တိုယိုတာက ပြည်တွင်း၌ မော်တော်ယာဉ်ထုတ်လုပ်ရန် မော်တော်ယာဉ်အသင်းနှင့် ဆွေးနွေး

ဂျပန်နိုင်ငံအခြေစိုက် မော်တော်ယာဉ်ကုမ္ပဏီ တိုယိုတာ (Toyota Motor Corporation) က ပြည်တွင်း၌ မော်တော်ယာဉ်ထုတ်လုပ်နိုင်ရန် မြန်မာ့မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးအသင်းချုပ်နှင့် ဆွေးနွေးနေကြောင်း အဆိုပါအသင်းချုပ်ထံမှ သိရသည်.။

 

သို့သော် ပြည်တွင်း၌ မော်တော်ယာဉ်မူဝါဒနှင့် ပတ်သက်၍ တိတိကျကျချမှတ်ထားနိုင်ခြင်း မရှိခြင်းကြောင့် ၎င်းတို့က လက်တွန့်နေကြောင်း အဆိုပါအသင်းချုပ်ထံမှ သိရသည်.။

 

“ဘာမူဝါဒမှ ချမှတ်ထားနိုင်ခြင်းမရှိဘဲ ခုတစ်မျိုး၊ တော်ကြာတစ်မျိုး ပြောင်းနေတဲ့ မူဝါဒတွေကြောင့် ပြည်ပကားကုမ္ပဏီ တော်တော်များများက လက်တွန့်နေကြတယ်.။ တိုယိုတာအပြင် ကျွန်တော်တို့နဲ့ ဆွေးနွေးနေတဲ့ ပြည်ပကုမ္ပဏီတွေရှိပါတယ်” ဟု မြန်မာ့မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးအသင်းချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်.။

 

လတ်တလော မလေးရှားနိုင်ငံ အခြေစိုက် မော်တော်ယာဉ်ကုမ္ပဏီ Proton နှင့်လည်း ဆွေးနွေးထားကြောင်း ၎င်းကပြောကြားသည်.။

မော်တော်ယာဉ်မူဝါဒ (Automobile Policy) ကို မော်တော်ယာဉ်အသင်းချုပ်အပါအဝင် မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) နှင့် မော်တော်ယာဉ်လုပ်ငန်းရှင်များက ပူးပေါင်းရေးဆွဲလျက်ရှိပြီး ၉၀ ရာခိုင်နှုန်းကျော်အထိ ပြီးစီးပြီးဖြစ်ကာ ယခုလအတွင်း အပြီးသတ်မည်ဖြစ်ကြောင်း အဆိုပါအသင်းများထံမှ သိရသည်.။

 

လက်ရှိတွင် ပြည်တွင်း၌ ကိုယ်တိုင်ထုတ်လုပ်လျှက်ရှိသော ပြည်ပမော်တော်ယာဉ်စက်ရုံ အနည်းငယ်ရှိသော်လည်း ယင်းစက်ရုံများက ပြောပလောက်အောင် ထုတ်လုပ်နိုင်ခြင်းမရှိဘဲ ဂျပန်မော်တော်ယာဉ်ကုမ္ပဏီ နစ်ဆန်း (Nissan) ကလည်း မော်တော်ယာဉ်ထုတ်လုပ်သည့် စက်ရုံတစ်ခု တည်ဆောက်လျှက်ရှိသည်.။

 

Source: September 18.2015 ထုတ် The Voice မှ

www.carsdb.com

No. 1 Car Site in Myanmar

Latest News

ယ​နေ့ အ​ကောက်​​ခွန်​ဦးစီးဌာနတွင်​...

Revenue office 150x150

သွင်းကုန်​လိုင်​စင်​​ဖော်​ပြချက်​၊သွင်းကုန်​​ကြေငြာလွှာတွင်​​ဖော်​ပြထားသည့်အမျိုးအစား နှင့် မျက်မြင်​စစ်​​ဆေးခြင်း ကွဲလွဲတာကို Type လွဲ...

Read more »

ထရပ်​နှင့် လိုက်ထရပ်​ကားများ...

Toyota liteace 1997 150x150

ထရပ်​နှင့် လိုက်ထရပ်​ကားများ လက်​ကျန်​အင်​ဂျင်​များကို စက်​မှူဇုန်​ အဖြစ်​ထုတ်​လုပ်​မည်​ဖြစ်ရာ ရန်​ကုန်​လိုင်​စင်ဖြင့်...

Read more »

Brand name ကွဲလွဲသည့် Original Equipment...

1av1 150x150

Brand name ကွဲလွဲသည့် Original Equipment manufacture (OEM) စနစ်​ဖြင့် တင်သွင်း​သောကားများကို မတ်​လ ၁၁ ရက်​​နေ့မှစ၍ သိမ်းဆည်း...

Read more »

၂၀၁၄ မော်ဒယ်​ဖြင့် တင်​သွင်းထားသည့်ကားများကို...

Corrolla 150x150

၂၀၁၄ မော်ဒယ်​ဖြင့်တင်​သွင်းထားသည့်ကားများကို စလစ်​မကပ်​ဘဲ ကနဦးမှတ်​ပုံတင်​ပြုလုပ်​​ပေးရန်​ တင်​ပြ​တောင်းဆိုထားရှိတယ်​လို့...

Read more »

YBS စနစ်​၏ လိုအပ်​ချက်​များ...

Bus and taxi 150x150

ရန်​ကုန်​မြို့တွင်​ အများပြည်​သူစီးနင်းသွားလာ​နေသည့် အများပိုင်​ယာဉ်​လိုင်း YBS စနစ်​၏ လိုအပ်​ချက်​များ လုပ်​​ဆောင်ြ​ပီးမှသာ ​​အဌားယာဉ်​များ...

Read more »
Download Android App