များသောကားများမှာ Honda Fit, Toyota Probox, Toyota Vitz, Belta, Mazda Demio စသည့်ကားများဖြစ်သည်.။ ယခင်လများထဲက ထိုကဲ့သို့ ဖြေလျှော့မှုမပေးသည့်အတွက် ၁၃ဝဝ စီစီအင်ဂျင်ပါဝါရှိ ကားများအခွန်ပိုမိုဆောင်ခဲ့ရကြောင်း စုံစမ်းသိရှိရသည်.။

ယခုကဲ့သို့ CIF အခွန် အမေရိကန်ဒေါ်လာ ၅,ဝဝဝ ဖြင့် သွင်းခွင့်ရသော အင်ဂျင်ပါဝါ ၁၃ဝဝ စီစီကားများသည် စျေးနှုန်း သက်သာပြီး မော်ဒယ်မြင့်ကားများကို စီးရမည်ဖြစ်သည်.။

လက်ရှိအခြေအနေတွင် အထက်ပါကြေညာချက် မထွက်မီက ပြည်တွင်းကားလေလံဆွဲသည့် ဝန်ဆောင်သူများသည် ၂ဝ၁၁ ခုနှစ်မော်ဒယ် Honda Fit အင်ဂျင်ပါဝါ ၁၃ဝဝ စီစီကားများကို ဂျပန်လေလံအောင်စျေး ရှစ်သိန်းဝန်းကျင်ဖြင့် အောင်ပြီး မြန်မာကျပ်ငွေ သိန်း ခုနှစ်ဆယ်ကျော်ဖြင့် လေလံအောင်သည်.။ ယခုနောက်ပိုင်းတွင် ကားအရောင်အနေဖြင့် အဖြူ၊ အနက် ကားအတွင်းခန်းအစုံနှင့် တီဗွီအမြုပ် ပါဝင်သည့် အမျိုးအစားများကို လေလံအဆွဲများကြောင်း စက်စန်းစိမ်းကားလေလံဝန်ဆောင်မှုက စုံစမ်းသိရှိရသည်.။

 

March 28, 2015 ထုတ် Auto Car Buyers' Guide ဂျာနယ်မှ ကူးယူဖော်ပြပါသည်.။

No.1 Car Site in Myanmar

www.myanmarcarsdb.com

Latest News

မိုဒယ္​သတ္​မွတ္​ခ်က္​ထုတ္​ျပန္​ၿပီး...

23667525 2159301577455927 209492361 n 150x150

Zawgyi Version မိုဒယ္​သတ္​မွတ္​ခ်က္​ထုတ္​ျပန္​ၿပီးေနာက္​ပိုင္​း ​ အ​ေရာင္​းစင္​တာ ဖြင္​့ရန္​ ​ေလ်ွာက္​ထားမႈမ်ားအား ဒီနွစ္ Consignment...

Read more »

ယာဥ္အပိုုပစၥည္းႏွင့္...

Img 0593 1 150x150

             carsdb Zawgyi Version ျမန္မာႏုုိင္ငံ၏ အႀကီးက်ယ္ဆံုုးေသာ ယာဥ္အပိုုပစၥည္းမ်ားႏွင့္ ဝန္ေဆာင္မႈလုုပ္ငန္းမ်ားဆုုိင္ရာ ႏုုိင္ငံ တကာ...

Read more »

City bus ကားမ်ား seater ကြဲလြဲျခင္​းမ်ား...

23714985 2158394427546642 1602509892 o 150x150

ျမန္မာအျပည္ျပည္ဆုုိင္ရာ သီလဝါဆိပ္ကမ္းသိုု႔ ေရာက္ရွိလာေသာ city bus မ်ား   Zawgyi Version ျပည္​ပက​ေန တင္​သြင္​းလာ​ေသာ city bus ကားမ်ား...

Read more »

Consignment စနစ္​တင္​သြင္​းထား​ေသာ ကားမ်ား...

Latest news1 10 150x150

Zawgyi Version အ​ေရာင္​စင္​တာမ်ားမွ အပ္​ကုန္​စနစ္​ျဖင္​့တင္​သြင္​းထား​​ေသာ ကားမ်ား အပ္​ႏွံမည္​ဆိုပါက ခြင္​့ျပဳ​ေပးသြား ရန္​႐ွိ္​သည္ဟုု...

Read more »

ယာဥ္​အို၊ ယာဥ္​​ေဟာင္​းအပ္​ႏွံၿပီး...

Latest news1 10 150x150

Zawgyi Version ယာဥ္​အို၊ ယာဥ္​​ေဟာင္​း အစီအစဥ္ျဖင္​့ ကား​ေဟာင္​းတစ္​စီး အပ္​ႏွံၿပီး ကားသစ္​တစ္​စီး အစားထိုးတင္​သြင္​းျခင္​းကို...

Read more »