ရန်ကုန်ကားတင်သွင်းသည့် မူဝါဒထွက်ပေါ်မည့်အဖြေအား ကားအရောင်းအဝယ်ပြုလုပ်သူများအားလုံးစောင့်ဆိုင်းနေ


car import

ရန်ကုန်တိုင်းဒေသကြီးအတွင်းကားတင်သွင်းသည့် မူဝါဒအားချမှတ်မည်ဖြစ်ရာထွက်ပေါ်လာမည့် အဖြေကို အရောင်းအဝယ်ပြုလုပ်သူများ စောင့်ဆိုင်းနေကြောင်း ရန်ကုန်ကားဈေးကွက်မှသိရသည်။

လက်ရှိရန်ကုန် ကားဈေးကွက်မှာ ကားပါကင်ထောက်ခံချက် စနစ်ရပ်ဆိုင်းထားသောကြောင့် မကြာခင် အစိုးရအဖွဲ့မှ ထွက်ပေါ်လာမည့်အဖြေ အပြောင်းအလဲကို စောင့်ဆိုင်းနေလျက်ရှိပြီး ကားအရောင်းအဝယ်မှာလည်း ပါကင်စနစ်ပိတ်ထားသည့် ၃ လကျော်အတွင်း အရောင်းအဝယ် သိသာစွာ အေးစက်မှုနှင့် ကြုံတွေ့နေရသည်။


"ရန်ကုန်ကားတင်သွင်းခွင့်ထွက်ပေါ်လာမယ့်အဖြေကို အားလုံးကစောင့်နေကြတာ။ ဈေးကွက်မှာလည်း သတင်းတွေက အမျိုးစုံထွက်နေတယ်။ သေချာတိကျတဲ့ အဖြေအမြန်ဆုံးထွက်ပေါ်စေချင်နေပြီ။ ကားအရောင်းပြခန်းတွေကော တစ်နိုင်တစ်ပိုင် ဝယ်ရောင်းတွေကော အားလုံးစောင့်နေတယ်လို့ပြောလို့ရတယ်။ ရန်ကုန်လိုင်စင်ကိုပဲ ဝယ်ရောင်းတွေက အဓိကထားပြီး လုပ်နေရတာ။ အချိန်ကြာလာတော့ လုပ်ငန်းတွေပါရပ်ကုန်တယ်" ဟု လှိုင်ယာဉ်ရောင်းဝယ်ရေးစခန်းမှ ကားဝယ်ရောင်းပြုလုပ်သူ ဦးမင်းမင်းကဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဖြေရှင်းနိုင်မည့် အဖြေတစ်ခုကို အမြန်းဆုံးထုတ်ပြရန်လိုအပ်နေသလို ဖရီးပါမစ်တင်သွင်းခြင်းကို ပိတ်ပင်မည်ဟု သတင်းများ ကြားနေရသဖြင့် ကားတင်သွင်းမှုကိုလည်းရပ်ထားကြောင်းသိရသည်။

ခေတ်သစ်

Latest News

ယနေ့ (၆.၁၂.၂၀၁၆) အတွက်...

Weekly price 150x150

စလစ်ဈေး အနက် - ၁၁၇ သိန်း အနီ - ၉၈ သိန်း တိုက်ကြေ - ၁၀၆ သိန်းဒေါ်လာဈေး (၁ ဒေါ်လာလျှင် ၁၃၀၆ ကျပ်) ဂျပန်ယန်းဈေး (၁၀၀ ယန်း လျှင် ၁၁၈၁.၃...

Read more »

မီနီဘတ်​စ်​နဲ့စီး​တီးဘတ်​စ်​...

Kanyana 150x150

ရန်​ကုန်​မြို့ တွင်​ ​ပြေးဆွဲ​နေတဲ့ခရီးသည်​တင်​ယာဉ်​များဖြစ်​​သော မီနီဘတ်​စ်​ နဲ့ စီးတီးဘတ်​စ်​...

Read more »

Risk ကို Reduce လုပ်ပေးနိုင်မယ့် Insurance...

Car db artical 7 150x150

ကမ္ဘာမှာ ယာဉ်တိုက်မှုကြောင့် သေဆုံးတဲ့ဦးရေဟာ တစ်နှစ်ကို ၁.၃ သန်းခန့်ရှိပြီး သန်း၅၀ကျော် ဒဏ်ရာရခဲ့ကြတာ။ ဖြစ်တော့လည်း သေလူများရဲ့ ၉၀ရာခိုင်နှုန်းက...

Read more »

ကြီး​ကော်​မှ ထုတ်ပြန်လိုက်သည့် ၂၀၁၇ အတွင်း...

Pg1 150x150

ကြီး​ကော်​မှ ထုတ်ပြန်လိုက်သည့် ၂၀၁၇ အတွင်း တင်သွင်းခွင့်ပြုသွားမည့် ကား model/Year သတ်မှတ်ချက်များ photo creadit

Read more »
Download Android App