Hyundai Sonata 2017

PREMIUM ASSIST
With Inspection Report

490 Lakh

With Licence
Financing Available
Calculate

3808 total views, 3 today

Lot Number: #683602
Specifications

SHN/6N-9*** (Black)

2000 CC

Semi-Auto

Color

Pearl White

Fuel Type

Petrol

Mileage

50 - 55k Km

Left Hand Drive/ Right Hand Drive

Left Hand Drive

Number of owners

1

Build Type

Sedan

Trim Name

Vehicle Identification Number

KMHE341CBHA285063

Last Edited

1 day

Seller Information
Kyaw Htin Linn
Chanayethazan, Mandalay Division
Description

Mid Size Luxury Sedan ကားလေးဖြစ်တဲ့ Hyundai ရဲ့ သတ္တမ မြောက်မျိုးဆက် Sonata လေးရောင်းချင်ပါတယ်။ Sonata ရဲ ့ Design နှင့် အရည်အသွေးကတော့ အထူးပြောစရာမလိုအောင်ဆုများက သက်သေပြနေပါတယ်

-၂၀၁၆ The Car Book ကချီးမြှင့်တဲ့ Best Bet ဆု (အမေရိကန်)၊

-Kelly Blue Book က ချီးမြှင့်တဲ့ ၂၀၁၆ Best Family Cars ဆု (အမေရိကန်)၊

-TOP SAFETY PICK+ (IIHS, အမေရိကန်)၊

-၂၀၁၇ Best Economic Performance- full Size Sedan category (Automotive Science Group, အမေရိကန်)

-၂၀၁၇ J.D. Power VDS Nameplate Ranking- Midsize Car Segment ဒုတိယဆု (J.D. Power, အမေရိကန်) စတာတွေဖြစ်ပါတယ်။

Sonataရဲ့လေ၀င်ပေါက်ကိုဆဌဂံပုံပြုလုပ်ထားပြီး ဘော်ဒီဒီဇိုင်းနဲ့တစ်သားတည်းဖြစ်နေသလို ကျော့ရှင်းတဲ့အသွင်ကိုလည်း ပေးစွမ်းပါတယ်။

HID ရှေ့မီးကြီးတွေဟာ ကားရှေ့ကလမ်းကို တိကျပြတ်သားပြီး ပြင်းအားမြင့်အလင်းရောင်ထိုးပေးပါတယ်။

အပူအအေး အော်တိုလေအေးပေးစနစ်ကြောင့် ကားရဲ့ဘယ်ဘက်နဲ့ညာဘက်ကစီးနင်းသူတွေဟာ စိတ်ကြိုက်အပူချိန်တစ်ခုစီ သတ်မှတ်နိုင်သလို အေးအေးမြမြလိုက်ပါစီးနင်းနိုင်ပါတယ်။

အပြင်ကနေ ကားထဲကိုမမြင်စေချင်တာပဲဖြစ်စေ နေရောင်ကိုကာထားချင်တာပဲဖြစ်စေ နောက်ခန်းဘေးမှန်ကနေကာကို ဆွဲတင်၊ ဆွဲချ ပြုလုပ်နိုင်ပါတယ်။ ကားနောက်ဘက်လေကာမှန်အတွက် နေကာကိုတော့ ခလုတ်နှိပ်ပြီး အတင်အချပြုလုပ်နိုင်ပါတယ်။

ယာဉ်မောင်းစိတ်ကြိုက်စတီယာရင်အလေးအပေါ့နဲ့ ယာဉ်မောင်းနှင်တဲ့အခြေအနေပေါ်မူတည်ပြီး Normal ၊ Sports နဲ့ Eco ဆိုပြီး မတူတဲ့ မောင်းနှင်မှုပုံစံသုံးမျိုးရွေးချယ်ခွင့်ပေးထားသောကြောင့် ပိုမိုအဆင်ပြေလွယ်ကူမှုကိုပေးစွမ်းမှာပဲဖြစ်ပါတယ်။

နောက်ဖုံးကိုဖွင့်ဖို့လက်မအားဘူးဖြစ်နေတယ်ဆိုရင် တော့ ကားသော့ကိုင်ပြီးကားနောက်ဖုံးနားမှာ ၃ စက္ကန့်ရပ်နေရုံနဲ့ နောက်ဖုံး အလိုအလျောက်ပွင့်လာမှာဖြစ်ပါတယ်။

ECM နောက်ကြည့်မှန်ဟာ နောက်ကားတွေရဲ့ရှေ့မီးကြီးတွေကြောင့် သင်မျက်စိမစူးစေဖို့ လုပ်ဆောင်ပေးပါတယ်။ နောက်ကား မီးထိုးတာကို ဒီမှန်က အလိုအလျောက်အာရုံခံပေးပြီး လျှော့ချပေးပါတယ်။

မိုးရွာသွန်းမှုအာရုံခံကိရိယာက မိုးသည်းမသည်းကို အလိုအလျောက် အာရုံခံပေးသလို လေခွင်းအားကောင်း၀ိုက်ပါတွေက ၀ိုက်ပါအမြန်နှုန်းကို ထိန်းချုပ်းပေးပြီး အရှိန်မြင့်ကားမောင်းတဲ့အခါ ၀ိုက်ပါတွေလေနဲ့မြောက်တက်မသွားစေဖို့ လုပ်ဆောင်ပေးပါတယ်။

အလိုအလျောက် မြူရှင်းစနစ်ကြောင့် မြူထဲမှာပိုပြီး မြင်နိုင်စွမ်းကောင်းစေပါတယ်။ ဒီစနစ်က လေကာမှန်ပေါ်မှာရေငွေ့ရိုက်တာကို အလိုအလျောက် ထောက်လှမ်းပေးပြီး လေကာမှန်ကြည်သွားစေဖို့ ရေငွေ့တွေကိုရှင်းလင်းပေးပါတယ်။ ထို့အပြင်

Electronic stability control (ESC) စနစ်

ကားလားရာအတိုင်းချိုးကွေးသွားသည့် (SBL) မီးများ

ကုန်းစောင်းမောင်းနှင်မှုအထောက်အကူပြု (HAC) စနစ်

အရှေ့နှင့်အနောက်ပါကင်အထောက်အကူပြု (PAS) စနစ်

လေအိတ် (၆) လုံးပါ စနစ် တို့ကြောင့် လုံခြုံရေးမှာတော့ ထိပ်တန်းအဆင့်ပေးစွမ်းနိုင်သော ကားကောင်းတစ်စီးကို

လက်ငင်း/အရစ်ကျ အဆင်ပြေသလို ဝယ်ယူရရှိနိုင်ပါသည်။

Recommend Financing