Volkswagen service centre အား ရန်ကုန်တွင် ဖွင့်လှစ်မည်

စင်္ကာပူနိုင်ငံ အခြေစိုက် Yoma Strategic Holdings ကုမ္ဗဏီသည် ဂျာမနီနိုင်ငံမှ Volkswagen နှင့်ပူးပေါင်း၍ service centre တစ်ခုအား ရန်ကုန်မြို့ တွင် ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း သိရှိရပါသည်။ Yoma Strategic Holdings ၏ subsidiary ကုမ္ဗဏီတစ်ခုဖြစ်သော German Cars Industry Company (GCI) နှင့် Volkswagen တို့အကျိုးတူပူးပေါင်း၍ အဆိုပါ service centre ကိုယခုလကုန်ပိုင်းတွင် ဖွင့်လှစ်သွားမည်ဟု ကုမ္ဗဏီမှ ထုတ်ပြန်သော သတင်းအရ သိရှိရပါသည်။

service-regime-hero-500x207

ကားတင်သွင်းခွင့် မူဝါဒများ ပြောင်းလဲပြီးနောက် မြန်မာနိုင်ငံ၏ မော်တော်ယာဉ်ဈေးကွက်မှာ တိုးတက်ရန်အခွင့်အလမ်းများ ပေါ်ပေါက်လာခဲ့ပြီး ယခုကဲ့သို့ Volkswagen နှင့်ပူးပေါင်း၍ service centre ဖွင့်လှစ်နိုင်သည့် အခွင့်အရေးရခဲ့ခြင်းမှာ အလွန်အရေးပါသည်ဟု Yoma ၏ အမှုဆောင်အရာရှိချုပ် Andrew Rickards မှပြောကြားပါသည်။

မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံတကာမှ နာမည်ကြီး ကားကုမ္ဗဏီများစွာ ဝင်ရောက်လာခဲ့ပြီး အောက်တိုဘာလဆန်းပိုင်းတွင် အမေရိကန်အခြေစိုက် Ford ကားအရောင်းပြခန်းအား ဖွင့်လှစ်ခဲ့သည်။ ထို့အပြင် Nissan, Mazda, Mercedes Benz နှင့် Hyundai စသော ကုမ္ဗဏီများမှလည်း ပြည်တွင်းတွင် ဈေးကွက်ချဲ့ထွင်နိုင်ရေးအတွက် ကြိုးစားပြင်ဆင်လျက်ရှိကြပါသည်။

စီးပွားကူးသန်း ဝန်ကြီးဋ္ဌာန၏ ထုတ်ပြန်ချက်အရ ၂၀၁၁ ခုနှစ် စက်တင်ဘာလမှ စတင်ကာ တင်သွင်းခဲ့သော မော်တော်ယာဉ်အစီးရေမှာ ၂၂၀,၀၀၀ ခန့်ရှိသည်ဟု သိရပါသည်။

Source: Myanmar Times

Latest News

AA ,BB အစရှိသည့် ရာသက်​ပန်​အဌားယာဉ်​များကို...

City taxi 150x150

AA ,BB အစရှိသည့် ရာသက်​ပန်​အဌားယာဉ်​များကို အိမ်​စီးကားအဖြစ်​ ​ပြောင်းလဲ၍မရဘဲ အခြားအက္ခရာ နံပတ်အနီကိုသာ...

Read more »

Without Body တင်​သွင်းလာခြင်းကို...

Cars 150x150

Without Body တင်​သွင်းလာခြင်းကို ခွင့်ပြုထားခြင်းမရှိ​သော်​လည်း ​Body ပါရှိပြီး ချိတ်​ဆက်​မှူအားနည်း​နေခြင်းကို အ​ကြောင်းအမျိုးမျိုးပြ၍...

Read more »

မီနီဘတ်​စ်​ကားများတင်​သွင်းရာတွင်​...

Minibus 150x150

ပြည်​ပနိုင်​ငံများမှ မီနီဘတ်​စ်​ကားများတင်​သွင်းရာတွင်​ Cancellation ကိုက်​ညီမှူ ၊ အင်​တာနက်​အ​ထောက်​အထား ကိုက်​ညီမှူ ၊...

Read more »

ကျွန်တော်တို့ CarsDB Website ကို အသုံးပြုပြီး...

Server down 1024 150x150

ကျွန်တော်တို့ CarsDB website ကြီးကို လာမည့် ၁၅.၁.၂၀၁၇ တနင်္ဂနွေနေ့တွင်12:00 AM မှ 4:00 AM ထိ ရေဆေးဆီထိုးခြင်း အလိုင်းမင်းချိန်ခြင်း...

Read more »

ရန်​ကုန်​မြို့ တွင်း ​မောင်းနှင်​​နေ​သော Taxi...

Taxicab 150x150

ရန်​ကုန်​တိုင်း​ဒေသကြီးတွင်​ ​ပြေးဆွဲ​မောင်းနှင်​​နေ​သော Taxi များကို နိုင်ငံတကာတွင်​ကျင့်သုံး​နေသည့် မိုဘိုင်းဖုန်းမှ...

Read more »
Download Android App