ဆော့ဖ်ဝဲပြဿနာကြောင့် တိုယိုတာကားများ ပြန်သိမ်းမည်

ကမ္ဘာ့အကြီးဆုံးနှင့် ရောင်းအားအကောင်းဆုံး ဂျပန်ကားကုမ္ပဏီ တိုယိုတာသည် ၄င်းတို့ ထုတ်လုပ်သော မိုဒယ်အချို့တွင် ဆော့ဖ်ဝဲပိုင်းဆိုင်ရာ ချွတ်ယွင်းချက်အရ လုံခြုံစိတ်ချရမှု မရှိသောကြောင့် ကားအစီးရေ တစ်သိန်းကျော် ပြန်လည်သိမ်းဆည်းမည်ဖြစ်ကြောင်း နိုင်ငံတကာမီဒီယာများက မတ် (၁၄) ရက်တွင် ဖော်ပြခဲ့သည်.။ ပြန်သိမ်းမည့်ကားများမှာ ၂၀၁၅ မော်ဒယ်များဖြစ်သော Highlander Hybrid, Highlander, Camry Hybrid, Camry နှင့် ၂၀၁၄ - ၁၅ မော်ဒယ်များ RAVA4 EV တို့ဖြစ်သည်.။

 

Electric Power-Steering Control အခြေတည်ရာ ဆားကစ်ဘုတ်မှာ ပျက်စီးနေပြီး အကျိုးဆက်အနေဖြင့် ယာဉ်မောင်းများ မောင်းနှင်ရာတွင် အန္တရာယ်ရှိနိုင်၍ ပြန်သိမ်းရန် စီစဉ်ခဲ့ခြင်းဖြစ်သည်.။ ပြန်သိမ်းမည့် ကားအစီးရေ အတိအကျမှာ RAV4 EV အစီးရေ ၂,၅၀၀ နှင့် ကျန်မော်ဒယ်များမှာ အစီးရေ ၁၁၀,၀၀၀ တို့ဖြစ်သည်ဟု တိုယိုတာကုမ္ပဏီက အတည်ပြုထားပြီး ချွတ်ယွင်းမှုဖြစ်ပွားသည့် ဆော့ဖ်ဝဲကို Tesla ကုမ္ပဏီက ထုတ်လုပ်ပေးထားခြင်းဖြစ်ကြောင်း သိရသည်.။

MyanmarCarsDB မှ Toyota ကားများကို ကြည့်ရန်

ကားများပြန်သိမ်းမည့်သတင်းကို တိုယိုတာက မတ် ၁၂ ရက်တွင် တရားဝင်ကြေညာထားပြီး ဆော့ဖ်ဝဲချွတ်ယွင်းမှုကြောင့် ယာဉ်တိုက်မှု၊ ဒဏ်ရာရမှုနှင့် လူသေဆုံးမှုတို့ ဖြစ်ပေါ်ခြင်းမရှိဟု ပါရှိသည်.။ သို့သော်လည်း မည်သည့်နေ့တွင် ကားပြန်အပ်ရမည်၊ အခမဲ့ လဲလှယ်ပေးမည်လား စသည့် အသေးစိတ်အချက်အလက်များကိုမူ တိုယိုတာက ကြေညာခြင်း မရှိသေးပေ.။

 

March 20, 2015 Friday ထုတ် AutoMobile Journal မှ ကူးယူဖော်ပြပါသည်.။

Latest News

မီနီဘတ်​စ်​နဲ့စီး​တီးဘတ်​စ်​...

Kanyana 150x150

ရန်​ကုန်​မြို့ တွင်​ ​ပြေးဆွဲ​နေတဲ့ခရီးသည်​တင်​ယာဉ်​များဖြစ်​​သော မီနီဘတ်​စ်​ နဲ့ စီးတီးဘတ်​စ်​...

Read more »

Risk ကို Reduce လုပ်ပေးနိုင်မယ့် Insurance...

Car db artical 7 150x150

ကမ္ဘာမှာ ယာဉ်တိုက်မှုကြောင့် သေဆုံးတဲ့ဦးရေဟာ တစ်နှစ်ကို ၁.၃ သန်းခန့်ရှိပြီး သန်း၅၀ကျော် ဒဏ်ရာရခဲ့ကြတာ။ ဖြစ်တော့လည်း သေလူများရဲ့ ၉၀ရာခိုင်နှုန်းက...

Read more »

ကြီး​ကော်​မှ ထုတ်ပြန်လိုက်သည့် ၂၀၁၇ အတွင်း...

Pg1 150x150

ကြီး​ကော်​မှ ထုတ်ပြန်လိုက်သည့် ၂၀၁၇ အတွင်း တင်သွင်းခွင့်ပြုသွားမည့် ကား model/Year သတ်မှတ်ချက်များ photo creadit

Read more »

အွန်​လိုင်းစနစ်​စတင်​​ပြောင်းလဲ​နေချိန်​...

Images 150x150

အ​ကောက်ခွန်ဦးစီးဌာန​​​​​​​​က စည်းကြပ်​အခွန်သတ်​မှတ်​တဲ့ အွန်​လိုင်းစနစ်​စတင်​​ပြောင်းလဲ​နေချိန်​ ဆိပ်​ကမ်းက ကားများထုတ်​ယူရန်အတွက်...

Read more »

ယာဉ်​အိုယာဉ်​​ဟောင်းအပ်​နှံမည့်...

Bm bus 150x150

၁၉၉၅ မော်ဒယ်​​အောက်​ခရီးသည်​တင်​ကားအစီး​ရေ ၂၀၀ အား လူစီးစလစ်​ထပ်​မံထုတ်​​ပေးသွားရန်​ရှိတယ်​လို့...

Read more »
Download Android App