သင္တစ္ခါမွ မျမင္ဖူးေလာက္တဲ့ ထူးျခားတဲ့ကား 12 စီး

MyanmarCarsDB ရဲ႕ စာဖတ္သူမ်ားအတြက္ ဒီဇိုင္းထူးထူးျခားျခား ကား ၁၂ စီးကို စုစည္းေဖာ္ျပေပးလိုက္ပါတယ္.။

 

1. 1970 FERRARI PININFARINA 512 S MODULO

Pininfarina-Modulo-500x357

ဒီကားဟာ ထုတ္လုပ္ဖူးသမွ် Ferrari ကားေတြထဲမွာ အထူးဆန္းဆံုး ဒီဇိုင္းနဲ႔ ထုတ္လုပ္ထားတဲ့ ကားလို႔ ဆိုရပါမယ္.။ ဒီကားကို 1970 Genova Motor Show အတြက္ ရည္ရြယ္ထုတ္လုပ္ခဲ့တာျဖစ္ပါတယ္.။ ဒီဇိုင္းကို ပံုမွာ ၾကည့္လိုက္တာနဲ႔ ေတာ္ေတာ္ထူးဆန္းတဲ့ကားဆိုတာ သိႏိုင္မွာပါ.။ ဒီကားဟာ ႏိုင္ငံတကာမွေပးအပ္တဲ့ ဆုတံဆိပ္ 22 ခု ရရွိခဲ့ေပမယ့္ ေစ်းကြက္အတြင္း ဘယ္ေတာ့မွ ေရာက္မလာခဲ့တဲ့ ကားလဲျဖစ္ပါတယ္.။

2. 2001 BMW GINA LIGHT VISIONARY MODEL
BMW-GINA-Light-Visionary-Model-Concept-Car-500x332 Concept ကားတစ္စီးျဖစ္တဲ့ ဒီကားကို BMW ရဲ႕ design director ျဖစ္တဲ့ Chris Bangle က ဖန္တီးခဲ့တာျဖစ္ပါတယ္.။ Germany ကားေတြထဲမွာ ျမင္ေတြ႔ေနက် သမားရိုးက်ပံုစံကို ခြဲထြက္ၿပီး ေထာင့္ခ်ိဳးမ်ားမ်ားနဲ႔ ထူးျခားတဲ့ ေခါင္းပံုစံနဲ႔ ထုတ္လုပ္ထားတာျဖစ္ပါတယ္.။ ဒီကားရဲ႕ ထူးျခားခ်က္ကေတာ့ ပါကင္ထိုးထားတဲ့ အေျခအေနမွာဆိုရင္ ကားရဲ႕ စတီယာရင္နဲ႔ အျခားပစၥည္းေတြဟာ ကားရဲ႕ အလည္ဗဟိုေနရာကို ေရႊ႕ေပးထားပါတယ္.။ ကားေမာင္းသူရဲ႕ ကားထဲကို အဝင္အထြက္အဆင္ေျပေစဖို႔ ဒီလိုလုပ္ေဆာင္ေပးထားတာျဖစ္ေၾကာင္း သိရပါတယ္.။

3. 2010 PORSCHE 918 SPYDER CONCEPT CAR
Porsche-Spyder-500x266

ဒီကားဟာ 2010 Geneva Motor Show မွာ ထုတ္ေဖာ္ျပသခဲ့တဲ့ ကားတစ္စီးျဖစ္ပါတယ္.။ ဒီကားရဲ႕ ထူးျခားခ်က္ကေတာ့ ကားရဲ႕ အေရွ႕အေနာက္မွာပါဝင္တဲ့ ဘီးဝင္ရိုးေတြမွာ လွ်ပ္စစ္ေမာ္တာေတြ တပ္ဆင္ထားျခင္းပါပဲ.။ ဒီေမာ္တာေတြကတဆင့္ ကားအတြက္ ျမင္းေကာင္ေရ 218 ေကာင္အား ပိုမိုထုတ္ေပးႏိုင္ပါတယ္.။ ကားရဲ႕ မူလအင္ဂ်င္ကို 3.4 liter, V-8, 500 horsepower အသံုးျပဳေပးထားတာေတြ႕ရပါတယ္.။ ဒါ့အျပင္ ဒီကားမွာ စတီယာရင္ရဲ႕ ေအာက္ဘက္နားမွာ ခလုတ္တစ္ခုလဲ အပိုပါဝင္ပါေသးတယ္.။ ဒီခလုတ္ရဲ႕ လုပ္ေဆာင္ခ်က္ကေတာ့ ကားရဲ႕ ေမာင္းႏွင္ေနမႈပံုစံနဲ႔ ပတ္ဝန္းက်င္ကို လိုက္ၿပီး ေမာင္းႏွင္ႏိုင္တဲ့ Mode (၄) မ်ိဳးကို ေျပာင္းလဲေပးႏိုင္ပါတယ္.။

4. 1935 BUGATTI TYPE 57S COMPETITION COUPE AEROLITHE
Bugatti-Type-57S-Atalante-1936-500x333

1935 BUGATTI TYPE 57S ကို 1935 Paris Auto Show မွာ ျပသခဲ့တာျဖစ္ပါတယ္.။ ဒီ Show ဟာ အခုေတာ့ ဆက္လက္မလုပ္ျဖစ္ေတာ့ပါဘူး.။ 57S ဟာ 57 ထက္ တစ္ဆင့္နိမ့္တဲ့ version ျဖစ္ၿပီး အင္ဂ်င္ရဲ႕ တစ္ဖက္တစ္ခ်က္မွာ ထူးဆန္းတဲ့ အဝါေရာင္အရစ္မ်ား ပါဝင္ပါတယ္.။ ဒါ့အျပင္ နိမ့္ေနတဲ့ ကားရဲ႕ ဒီဇိုင္းကို တည္ေဆာက္ဖို႔အတြက္ အေနာက္ဘက္ဘီးေတြရဲ႕ ဝင္ရိုးကို အေနာက္ဘက္သိုေလွာင္ခန္းကို ေဖာက္ထြက္ၿပီး တည္ေဆာက္ထားရတာျဖစ္ပါတယ္.။ သမိုင္းတစ္ေလွ်ာက္ စုစုေပါင္း အစီးေရ 43 စီးသာ ထုတ္လုပ္ခဲ့ပါတယ္.။

5. AURORA SAFETY CAR
1957-Aurora-Automobile-Cartier-Style-et-Luxe-Goodwood-Festival-of-Speed-2004--500x321

ကက္သလစ္ဘုန္းေတာ္ႀကီးတစ္ပါးျဖစ္တဲ့ Alfredo Juliano တည္ေဆာက္ခဲ့တဲ့ ဒီကားဟာ ကားေမာင္းသူနဲ႔ ပတ္ဝန္းက်င္မွလူေတြကို ေဘးကင္းေစေရးကို အဓိကထားၿပီး တည္ေဆာက္ခဲ့တာျဖစ္ပါတယ္.။ ဒီကားဟာ ကမာၻေပၚမွာ ပထမဆံုး Safety Belt လို႔ေခၚတဲ့ ခါးပတ္ပါဝင္တဲ့ ကားေတြထဲက တစ္စီးျဖစ္ပါတယ္.။ ဒါေပမယ့္ ဒီေန႔ေခတ္လို ႀကိဳးခါးပတ္မဟုတ္ဘဲ ရိုလာကိုစတာေတြမွာ ပါဝင္တဲ့ သံခါးပတ္တန္းႀကီးလို ပံုစံမ်ိဳးျဖစ္ပါတယ္.။ ဒီကားရဲ႕ ေနာက္ထပ္ထူးျခားတဲ့ အခ်က္ကေတာ့ ကားေရယက္တံေတြမလိုအပ္ေအာင္ ဆိုၿပီး ကားရဲ႕ေလကာမွန္ကို အဝိုင္းပတ္လည္ပံုစံ ျပဳလုပ္ထားတဲ့ အခ်က္ပဲျဖစ္ပါတယ္.။ ဒီအခ်က္ေတြေၾကာင့္ပဲ ဒီကားဟာ သမိုင္းတစ္ေလွ်ာက္အရုပ္အဆိုးဆံုး ကားေတြထဲက တစ္စီးအျဖစ္ မွတ္တမ္းဝင္ခဲ့ပါတယ္.။

6. 1932 FORD SPEEDSTER
Edsel-Ford-s-1934-Speedster-500x332

1932 Ford Speedster ဟာ တစ္ခ်ိန္က ေအာင္ျမင္ခဲ့တဲ့ Model T ရဲ႕ ေနာက္ဆံုးမ်ိဳးဆက္မ်ားထဲမွ တစ္စီးျဖစ္ပါတယ္.။ Ford ရဲ႕ ဒီဇိုင္နာ Eugene Gregorie နဲ႔ တည္ေထာင္သူ Henry Ford ရဲ႕ သားျဖစ္သူ Edsel Ford တို႔ ပူးေပါင္းတည္ထြင္ခဲ့တဲ့ ဒီကားဟာ ရွည္လ်ားၿပီး ေအာက္ပိုင္းနိမ့္တဲ့ ကားတစ္စီးျဖစ္ပါတယ္.။ ဒီကားမွာ V-8 အင္ဂ်င္ ပါဝင္ၿပီး ေနာက္ ဆယ္စုႏွစ္မ်ားစြာအၾကာမွာ Standard Feature ျဖစ္လာမယ့္ Start ခလုတ္ပါဝင္တဲ့ ကားတစ္စီးလဲျဖစ္ပါတယ္.။

7. 1936 STOUT SCARAB
Stout-Scarab-500x333

1936 STOUT SCARAB ဟာ သင္ျမင္ဖူးသမွ်ထဲမွာ အထူးျခားဆံုးဒီဇုိင္းရွိတဲ့ ကားတစ္စီးျဖစ္ပါတယ္.။ ဒီကားကို ဒီဇိုင္းဖန္တီးခဲ့သူက ေတာ့ William Stout ျဖစ္ပါတယ္.။ သူဟာ အစပထမတုန္းက ေလယာဥ္ဒီဇိုင္းေတြကို တည္ေဆာက္ေပးခဲ့သူျဖစ္ၿပီး ေနာက္ပိုင္းမွာ ကားလုပ္ငန္းဘက္ကို ေရႊ႕ေျပာင္းခဲ့သူပါ.။ Stout Air lines ဟာ ေလယာဥ္ေပၚမွာ အစားအေသာက္ေကြ်းျခင္း၊ ေလယာဥ္မယ္မ်ား ထည့္သြင္းျခင္း စသည္တို႔ကို ပထမဆံုး စတင္လုပ္ကိုင္ခဲ့တဲ့ လုပ္ငန္းျဖစ္ၿပီး ဒီလုပ္ငန္းက ေအာင္ျမင္မႈပံုစံမ်ားကို ေမာ္ေတာ္ယာဥ္လိုင္းဘက္မွာ ထည့္သြင္းဖို႔ ႀကိဳးစားခဲ့ပါတယ္.။ Stout Scarab ဟာ ကားေပၚမွာ အစားအေသာက္စားႏိုင္တဲ့ ဒီဇိုင္းမ်ိဳး တည္ထြင္ဖန္တီးထားတာျဖစ္ပါတယ္.။ ကားရဲ႕ ႀကီးျမင့္တဲ့ ေစ်းႏႈန္းေၾကာင့္ ဒီကားဟာ ေအာင္ျမင္မႈမရခဲ့ဘဲ အစီးေရ ၁၀ စီးသာ ထုတ္လုပ္ခဲ့ရပါတယ္.။

8. MAZDA NAGARE CONCEPT CAR
Nagare-500x350

ဒီကားဟာ 2006 Los Angeles Auto Show မွာ စတင္ျပသခဲ့တဲ့ Concept ကားတစ္စီးျဖစ္ပါတယ္.။ Mazada ကုမၸဏီရဲ႕ ေနာက္ထပ္ထုတ္လုပ္မယ့္ ကားေတြအတြက္လိုအပ္တဲ့ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရး ကိစၥရပ္ေတြကို ေလ့လာစူးစမ္းႏိုင္ဖို႔ ဒီကားကို အစမ္းသေဘာမ်ိဳး ထုတ္လုပ္ခဲ့တာျဖစ္ပါတယ္.။ ဒီကားကို ထုတ္လုပ္စဥ္မွာ အင္ဂ်င္နီယာေတြဟာ ကားေၾကာင့္ ျဖစ္ေပၚလာမယ့္ သဘာဝပတ္ဝန္းက်င္ အေျပာင္းအလဲေတြကို သတိထားမွတ္သားၿပီး တည္ေဆာက္ခဲ့ပါတယ္.။ ဒီကားရဲ႕ ထူးျခားခ်က္ကေတာ့ ကားဘီးေတြဟာ ႀကီးမားၿပီး ကားနဲ႔တစ္သားတည္းျဖစ္ေနတဲ့ ပံုစံမ်ိဳး တည္ေဆာက္ထားတာျဖစ္ပါတယ္.။ ဒါေၾကာင့္ပဲ ကားရဲ႕ဒီဇိုင္းဟာ ထူးျခားေနၿပီး အျမင္ဆန္းတဲ့ကားတစ္စီးအျဖစ္သတ္မွတ္ခံရတာျဖစ္ပါတယ္.။

9. 1942 OEUF ÉLECTRIQUE
L-Oeuf-lectrique-1942-Designed-and-fabricated-by-Paul-Arzens-500x341

ဒီကားဟာ ဘီးေပၚမွာ ဥတစ္လံုးကို တင္ထားတဲ့ပံုစံျဖစ္ပါတယ္.။ ဒီကားကိုထုတ္လုပ္တဲ့ အခ်ိန္မွာ ေလာင္စာဆီဟာ ကားေတြအတြက္ အဓိကေလာင္စာျဖစ္ေနၿပီျဖစ္ေပမယ့္ ဒီကားကိုေတာ့ လွ်ပ္စစ္နဲ႔ပဲ ထုတ္လုပ္ထားတာျဖစ္ပါတယ္.။ ဘီးသံုးဘီးပဲ ပါဝင္တဲ့ ဒီကားဟာ ပံုသ႑န္အထူးျခားဆံုး ကားတစ္စီးျဖစ္ၿပီး အဲဒီေခတ္က ကားေလာကမွာ စတင္ေခတ္စားလာၿပီျဖစ္တဲ့ သတၱဳနဲ႔ မွန္ကို တြဲဖက္အသံုးျပဳတဲ့ ဒီဇိုင္းမ်ိဳး စတင္အသံုးျပဳထားတဲ့ ကားတစ္စီးလဲျဖစ္ပါတယ္.။

10. 1965 DODGE DEORA CONCEPT CAR
1965-Dodge-Deora-Concept-Car-1--500x307

အျမင္နဲ႔တင္ ဒီကားဟာ ေတာ္ေတာ္ေလးထူးျခားၿပီး ရုပ္ဆိုးတဲ့ကားဆိုတာ သိသာေစပါတယ္.။ ဒီကားရဲ႕ အထူးျခားဆံုးအခ်က္ကေတာ့ ဒီကားမွာ တံခါးေပါက္ေတြမပါဝင္ျခင္းပါပဲ.။ တံခါးေတြမပါတဲ့အတြက္ ျပတင္းေပါက္ကေတာ့ ေက်ာ္ဝင္စရာမလိုပါဘူး.။ ကားရဲ႕ ေရွ႕ဘက္အေပါက္ဟာ ပါးစပ္ဟသလို ပြင့္သြားမွာျဖစ္ၿပီး ျပန္မပိတ္ခင္ ကားေမာင္းသူက အျမန္ဝင္ရမွာျဖစ္ပါတယ္.။ ဒီကားရဲ႕ အင္ဂ်င္ကို 2.8 liter, Slant-6 အင္ဂ်င္အသံုးျပဳထားၿပီး ဂီယာ ၃ ခ်က္ထိုး အမ်ိဳးအစားျဖစ္ပါတယ္.။ ဒီကားကို ေနာက္ဆံုးေရာင္းခ်ခဲ့တာကေတာ့ 2009 ခုႏွစ္မွာျဖစ္ၿပီး ေလလံေစ်း $225,000 ရရွိခဲ့ပါသတဲ့.။

11. 1948 TASCO
1948-Tasco-500x333

ဒီကားဟာလဲ သင္ျမင္ဖူးသမွ်မွာ ေတာ္ေတာ္ေလးထူးျခားတဲ့ဒီဇိုင္း ျဖစ္ပါလိမ့္မယ္.။ ဒီကားဟာ American Sports Car Company ရဲ႕ Brand အျဖစ္ ထုတ္လုပ္ခဲ့တာျဖစ္ၿပီး ကားတစ္ပိုင္း၊ ေလယာဥ္တစ္ပိုင္းလို႔ ဆိုႏိုင္ပါတယ္.။ ကားကို ထုတ္လုပ္ခဲ့တဲ့ ရည္ရြယ္ခ်က္ကေတာ့ Beech Aircraft Company နဲ႔ စာခ်ဳပ္ခ်ဳပ္ဆိုဖို႔ ျဖစ္ေပမယ့္ ကုမၸဏီရဲ႕ ရည္ရြယ္ခ်က္မေအာင္ျမင္ခဲ့ပါဘူး.။

12. BMW LOVOS
Modell-BMW-Lovos-500x332

ကားေတြကို စိတ္ဝင္စားသူတစ္ေယာက္ေယာက္အေနနဲ႔ တစ္ခါျမင္လိုက္တာနဲ႔ မေမ့ႏိုင္မယ့္ကားကေတာ့ BMW LOVOS ပဲျဖစ္ပါတယ္.။ ဒီကားရဲ႕ ဒီဇိုင္းဟာ ငါးအေၾကးခြံေတြလို ပံုစံမ်ိဳး ျဖစ္ေပၚဖို႔ တည္ေဆာက္ထားတာျဖစ္ပါတယ္.။ တံခါးပိတ္ထားခ်ိန္မွာ အေၾကးခြံေတြဟာ ပြင့္ေနမွာျဖစ္ၿပီး တံခါးဖြင့္ခ်ိန္မွာေတာ့ ထူးျခားတဲ့ပံုစံေတြကို ေျပာင္းလဲသြားမွာျဖစ္ပါတယ္.။ ဒီကားမွာ အေၾကးခြံလို ပစၥည္းမ်ိဳး 250 ခန္႔ပါဝင္ၿပီး အေၾကးခြံေတြပြင့္ေနခ်ိန္မွာ Air Brake အလုပ္ကို လုပ္ေပးမွာျဖစ္ပါတယ္.။ ကားရဲ႕ ဘီးေတြမွာလဲ အေၾကးခြံ 12 ခုပါဝင္ပါတယ္.။ ဒီအေၾကးခြံေတြဟာ ကားေမာင္းႏွင္ေနခ်ိန္မွာ ဘီးနဲ႔ လမ္းအၾကား ကပ္ေနေအာင္ ေဆာင္ရြက္ေပးမွာျဖစ္ပါတယ္.။

 

Ref: Carophile

www.myanmarcarsdb.com

No. 1 Car Site in Myanmar



Unicode Version

MyanmarCarsDB ရဲ့ စာဖတ်သူများအတွက် ဒီဇိုင်းထူးထူးခြားခြား ကား ၁၂ စီးကို စုစည်းဖော်ပြပေးလိုက်ပါတယ်.။

 

1. 1970 FERRARI PININFARINA 512 S MODULO

Pininfarina-Modulo-500x357

ဒီကားဟာ ထုတ်လုပ်ဖူးသမျှ Ferrari ကားတွေထဲမှာ အထူးဆန်းဆုံး ဒီဇိုင်းနဲ့ ထုတ်လုပ်ထားတဲ့ ကားလို့ ဆိုရပါမယ်.။ ဒီကားကို 1970 Genova Motor Show အတွက် ရည်ရွယ်ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်.။ ဒီဇိုင်းကို ပုံမှာ ကြည့်လိုက်တာနဲ့ တော်တော်ထူးဆန်းတဲ့ကားဆိုတာ သိနိုင်မှာပါ.။ ဒီကားဟာ နိုင်ငံတကာမှပေးအပ်တဲ့ ဆုတံဆိပ် 22 ခု ရရှိခဲ့ပေမယ့် စျေးကွက်အတွင်း ဘယ်တော့မှ ရောက်မလာခဲ့တဲ့ ကားလဲဖြစ်ပါတယ်.။

2. 2001 BMW GINA LIGHT VISIONARY MODEL
BMW-GINA-Light-Visionary-Model-Concept-Car-500x332 Concept ကားတစ်စီးဖြစ်တဲ့ ဒီကားကို BMW ရဲ့ design director ဖြစ်တဲ့ Chris Bangle က ဖန်တီးခဲ့တာဖြစ်ပါတယ်.။ Germany ကားတွေထဲမှာ မြင်တွေ့နေကျ သမားရိုးကျပုံစံကို ခွဲထွက်ပြီး ထောင့်ချိုးများများနဲ့ ထူးခြားတဲ့ ခေါင်းပုံစံနဲ့ ထုတ်လုပ်ထားတာဖြစ်ပါတယ်.။ ဒီကားရဲ့ ထူးခြားချက်ကတော့ ပါကင်ထိုးထားတဲ့ အခြေအနေမှာဆိုရင် ကားရဲ့ စတီယာရင်နဲ့ အခြားပစ္စည်းတွေဟာ ကားရဲ့ အလည်ဗဟိုနေရာကို ရွှေ့ပေးထားပါတယ်.။ ကားမောင်းသူရဲ့ ကားထဲကို အဝင်အထွက်အဆင်ပြေစေဖို့ ဒီလိုလုပ်ဆောင်ပေးထားတာဖြစ်ကြောင်း သိရပါတယ်.။

3. 2010 PORSCHE 918 SPYDER CONCEPT CAR
Porsche-Spyder-500x266

ဒီကားဟာ 2010 Geneva Motor Show မှာ ထုတ်ဖော်ပြသခဲ့တဲ့ ကားတစ်စီးဖြစ်ပါတယ်.။ ဒီကားရဲ့ ထူးခြားချက်ကတော့ ကားရဲ့ အရှေ့အနောက်မှာပါဝင်တဲ့ ဘီးဝင်ရိုးတွေမှာ လျှပ်စစ်မော်တာတွေ တပ်ဆင်ထားခြင်းပါပဲ.။ ဒီမော်တာတွေကတဆင့် ကားအတွက် မြင်းကောင်ရေ 218 ကောင်အား ပိုမိုထုတ်ပေးနိုင်ပါတယ်.။ ကားရဲ့ မူလအင်ဂျင်ကို 3.4 liter, V-8, 500 horsepower အသုံးပြုပေးထားတာတွေ့ရပါတယ်.။ ဒါ့အပြင် ဒီကားမှာ စတီယာရင်ရဲ့ အောက်ဘက်နားမှာ ခလုတ်တစ်ခုလဲ အပိုပါဝင်ပါသေးတယ်.။ ဒီခလုတ်ရဲ့ လုပ်ဆောင်ချက်ကတော့ ကားရဲ့ မောင်းနှင်နေမှုပုံစံနဲ့ ပတ်ဝန်းကျင်ကို လိုက်ပြီး မောင်းနှင်နိုင်တဲ့ Mode (၄) မျိုးကို ပြောင်းလဲပေးနိုင်ပါတယ်.။

4. 1935 BUGATTI TYPE 57S COMPETITION COUPE AEROLITHE
Bugatti-Type-57S-Atalante-1936-500x333

1935 BUGATTI TYPE 57S ကို 1935 Paris Auto Show မှာ ပြသခဲ့တာဖြစ်ပါတယ်.။ ဒီ Show ဟာ အခုတော့ ဆက်လက်မလုပ်ဖြစ်တော့ပါဘူး.။ 57S ဟာ 57 ထက် တစ်ဆင့်နိမ့်တဲ့ version ဖြစ်ပြီး အင်ဂျင်ရဲ့ တစ်ဖက်တစ်ချက်မှာ ထူးဆန်းတဲ့ အဝါရောင်အရစ်များ ပါဝင်ပါတယ်.။ ဒါ့အပြင် နိမ့်နေတဲ့ ကားရဲ့ ဒီဇိုင်းကို တည်ဆောက်ဖို့အတွက် အနောက်ဘက်ဘီးတွေရဲ့ ဝင်ရိုးကို အနောက်ဘက်သိုလှောင်ခန်းကို ဖောက်ထွက်ပြီး တည်ဆောက်ထားရတာဖြစ်ပါတယ်.။ သမိုင်းတစ်လျှောက် စုစုပေါင်း အစီးရေ 43 စီးသာ ထုတ်လုပ်ခဲ့ပါတယ်.။

5. AURORA SAFETY CAR
1957-Aurora-Automobile-Cartier-Style-et-Luxe-Goodwood-Festival-of-Speed-2004--500x321

ကက်သလစ်ဘုန်းတော်ကြီးတစ်ပါးဖြစ်တဲ့ Alfredo Juliano တည်ဆောက်ခဲ့တဲ့ ဒီကားဟာ ကားမောင်းသူနဲ့ ပတ်ဝန်းကျင်မှလူတွေကို ဘေးကင်းစေရေးကို အဓိကထားပြီး တည်ဆောက်ခဲ့တာဖြစ်ပါတယ်.။ ဒီကားဟာ ကမ္ဘာပေါ်မှာ ပထမဆုံး Safety Belt လို့ခေါ်တဲ့ ခါးပတ်ပါဝင်တဲ့ ကားတွေထဲက တစ်စီးဖြစ်ပါတယ်.။ ဒါပေမယ့် ဒီနေ့ခေတ်လို ကြိုးခါးပတ်မဟုတ်ဘဲ ရိုလာကိုစတာတွေမှာ ပါဝင်တဲ့ သံခါးပတ်တန်းကြီးလို ပုံစံမျိုးဖြစ်ပါတယ်.။ ဒီကားရဲ့ နောက်ထပ်ထူးခြားတဲ့ အချက်ကတော့ ကားရေယက်တံတွေမလိုအပ်အောင် ဆိုပြီး ကားရဲ့လေကာမှန်ကို အဝိုင်းပတ်လည်ပုံစံ ပြုလုပ်ထားတဲ့ အချက်ပဲဖြစ်ပါတယ်.။ ဒီအချက်တွေကြောင့်ပဲ ဒီကားဟာ သမိုင်းတစ်လျှောက်အရုပ်အဆိုးဆုံး ကားတွေထဲက တစ်စီးအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်.။

6. 1932 FORD SPEEDSTER
Edsel-Ford-s-1934-Speedster-500x332

1932 Ford Speedster ဟာ တစ်ချိန်က အောင်မြင်ခဲ့တဲ့ Model T ရဲ့ နောက်ဆုံးမျိုးဆက်များထဲမှ တစ်စီးဖြစ်ပါတယ်.။ Ford ရဲ့ ဒီဇိုင်နာ Eugene Gregorie နဲ့ တည်ထောင်သူ Henry Ford ရဲ့ သားဖြစ်သူ Edsel Ford တို့ ပူးပေါင်းတည်ထွင်ခဲ့တဲ့ ဒီကားဟာ ရှည်လျားပြီး အောက်ပိုင်းနိမ့်တဲ့ ကားတစ်စီးဖြစ်ပါတယ်.။ ဒီကားမှာ V-8 အင်ဂျင် ပါဝင်ပြီး နောက် ဆယ်စုနှစ်များစွာအကြာမှာ Standard Feature ဖြစ်လာမယ့် Start ခလုတ်ပါဝင်တဲ့ ကားတစ်စီးလဲဖြစ်ပါတယ်.။

7. 1936 STOUT SCARAB
Stout-Scarab-500x333

1936 STOUT SCARAB ဟာ သင်မြင်ဖူးသမျှထဲမှာ အထူးခြားဆုံးဒီဇိုင်းရှိတဲ့ ကားတစ်စီးဖြစ်ပါတယ်.။ ဒီကားကို ဒီဇိုင်းဖန်တီးခဲ့သူက တော့ William Stout ဖြစ်ပါတယ်.။ သူဟာ အစပထမတုန်းက လေယာဉ်ဒီဇိုင်းတွေကို တည်ဆောက်ပေးခဲ့သူဖြစ်ပြီး နောက်ပိုင်းမှာ ကားလုပ်ငန်းဘက်ကို ရွှေ့ပြောင်းခဲ့သူပါ.။ Stout Air lines ဟာ လေယာဉ်ပေါ်မှာ အစားအသောက်ကျွေးခြင်း၊ လေယာဉ်မယ်များ ထည့်သွင်းခြင်း စသည်တို့ကို ပထမဆုံး စတင်လုပ်ကိုင်ခဲ့တဲ့ လုပ်ငန်းဖြစ်ပြီး ဒီလုပ်ငန်းက အောင်မြင်မှုပုံစံများကို မော်တော်ယာဉ်လိုင်းဘက်မှာ ထည့်သွင်းဖို့ ကြိုးစားခဲ့ပါတယ်.။ Stout Scarab ဟာ ကားပေါ်မှာ အစားအသောက်စားနိုင်တဲ့ ဒီဇိုင်းမျိုး တည်ထွင်ဖန်တီးထားတာဖြစ်ပါတယ်.။ ကားရဲ့ ကြီးမြင့်တဲ့ စျေးနှုန်းကြောင့် ဒီကားဟာ အောင်မြင်မှုမရခဲ့ဘဲ အစီးရေ ၁ဝ စီးသာ ထုတ်လုပ်ခဲ့ရပါတယ်.။

8. MAZDA NAGARE CONCEPT CAR
Nagare-500x350

ဒီကားဟာ 2006 Los Angeles Auto Show မှာ စတင်ပြသခဲ့တဲ့ Concept ကားတစ်စီးဖြစ်ပါတယ်.။ Mazada ကုမ္ပဏီရဲ့ နောက်ထပ်ထုတ်လုပ်မယ့် ကားတွေအတွက်လိုအပ်တဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ကိစ္စရပ်တွေကို လေ့လာစူးစမ်းနိုင်ဖို့ ဒီကားကို အစမ်းသဘောမျိုး ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်.။ ဒီကားကို ထုတ်လုပ်စဉ်မှာ အင်ဂျင်နီယာတွေဟာ ကားကြောင့် ဖြစ်ပေါ်လာမယ့် သဘာဝပတ်ဝန်းကျင် အပြောင်းအလဲတွေကို သတိထားမှတ်သားပြီး တည်ဆောက်ခဲ့ပါတယ်.။ ဒီကားရဲ့ ထူးခြားချက်ကတော့ ကားဘီးတွေဟာ ကြီးမားပြီး ကားနဲ့တစ်သားတည်းဖြစ်နေတဲ့ ပုံစံမျိုး တည်ဆောက်ထားတာဖြစ်ပါတယ်.။ ဒါကြောင့်ပဲ ကားရဲ့ဒီဇိုင်းဟာ ထူးခြားနေပြီး အမြင်ဆန်းတဲ့ကားတစ်စီးအဖြစ်သတ်မှတ်ခံရတာဖြစ်ပါတယ်.။

9. 1942 OEUF ÉLECTRIQUE
L-Oeuf-lectrique-1942-Designed-and-fabricated-by-Paul-Arzens-500x341

ဒီကားဟာ ဘီးပေါ်မှာ ဥတစ်လုံးကို တင်ထားတဲ့ပုံစံဖြစ်ပါတယ်.။ ဒီကားကိုထုတ်လုပ်တဲ့ အချိန်မှာ လောင်စာဆီဟာ ကားတွေအတွက် အဓိကလောင်စာဖြစ်နေပြီဖြစ်ပေမယ့် ဒီကားကိုတော့ လျှပ်စစ်နဲ့ပဲ ထုတ်လုပ်ထားတာဖြစ်ပါတယ်.။ ဘီးသုံးဘီးပဲ ပါဝင်တဲ့ ဒီကားဟာ ပုံသဏ္ဍန်အထူးခြားဆုံး ကားတစ်စီးဖြစ်ပြီး အဲဒီခေတ်က ကားလောကမှာ စတင်ခေတ်စားလာပြီဖြစ်တဲ့ သတ္တုနဲ့ မှန်ကို တွဲဖက်အသုံးပြုတဲ့ ဒီဇိုင်းမျိုး စတင်အသုံးပြုထားတဲ့ ကားတစ်စီးလဲဖြစ်ပါတယ်.။

10. 1965 DODGE DEORA CONCEPT CAR
1965-Dodge-Deora-Concept-Car-1--500x307

အမြင်နဲ့တင် ဒီကားဟာ တော်တော်လေးထူးခြားပြီး ရုပ်ဆိုးတဲ့ကားဆိုတာ သိသာစေပါတယ်.။ ဒီကားရဲ့ အထူးခြားဆုံးအချက်ကတော့ ဒီကားမှာ တံခါးပေါက်တွေမပါဝင်ခြင်းပါပဲ.။ တံခါးတွေမပါတဲ့အတွက် ပြတင်းပေါက်ကတော့ ကျော်ဝင်စရာမလိုပါဘူး.။ ကားရဲ့ ရှေ့ဘက်အပေါက်ဟာ ပါးစပ်ဟသလို ပွင့်သွားမှာဖြစ်ပြီး ပြန်မပိတ်ခင် ကားမောင်းသူက အမြန်ဝင်ရမှာဖြစ်ပါတယ်.။ ဒီကားရဲ့ အင်ဂျင်ကို 2.8 liter, Slant-6 အင်ဂျင်အသုံးပြုထားပြီး ဂီယာ ၃ ချက်ထိုး အမျိုးအစားဖြစ်ပါတယ်.။ ဒီကားကို နောက်ဆုံးရောင်းချခဲ့တာကတော့ 2009 ခုနှစ်မှာဖြစ်ပြီး လေလံစျေး $225,000 ရရှိခဲ့ပါသတဲ့.။

11. 1948 TASCO
1948-Tasco-500x333

ဒီကားဟာလဲ သင်မြင်ဖူးသမျှမှာ တော်တော်လေးထူးခြားတဲ့ဒီဇိုင်း ဖြစ်ပါလိမ့်မယ်.။ ဒီကားဟာ American Sports Car Company ရဲ့ Brand အဖြစ် ထုတ်လုပ်ခဲ့တာဖြစ်ပြီး ကားတစ်ပိုင်း၊ လေယာဉ်တစ်ပိုင်းလို့ ဆိုနိုင်ပါတယ်.။ ကားကို ထုတ်လုပ်ခဲ့တဲ့ ရည်ရွယ်ချက်ကတော့ Beech Aircraft Company နဲ့ စာချုပ်ချုပ်ဆိုဖို့ ဖြစ်ပေမယ့် ကုမ္ပဏီရဲ့ ရည်ရွယ်ချက်မအောင်မြင်ခဲ့ပါဘူး.။

12. BMW LOVOS
Modell-BMW-Lovos-500x332

ကားတွေကို စိတ်ဝင်စားသူတစ်ယောက်ယောက်အနေနဲ့ တစ်ခါမြင်လိုက်တာနဲ့ မမေ့နိုင်မယ့်ကားကတော့ BMW LOVOS ပဲဖြစ်ပါတယ်.။ ဒီကားရဲ့ ဒီဇိုင်းဟာ ငါးအကြေးခွံတွေလို ပုံစံမျိုး ဖြစ်ပေါ်ဖို့ တည်ဆောက်ထားတာဖြစ်ပါတယ်.။ တံခါးပိတ်ထားချိန်မှာ အကြေးခွံတွေဟာ ပွင့်နေမှာဖြစ်ပြီး တံခါးဖွင့်ချိန်မှာတော့ ထူးခြားတဲ့ပုံစံတွေကို ပြောင်းလဲသွားမှာဖြစ်ပါတယ်.။ ဒီကားမှာ အကြေးခွံလို ပစ္စည်းမျိုး 250 ခန့်ပါဝင်ပြီး အကြေးခွံတွေပွင့်နေချိန်မှာ Air Brake အလုပ်ကို လုပ်ပေးမှာဖြစ်ပါတယ်.။ ကားရဲ့ ဘီးတွေမှာလဲ အကြေးခွံ 12 ခုပါဝင်ပါတယ်.။ ဒီအကြေးခွံတွေဟာ ကားမောင်းနှင်နေချိန်မှာ ဘီးနဲ့ လမ်းအကြား ကပ်နေအောင် ဆောင်ရွက်ပေးမှာဖြစ်ပါတယ်.။

 

Ref: Carophile

www.myanmarcarsdb.com

No. 1 Car Site in Myanmar

Latest News

စည္​းကမ္​းပ်က္​ ​ ယာဥ္​မ်ားကို online complaint...

Latest news1 12 150x150

Zawgyi Version စည္​းကမ္​းမဲ့ ​ေမာင္​းႏွင္​​ေသာ ယာဥ္​မ်ား online complaint စင္​တာထံ တိုင္​ၾကားမႈ ၁ေသာင္း ၈ေထာင္ ​ေက်ာ္​အထိ...

Read more »

Uber က ေစ်းႏႈန္းပိုုသက္သာသည့္ စနစ္သစ္ကိုု...

Picture1 150x150

Zawgyi Version Uber ကုမၸဏီသည္ ေစ်းပိုုသက္သာၿပီး ကားမေခၚခင္ ေစ်းႏႈန္းအတိအက်ႀကိဳသိႏုုိင္သည့္ စနစ္သစ္ကိုု ရန္ကုုန္ၿမိဳ႕တြင္ ႏုုိဝင္ဘာလ...

Read more »

ျမန္မာႏုုိင္ငံက ၂၀၁၈ ၌ ASEAN MRA တြင္...

Img 0809 150x150

Zawgyi Version ျမန္မာႏုုိင္ငံသည္ လာမည့္ ၂၀၁၈ ၌ အာဆီယံ ေမာ္ေတာ္ယာဥ္ထုုတ္ကုုန္ပစၥည္းမ်ား အျပန္အလွန္ အသိအမွတ္ျပဳေရး အစီအစဥ္(MRA) တြင္...

Read more »

city taxi မ်ား မွတ္ပံုတင္ျပဳလုပ္မႈ အင္​းစိန္​...

23484516 2151118281607590 1169006877 o 1 150x150

Zawgyi Version ရန္​ကုန္​တြင္​ ​ေမာင္​းႏွင္​​ေန​ေသာ city taxi ယာဥ္​မ်ား မွတ္​ပံုတင္​...

Read more »

ႏိုင္​ငံ​ေတာ္​ အတိုင္​ပင္​ခံရံုးမွ...

Latest news1 9 150x150

Zawgyi Version ႏိုင္​ငံ​ေတာ္​ အတိုင္​ပင္​ခံရံုးမွ မွတ္​ပံုတင္​ျပဳလုပ္​ထား​ေသာ ယာဥ္​မ်ား၏ မိုဒယ္​ခုႏွစ္​အလိုက္​စာရင္​း​မ်ား၊...

Read more »