၁၀ ဘီးႏွင့္ ၁၂ ဘီးယာဥ္ ကုန္ကားရွားပါးမႈေၾကာင့္ ကုန္စည္စီးဆင္းမႈအတြက္ တြဲကားႀကီးမ်ား အစားထုိးအသံုးျပဳ


ေဒသထြက္ကုန္ တင္ပို႔မႈတြင္ အဓိက အားထား အသံုးျပဳေနရေသာ ၁၀ ဘီးႏွင့္ ၁၂ ဘီးယာဥ္ကုန္ကားႀကီးမ်ား ရွားပါးေနမႈေၾကာင့္ ကုန္စည္ စီးဆင္းမႈအတြက္ တြဲကားႀကီး မ်ား အစားထုိး အသံုးျပဳေနရေၾကာင္း ‘ျမန္မာႏိုင္ငံ အေ၀းေျပး ကုန္စည္ သယ္ယူပုိ႔ေဆာင္ေရး ၀န္ေဆာင္မႈ လုပ္ငန္းရွင္မ်ား အသင္း’မွ သတင္းရရွိသည္။                     Container-Truck


တြဲကားႀကီးမ်ားကို စီမံကိန္း ကုန္မ်ားျဖစ္သည့္ ဘိလပ္ေျမ၊ သံေခ်ာင္း၊ ကတၱရာမ်ား သယ္ယူ ပို႔ေဆာင္ရန္သာ အသံုးျပဳေလ့ရွိေသာ္လည္း ယခု နယ္စပ္ေဒသထြက္ကုန္မ်ား ေပါမ်ားေနေသာေၾကာင့္ ရန္ကုန္မွ ကုန္ကားအမ်ားစု နယ္ဘက္သို႔ ေရာက္ရွိေနရာ တြဲကားႀကီးမ်ားကို အစားထုိး အသံုးျပဳေနရေၾကာင္း သိရသည္။ “အခုအခ်ိန္ ျမ၀တီမွာ ထိုင္းကုန္ အရမ္းေပါတယ္၊ မူဆယ္မွာလည္း ပဲအထြက္မ်ားတယ္၊ နယ္စပ္ကုန္ကို တစ္ဖက္နယ္စပ္ကို ျပန္ပို႔ေနရတဲ့ အေျခအေနျဖစ္ေနေတာ့ ရန္ကုန္မွာ ကုန္ကားေတြ အရမ္းရွားပါးၿပီး နယ္စပ္မွာပဲ ျဖစ္ ေနတယ္၊ ကားနည္းလုိ႔ တန္ဆာခ တက္မလားဆိုေတာ့ တုိးေတာင္းလို႔ မရဘူး၊ တဲြကား အစားထုိးသံုးေနရေပမဲ့ တဲြကားက ကုန္တင္ ကားေလာက္ အဆင္မေျပဘူး၊ အခုေတာ့ ရွိတဲ့ကားေတြနဲ႔ပဲ အဆင္ေျပေအာင္ လုပ္ေနရတယ္”ဟု ျမန္မာႏုိင္ငံ အေ၀းေျပးကုန္စည္သယ္ ယူပို႔ေဆာင္ေရး ၀န္ေဆာင္မႈ လုပ္ငန္းရွင္မ်ားအသင္း လက္ေထာက္ အေထြေထြအတြင္းေရးမွဴး ဦးကိုကိုႏုိင္က ေျပာသည္။ ယင္းကဲ့သို႔ အေျခအေနမ်ားေၾကာင့္ လတ္တေလာ ရန္ကုန္ၿမိဳ႕၌ ယခင္က တစ္ရက္လွ်င္ ၁၀ ဘီး ႏွင့္ ၁၂ ဘီးယာဥ္ႀကီး အစီးေရ ခုနစ္ရာခန႔္ျဖင့္ ေန႔စဥ္ ကုန္စည္ သယ္ယူပို႔ေဆာင္ရာမွ ယခုအခါ ကုန္တင္ယာဥ္အစီးေရ သံုးရာေက်ာ္ျဖင့္သာ လုပ္ငန္းေဆာင္ရြက္လ်က္ရွိၿပီး ယာဥ္အစီးေရထက္၀က္ခန္႔ ေလ်ာ့က်သြားေၾကာင္း သိရသည္။


 

Ref: Automobile



Unicode Version

ဒေသထွက်ကုန် တင်ပို့မှုတွင် အဓိက အားထား အသုံးပြုနေရသော ၁ဝ ဘီးနှင့် ၁၂ ဘီးယာဉ်ကုန်ကားကြီးများ ရှားပါးနေမှုကြောင့် ကုန်စည် စီးဆင်းမှုအတွက် တွဲကားကြီး များ အစားထိုး အသုံးပြုနေရကြောင်း ‘မြန်မာနိုင်ငံ အဝေးပြေး ကုန်စည် သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှု လုပ်ငန်းရှင်များ အသင်း’မှ သတင်းရရှိသည်။                     Container-Truck


တွဲကားကြီးများကို စီမံကိန်း ကုန်များဖြစ်သည့် ဘိလပ်မြေ၊ သံချောင်း၊ ကတ္တရာများ သယ်ယူ ပို့ဆောင်ရန်သာ အသုံးပြုလေ့ရှိသော်လည်း ယခု နယ်စပ်ဒေသထွက်ကုန်များ ပေါများနေသောကြောင့် ရန်ကုန်မှ ကုန်ကားအများစု နယ်ဘက်သို့ ရောက်ရှိနေရာ တွဲကားကြီးများကို အစားထိုး အသုံးပြုနေရကြောင်း သိရသည်။ “အခုအချိန် မြဝတီမှာ ထိုင်းကုန် အရမ်းပေါတယ်၊ မူဆယ်မှာလည်း ပဲအထွက်များတယ်၊ နယ်စပ်ကုန်ကို တစ်ဖက်နယ်စပ်ကို ပြန်ပို့နေရတဲ့ အခြေအနေဖြစ်နေတော့ ရန်ကုန်မှာ ကုန်ကားတွေ အရမ်းရှားပါးပြီး နယ်စပ်မှာပဲ ဖြစ် နေတယ်၊ ကားနည်းလို့ တန်ဆာခ တက်မလားဆိုတော့ တိုးတောင်းလို့ မရဘူး၊ တွဲကား အစားထိုးသုံးနေရပေမဲ့ တွဲကားက ကုန်တင် ကားလောက် အဆင်မပြေဘူး၊ အခုတော့ ရှိတဲ့ကားတွေနဲ့ပဲ အဆင်ပြေအောင် လုပ်နေရတယ်”ဟု မြန်မာနိုင်ငံ အဝေးပြေးကုန်စည်သယ် ယူပို့ဆောင်ရေး ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်း လက်ထောက် အထွေထွေအတွင်းရေးမှူး ဦးကိုကိုနိုင်က ပြောသည်။ ယင်းကဲ့သို့ အခြေအနေများကြောင့် လတ်တလော ရန်ကုန်မြို့၌ ယခင်က တစ်ရက်လျှင် ၁ဝ ဘီး နှင့် ၁၂ ဘီးယာဉ်ကြီး အစီးရေ ခုနစ်ရာခန့်ဖြင့် နေ့စဉ် ကုန်စည် သယ်ယူပို့ဆောင်ရာမှ ယခုအခါ ကုန်တင်ယာဉ်အစီးရေ သုံးရာကျော်ဖြင့်သာ လုပ်ငန်းဆောင်ရွက်လျက်ရှိပြီး ယာဉ်အစီးရေထက်ဝက်ခန့် လျော့ကျသွားကြောင်း သိရသည်။


 

Ref: Automobile

Latest News

ျမန္မာႏုုိင္ငံက ၂၀၁၈ ၌ ASEAN MRA တြင္...

Img 0809 150x150

Zawgyi Version ျမန္မာႏုုိင္ငံသည္ လာမည့္ ၂၀၁၈ ၌ အာဆီယံ ေမာ္ေတာ္ယာဥ္ထုုတ္ကုုန္ပစၥည္းမ်ား အျပန္အလွန္ အသိအမွတ္ျပဳေရး အစီအစဥ္(MRA) တြင္...

Read more »

city taxi မ်ား မွတ္ပံုတင္ျပဳလုပ္မႈ အင္​းစိန္​...

23484516 2151118281607590 1169006877 o 1 150x150

Zawgyi Version ရန္​ကုန္​တြင္​ ​ေမာင္​းႏွင္​​ေန​ေသာ city taxi ယာဥ္​မ်ား မွတ္​ပံုတင္​...

Read more »

ႏိုင္​ငံ​ေတာ္​ အတိုင္​ပင္​ခံရံုးမွ...

Latest news1 9 150x150

Zawgyi Version ႏိုင္​ငံ​ေတာ္​ အတိုင္​ပင္​ခံရံုးမွ မွတ္​ပံုတင္​ျပဳလုပ္​ထား​ေသာ ယာဥ္​မ်ား၏ မိုဒယ္​ခုႏွစ္​အလိုက္​စာရင္​း​မ်ား၊...

Read more »

The Pizza Company မွ သိန္း၅၀၀တန္ဖိုးရွိ...

Pizza 150x150

Zawgyi Version The Pizza Company သည္ ႏွစ္သစ္ကူးကာလ အေရာင္းျမင့္တင္သည့္အေနျဖင့္ The Pizza Company ဆုိင္ခြဲ တိုင္းတြင္တြင္ ၂၉၀၀၀ က်ပ္ဖိုး...

Read more »

မိုဒယ္​သတ္​မွတ္​ခ်က္​ထုတ္​ျပန္​ၿပီး...

23667525 2159301577455927 209492361 n 150x150

Zawgyi Version မိုဒယ္​သတ္​မွတ္​ခ်က္​ထုတ္​ျပန္​ၿပီးေနာက္​ပိုင္​း ​ အ​ေရာင္​းစင္​တာ ဖြင္​့ရန္​ ​ေလ်ွာက္​ထားမႈမ်ားအား ဒီနွစ္ Consignment...

Read more »