သုံးနှစ်အတွင်း ဖမ်းဆီးရမိသည့် လိုင်စင်မဲ့ကား အစီး၂၃၀ ကျော်တွင် အစီးရေ ခြောက်ဆယ်ကျော် လေလံရောင်းချပြီးဖြစ်

တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် သုံးနှစ်အတွင်း ဖမ်းဆီးရမိသည့် လိုင်စင်မဲ့ကား ၂၃၀ ကျော်တွင်အစီးရေခြောက်ဆယ်ကျော်ကို လေလံတင်ရောင်းချပြီးဖြစ်ကြောင်း`အမှတ်-၂ ယာဉ်ထိန်းရဲတပ်ဖွဲမှုးရုံး’ မှသိရသည်။

ရန်ကုန်ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (ကညန) မှ တရားဝင်လိုင်စင် ထုတ်ပေးထားခြင်းမရှိသည့်ယာဉ်များ ခွင့်ပြုချက်မရှိဘဲ ပြည်တွင်း၌ရောင်းဝယ်မှုကို ဖမ်းဆီးခဲ့ရာ သုံးနှစ်အတွင်းလိုင်စင်မဲ့ယာဉ် အစီးရေ ၂၃၂ စီး ဖမ်းဆီးရမိခဲ့ပြီး ယင်းတို့အနက် ယာဉ်အစီးရေ ၆၄ စီးကို လေလံတင်ရောင်းချပြီးကြောင်း သီရသည်။

“လိုင်စင်မဲ့ကားတွေကို တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ ဖမ်းဆီးပါတယ်၊ လိုင်စင်မဲ့ကားတွေကို အများပြည်သူပိုင် လမ်းတွေပေါ်မှာ မောင်းနှင်မှုမရှိအောင် လိုက်လံစစ်ဆေးပါတယ်၊ စစ်ဆေးတွေ့ရှိတဲ့အခါ ကားတွေကို နိုင်ငံပိုင်ဘဏ္ဍာအဖြစ် သိမ်းဆည်းပြီး လေလံတင်ရောင်းချပါတယ်” ဟု အမှတ်၂ ယာဉ်ထိန်းရဲ တပ်ဖွဲ့ခွဲမှုးရုံး မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် နှစ်အလိုက် လိုင်စင်မဲ့ကားဖမ်းဆီးမှုအရ ၂၀၁၃ ခုနှစ်တွင် အစီးရေ ၆၄ စီး၊၂၀၁၄ ခုနှစ်တွင် အစီးရေ ၁၃၄ စီးနှင့် ၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလ မှ ဇွန်လအထိ အစီးရေ ၃၄ စီး စုစုပေါင်း ၂၃၂ စီးကို ဖမ်ဆီးခဲ့ကြောင်း၊ ယင်းအနက် အစီးရေ ၆၄ စီးကို ယခင်နှစ်အတွင်း လေလံတင် ရောင်းချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သူဇာ


August 14, 2015 ရက်နေ့ထုတ် Automobile ဂျာနယ်မှ ကူးယူဖော်ပြသည်.။


www.carsdb.com

Latest News

ကုန်​​တင်​ယာဉ်​ကြီး...

Container1 150x150

ရန်​ကုန်​မြို့အတွင်း ကုန်​တင်​ယာဉ်​နဲ့ ကုန်​​သေတ္တာယာဉ်​များကို အချိန်​ကန့်​သတ်​သွားလာရမည်​ဖြစ်​​သော်​လည်း အ​ရေးကြီးကုန်​စည်​များ...

Read more »

ကုမ္ပဏီ လိုင်​စင်​​ဖြင့်လုပ်ငန်းသုံးကား...

Breakingnews n 150x150

ပင်လယ်ေ​​ရ​ကြောင်းမှတစ်​ဆင့်လည်း​ကောင်း ၊ နယ်​စပ်​​ဒေသများမှလည်း​ကောင်း ကုမ္ပဏီ လိုင်​စင်​​ဖြင့် ၅ တန်​နှင့်​​အောက်​လုပ်​ငန်းသုံးကားများ...

Read more »

ယာဉ်အိုယာဉ်​​ဟာင်းအပ်​နှံပြီး...

Oldcars 150x150

သက်​တမ်းနှစ် ​နှစ်​ဆယ်​ပြည့်ြ့​ပီး ယာဉ်​အိုယာဉ်​​ယောင်းအပ်​နှံပြီး အစားထိုးတင်​သွင်းသည့် စနစ်​အစား အခြားနည်းလမ်းတစ်​ခုဖြင့်...

Read more »

ယနေ့မနက် ဒီဇင်ဘာလ ၈ ရက်မှ စပြီး...

Container 150x150

ယနေ့မနက် ဒီဇင်ဘာလ ၈ ရက်မှ စပြီး ကမ်းနားလမ်းပေါ်ရှိမြို့ထဲ အသွား ကမ်းနားဘက်ခြမ်းတွင် ကွန်တိန်နာယာဉ်များ တန်းစီရပ်တန့်ထားသောကြောင့်...

Read more »
Download Android App