သင့်သွေးဖြင့် အသက်ကယ်ဖူးပါသလား............ သင့်သွေးဖြင့် ကုသိုလ်ယူပါ


blood donor day

သင်တို့သာ အပြင်မှာ လှုပ်ရှား သွားလာနေလို့ မသိတာပါ။ သွေးလှုဘဏ်တွေ ဆေးရုံ ဆေးခန်းတွေမှာ အသက်တွေများစွာကယ်နိုင်ဖို့အတွက် အင်အားပြည့်ဝပြီး သန့်စင်တဲ့ သွေးကို အမြဲ လိုအပ်လျက်ရှိနေပါတယ်။

အချိန်နဲ့အမျှ သွေးထွက်လွန်ရင်း လိုအပ်တဲ့ သွေးမရနိုင်တော့ပဲ ဆုံးပါးကွယ်လွန်သွားကြတာတွေလည်း ထုနဲ့ထေးပါ။

မြန်မာပြည်မှာ ၄လ တစ်ကြိမ်သွေးလှုလို့ရပါတယ်။ ဒါကြောင့် company တွေ၊အဖွဲ့အစည်းတွေ၊ အသင်းအဖွဲ့တွေကစုပေါင်းသွေးလှုဒါန်းပွဲတွေနဲ့ တက်နိုင်သရွေ့လှုဒါန်းနေတာတွေ့ရပေမယ့် တစ်ကယ်တန်း လှုဒါန်းတဲ့အခါ တစ်ဝက်လောက်က ဟေမိုဂလိုဘင်ဓာတ်ပြည့်ဝမှုမရှိတာကြောင့် ထိရောက်တဲ့ လှုဒါန်းမှုမဖြစ်တော့ပဲဖြစ်တတ်ပါတယ်။

ဒါကြောင့် သွေးလှုတော့မယ်ဆိုရင်

- သွေးအားကောင်းစေတဲ့ အာဟာရဖြစ်စေမယ့် အသား၊ ငါး၊ အသီးအရွက် စသည်တို့ကို ရွေးချယ်ပြီး မျှတစွာစားသုံးပေးရပါမယ်။

- ဒါ့အပြင် ၁၈ နှစ်ပြည့်မှ သွေးလှုခွင့်ပေးပါတယ်။

ဒါမှ သွေးလက်ခံတဲ့ လူနာအနေနဲ့လည်း အားအင်ပြည့်ဝပြီး သန့်စင်တဲ့ သွေးကို ရရှိမှာဖြစ်ပါတယ်။

ကဲ ဒီလောက်ဆို သင့်သွေးဖြင့် အသက်ကယ်ဖို့ အဆင်သင့်ဖြစ်ပြီပေါ့။

ယခုလာမယ့် ၁၄.၆.၂၀၁၆ ခုနှစ် အင်္ဂါနေ့ ကမ္ဘာ့သွေးလှုသူများနေ့ (world blood donor day) တွင် မိမိသွေးဖြင့် အသက်ကယ်ခြင်းဖြင့် ကုသိုလ်ပါဝင်လိုက်ကြရအောင်..........

ထိုသို့ သင့်ရဲ့ မွန်မြတ်တဲ့အလှုထဲတွင် ကျွန်တော်တို့ CarsDB နဲ့ Max Energy တို့ အနေနဲ့ တစ်တတ်တစ်အား ပါဝင်ချင်တာကြောင့် ထိုနေ့ သွေးလှုဘဏ်တွင် သွေးလှုမည့် မည်သူမဆို သွေးလှုပြီး အပြန် ရန်ကုန်မြို့တွင် မည်သည့်နေရာမဆို Taxi နှင့် အခမဲ့ လိုက်လံပို့ဆောင်ပြီး ပါရမီဖြည့်ပေးမှာကိုယ်သွေးလှုလို့မရရင်တောင် ဘေးကလူကို သွေးလှုဖို့ တိုက်တွန်းတာလည်း မွန်မြတ်တဲ့ ကုသိုလ်ပါပဲ......

Latest News

ဧပြီလ ၁ ရက်​မှစ၍ Express ကားများ...

Commeercial vehicles 150x150

ဧပြီလ ၁ ရက်​မှစ၍ Express ကားများ လုပ်​ငန်းသုံးကားများကို ၅ ရာခိုင်းနှုန်းအထက်​ အခွန်​တိုးမြှင့်ကောက်​ခံသွားရန်​ ရှိ​​ကြောင်း...

Read more »

သတ်​မှတ်​​​မော်ဒယ်​​အောက်​...

19117news 150x150

  ဖော်ပြပါ ပုံမှာ ဆိပ်​ကမ်းတွင်​ 1 year down တင်​သွင်းလာသည့်ကားများကို ​တွေ့ရစဉ် ပုံဖြစ်သည် ၂၀၁၇ ခုနှစ်​...

Read more »

အမြန်​လမ်းမကြီး​ပေါ်...

Highway road 150x150

ရန်​ကုန်​ - မန္တ​လေး အမြန်​လမ်းမကြီး​ပေါ်သို့ ယာဉ်​နံပတ်​ပြားတပ်​ဆင်​ထားခြင်းမရှိသည့်ကားများနှင့် စတိနံပါတ်​၊ယာယီနံပါတ်​တပ်​ဆင်​ထား​သောကားများ...

Read more »

AA ,BB အစရှိသည့် ရာသက်​ပန်​အဌားယာဉ်​များကို...

City taxi 150x150

AA ,BB အစရှိသည့် ရာသက်​ပန်​အဌားယာဉ်​များကို အိမ်​စီးကားအဖြစ်​ ​ပြောင်းလဲ၍မရဘဲ အခြားအက္ခရာ နံပတ်အနီကိုသာ...

Read more »

Without Body တင်​သွင်းလာခြင်းကို...

Cars 150x150

Without Body တင်​သွင်းလာခြင်းကို ခွင့်ပြုထားခြင်းမရှိ​သော်​လည်း ​Body ပါရှိပြီး ချိတ်​ဆက်​မှူအားနည်း​နေခြင်းကို အ​ကြောင်းအမျိုးမျိုးပြ၍...

Read more »
Download Android App