"ဝေါင်း၊ ဝေါင်း၊ ဝေါင်း" ဖြစ်လောက်စရာ ဘီလီယံနာမလေး Kylie Jenner စုဆောင်းထားတဲ့ကားတွေ

0

Full article

Kylie Jenner ကိုတော့အထွေအထူးမိတ်ဆက်ပေးစရာ လိုမယ်မထင်ပါဘူး။ ကမ္ဘာ့ထိပ်တန်း Model အဖြစ်နဲ့နာမည်ကျော်လာပြီး ကိုယ်ပိုင်မိတ်ကပ်အမှတ်တံဆိပ် ထုတ်ရောင်းလာတဲ့အချိန်မှာတော့ ကမ္ဘာ့အသက်အငယ်ဆုံး၊ အမျိုးသမီး ဘီလီယံနာတစ်ယောက်ဖြစ်လာခဲ့သူ။ လက်ရှိအချိန် Instagram မှာ သူ့ရဲ့ followers ပေါင်း ၁၆၆ သန်းအထိရှိနေပြီး ဖက်ရှင်နဲ့ပတ်သက်ရင်၊ အလှအပနဲ့ပတ်သက်ရင်တော့ Kylie Jenner ဒီနေ့ခေတ်ရဲ့ ဘုရင်မလေးပါပဲ။

သန်းပေါင်းထောင်ချီ ချမ်းသာလာတဲ့သူတစ်ဦးပီပီ Kylie Jenner ရဲ့စုဆောင်းမှုတွေမှာ ကောင်းပေ့၊ အဖိုးတန်ပေ့ဆိုတဲ့ ကားတွေအများကြီးပါဝင်နေပါတယ်။ ဘယ်လိုကားတွေလဲဆိုတာကိုတော့ တစ်ချက် ရှိုးလိုက်ပါဦး။

Kylie Jenner နောက်ဆုံးဝယ်ယူလိုက်တဲ့ကားကတော့ အမေရိကန်ဒေါ်လာ ၃ သန်းဝန်းကျင်တန်ဖိုးရှိတဲ့ Bugatti Chiron ပါ။ သူ့ပရိတ်သတ်တွေက ငွေတွေကို ဒီလိုသုံးဖြုန်းနေမယ့်အစား လှူတာတန်းတာမျိုးတွေ ပိုလုပ်သင့်ပါတယ်လို့ ဝေဖန်ခံရပြီးနောက်မှာတော့ Jenner ဟာ Bugatti Chiron နဲ့ သူတင်ခဲ့တဲ့ post ကို Instagram ကနေ delete လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် Jenner ရဲ့ ကားစုစောင်းမှုမှာတော့ Bugatti Chiron ပါဝင်လာခဲ့ပါပြီ။

Bugatti Chiron လိုမျိုး hyper ကားဟာ Jenner အတွက် ပထမဦးဆုံးရွေးချယ်မှုမဟုတ်တာတော့သေချာတယ်။ သူ့မှာ Lamborghini Aventador တစ်စီးရှိပြီးသားပါ။ နောက်တစ်ချက်က Jenner ဟာ လိမ္မော်ရောင်ကို နှစ်သက်လှသူဆိုတာကို လိမ္မော်ရောင် Aventador အပြင် ကြီးမားတဲ့ လိမ္မော်ရောင် Mercedes AMG G63 က သက်သေပြလျက်ရှိနေပါတယ်။

Bugatti နဲ့ Lamborghini ဆိုရင်ရပြီပေါ့။ မရသေးပါဘူး။ တကယ်တော့ Jenner ဟာ Ferrari ရဲ့ အမာခံပရိသတ်ဖြစ်ပြီး သူ့ဆီမှာဆိုရင် ကိုယ်ပိုင်ဝယ်ထားတာရော လက်ဆောင်အဖြစ်ရထားတဲ့ Ferrari တွေက များမှများပါပဲ။ အခုပုံကတော့ Ferrari တွေထဲမှာမှ​ Jenner ရဲ့ favourite အဖြစ်ဆုံး LaFerrari Aperta နဲ့ဖြစ်ပါတယ်။

Vintage စတိုင်တွေကိုလည်း ဘီလီယံနာမလေးကနှစ်သက်သူဖြစ်နေပြန်ပါတယ်။ ပုံမှာက စိတ်ကြိုက်ပြင်ဆင်ထားတဲ့ Jenner ရဲ့ Rolls-Royce ပါ။

Mercedes ရဲ့ AMG G63 ကိုလည်း Jenner က တော်တော်နှစ်သက်မှုရှိပုံရတယ်။ လိမ္မော်ရောင်အပြင်ကိုမှ​အနက်ရောင်နောက်ထပ်တစ်စီး ပိုင်ဆိုင်ထားပါသေးတယ်။ Mercedes တွေကတော့ အားလုံးသိကြတဲ့အတိုင်း စိတ်ချယုံကြည်မှုအပြည့်နဲ့ အသုံးပြုနိုင်တယ်။ နောက်တစ်ချက်၊ တောင့်တင်းတယ်၊ ဇိမ်ကျတယ်။ G63 ဆိုရင်တော့ ဘယ်လိုမြေပြင်အနေအထားကိုမဆို ဖြတ်ကျော်ဖို့က အသင့်။

အနက်ရောင် Range Rover ကလည်း Kylie Jenner ရဲ့စုဆောင်းမှုစာရင်းမှာ မပါမဖြစ်ကားတစ်စီးဖြစ်ပါတယ်။ တောင့်တောင့်တင်းတင်းအမျိုးသားတွေကို နှစ်သက်တတ်တဲ့ Jenner ဟာ ကားဆိုရင်လည်း တောင့်တောင့်တင်းတင်းတွေ ဒါမှမဟုတ်လည်း အားကောင်းမောင်းသန်တွေသာ ရွေးချယ်တာများတယ်။

ပြောခဲ့ပြီးပါပြီ။ Kylie Jenner ဟာ Ferrari ပရိတ်သက်တစ်ဦးဖြစ်တယ်။ သူ့မှာ Ferrari Spiders ချည်းပဲ နှစ်စီးလောက်ရှိတယ်။ ဒီ အဝါရောင် 488 အပါအဝင်ပေါ့။

နောက်ထပ် Mercedes G wagon တစ်စီးပါ။ သိကြတဲ့အတိုင်း ground clearance ကအမြင့်ကြီး။ စွမ်းဆောင်ရည်က အမြင့်ကြီး။ အရည်အသွေးကလည်း အမြင့်ကြီးနဲ့။

ကုန်ပြီလားဆိုတော့ မကုန်သေးပါဘူး။ အများကြီးမှ အများကြီးကျန်နေပါသေးတယ်။ ချမ်းသာကြွယ်ဝလှတဲ့ သူတစ်ယောက်အတွက် တန်ဖိုးကြီးကားတွေ ဝယ်ယူစုဆောင်းတာက ဘာမှမထူးဆန်းပါဘူး။ ထူးတာက ကားနဲ့အတူ ရိုက်ကူးထားတဲ့ သူ့ရဲ့ pose တွေပါ။ ကားတစ်စီးနဲ့ ဓါတ်ပုံရိုက်ဖို့ ဘယ်လို pose ပေးရမလဲ မသိဘူးဆိုတဲ့သူတွေအတွက် Kylie Jenner ရဲ့ pose တွေက အမိုက်စားပါပဲလို့ ထောက်ခံပေးပါရစေ။

Ref: Kylie Jenner's unbelievable car collection by Spencer Bergen

Author