ကိုရီးယား နာမည်ကျော်တွေထဲမှာ ဘယ်သူ့ကားက တန်ဖိုးအကြီးဆုံးဖြစ်မလဲ

0

Full article

ကိုရီးယားမှ မဟုတ်ပါဘူး။ ကမ္ဘာကျော် ဆယ်လီအများစုဟာလည်း သူတို့ရဲ့ပိုင်ဆိုင်မှုတွေကို များများစားစားထုတ်ဖေါ်ပြသတာမျိုးက ရှားပါးတဲ့အလေ့အကျင့်ပါ။ သူတို့ဟာနာမည်ကျော်တွေဖြစ်တယ်။ ငွေကြေးချမ်းသာကြွယ်ဝမှုနဲ့လည်းပြည့်စုံတယ်ဆိုတာ အများက သိပြီးသားဖြစ်တဲ့အတွက် ဘာမှ ထွေထွေထူးထူး ထုတ်ပြစရာမလိုတာကလည်း တစ်ပိုင်းပေါ့။ နောက်တစ်ချက်က တချို့ဆယ်လီတွေဟာ နာမည်ကျော် မော်တော်ကား အမှတ်တံဆိပ်တွေနဲ့ စာချုပ်ချုပ်ဆိုထားကြတာကြောင့်လည်း သူတို့ရဲ့ ကိုယ်ပိုင်ရွေးချယ်မှုကို မြင်တွေ့ခွင့်ရဖို့ ခက်ခဲစေပါသေးတယ်။ ဒီတစ်ခေါက် Redline မှာတော့ ကိုရီးယားရဲ့ နာမည်ကျော် ကြယ်ပွင့်တွေ ပိုင်ဆိုင်ထားတဲ့ကားတွေထဲက တန်ဖိုးအကြီးဆုံးလို့ဆိုနိုင်လောက်တဲ့ ၁၀ စီးကို ရွေးချယ်တင်ပြသွားမှာပါ။

Jun Ji Hyun — Bentley Continental Flying Spur 6.0

အသက် ၃၈ နှစ်ရှိပြီဖြစ်တဲ့ ဒီကိုရီးယားနာမည်ကျော် ရုပ်ရှင်မင်းသမီးဟာ အင်္ဂလိပ်နာမည် Gianna Jun နဲ့လည်း နာမည်ကျော်သူပါ။ သူမပိုင်ဆိုင်ထားတဲ့ကားကတော့ Bentley ရဲ့ Continental Flying Spur 6.0 ဖြစ်ပြီး $285,000 လောက်တန်ဖိုးရှိပါတယ်။

CNBLUE’s Jonghyun ㅡ Mclaren 650S FAB Design

နာမည်ကျော် Kpop boy band Shinee မှာ ကိုးနှစ်ကျော်ပါဝင်ခဲ့တဲ့ ကိုရီးယားကြယ်ပွင် Jonghyun ဟာ SM Entertainment label ရဲ့အောက်မှာ အနုပညာအလုပ်ပေါင်းများစွာကို လုပ်နိုင်စွမ်းရှိသူတစ်ဦးပါ။ လက်ရှိသူအသုံးပြုလျက်ရှိတဲ့ Mclaren 650S FAB Design ကတော့ $340,000 လောက်တန်ဖိုးရှိပါတယ်။

JYJ’s Yoochun — Ferrari California

JYJ and TVXQ တို့မှာ အဖွဲ့ဝင်ဖြစ်ခဲ့ဖူးတဲ့ Park Yoo-chun ကို Micky Yoochun ဒါမှမဟုတ် mononym Yoochun လို့လည်း လူသိများလှပါတယ်။ $380,000 တန် Ferrari California ကတော့ သူအကြိုက်ဆုံးကားတစ်စီးပါပဲ။

Jang Geun Suk ㅡ Rolls Royce Ghost

Jang Geun Suk အသုံးပြုနေတဲ့ Rolls Royce Ghost ကတော့ အခြေခံဈေးနှုန်းတင် $250,000 လောက်တန်ဖိုးရှိတာပါ။ သူဟာ အသက် ၃၂ နှစ်အရွယ်ရှိပြီး ကိုရီးယား drama ဇာတ်ကားတွေဖြစ်ကြတဲ့ Beethoven Virus ၊ You're Beautiful တို့နဲ့အထူးကျော်ကြားပါတယ်။

Dok2 ㅡ Bentley Mulsanne

နာမည်အရင်းကတော့ Lee Joon-Kyung ပါ။ ဒါပေမဲ့ Dok2 ဆိုတဲ့အမည်နဲ့ အထူးကျော်ကြားသူတစ်ယောက်။ သူ့ရဲ့ Bentley Mulsanne ကတော့ $310,000 ကနေ $400,000 အကြားတန်ဖိုးရှိတယ်။

G-Dragon — Lamborghini Aventador LP-700-4

Kpop ရဲ့ legend ကြီးကိုတော့ အထူးမိတ်မဆက်တော့ပါဘူး။ G-Dragon ခေါ် Kwon Ji-yong ကတော့ $$419,000 ကနေ $557,000 အကြားတန်ဖိုးရှိတဲ့ Lamborghini Aventador ကြီးကို သိပ်ကြိုက်တယ်လို့ ဆိုပါတယ်။

JYJ’s Junsu — Lamborghini Aventador

သူလည်းပဲ Lamborghini Aventador နဲ့ပါပဲ။ အသက် ၃၃ နှစ်အရွယ်ရှိတဲ့ Kim Jun-su ကို Junsu လို့လူသိများပြီး သူဟာ TVXQ ရဲ့မူရင်းအဖွဲ့ဝင်ဟောင်း လက်ရှိ JYJ ရဲ့ပင်တိုင် အဆိုတော်တစ်ယောက်ပါ။

JYJ’s Jaejoong — Lamborghini Murcielago LP640

Jaejoong ဟာလည်း Junsu နဲ့တူတူ TVXQ ရဲ့မူရင်းအဖွဲ့ဝင်ဟောင်း လက်ရှိ JYJ ရဲ့ပင်တိုင် အဆိုတော်တစ်ယောက်ပါပဲ။ သူလည်းပဲ Lamborghini ပရိသတ်တစ်ယောက်ဖြစ်ပြီး သူ့ရဲ့ Lamborghini Murcielago LP640 ကတော့ $500,000 အထက် တန်ဖိုးရှိပါတယ်။

Bae Yong Joon — Maybach 62s

Winter Sonata ပရိသတ်တွေအတွက်ကတော့ Bae Yong Joon ဟာတကယ့်ကို နှလုံးသားထဲ စွဲထင်စရာပါပဲ။ သူအသုံးပြုနေတဲ့ Maybach 62s ကတော့ $780,000 တောင်မှ တန်ဖိုးရှိတာပါ။

Yang Hyun Suk — Maybach 62s

သူ့ရဲ့ရွေးချယ်မှုကလည်း Maybach 62s ပါပဲ။ အသက် ၅၀ အရွယ်ရှိပြီဖြစ်တဲ့ Yang Hyun Suk ဟာ 2NE1 တို့ Blackpink တို့လို နာမည်ကျော်တွေကို မွေးထုတ်ပေးလျက်ရှိတဲ့ YG Entertainment ရဲ့တည်ထောင်သူ CEO လည်းဖြစ်ပါတယ်။

Park Sang Min — Lamborghini Diablo VT 6.0 Special Edition Purple

Lamborghini Diablo ကိုမှ အထူးမှာကြားထားတဲ့ ခရမ်းရောင် edition ကိုစီးနင်းလေ့ရှိသူကတော့ Park Sang Min ပါပဲ။ အသက် ၄၉ နှစ်ရှိပြီဖြစ်တဲ့ ဒီ ကိုရီးယားကြယ်ပွင့်ကြီးရဲ့ Lamborghini Diablo VT 6.0 Special Edition Purple ကတော့ $1M အထိ တန်ဖိုးရှိပါတယ်။

Ref and Photos: 22 Most Insanely Expensive Cars That Belong To Korean Celebrities by Koreanboo

Author