သုံးရက်အတွင်း စည်းကမ်းမဲ့ ရပ်နားသောယာဉ် ၁၅ စီးကို ကရိန်းယာဉ်ဖြင့်သယ်ယူ

နိုဝင်ဘာ ၁၃၊ ရန်ကုန်

ရန်ကုန်မြို့တော်တွင် စည်းကမ်းမဲ့ရပ်နားထားသောယာဉ်များကို ကရိန်းယာဉ်(ဆယ်တင်ယာဉ်) များဖြင့် လိုက်လံဆွဲယူ အရေးယူလျက်ရှိရာ နိုဝင်ဘာ ၁၁ ရက်မှ ၁၃ ရက်ထိ သုံးရက်အတွင်းပိုင်ရှင်မရှိသော ယာဉ် ၁၅ စီးကို ကရိန်းယာဉ်ဖြင့် သယ်ယူခဲ့ကြောင်း အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ ခွဲမှူးရုံး(ရန်ကုန်)မှ ဒု-ရဲမှူး အောင်ကြည်က ပြောကြားသည်။

6155768121_dbdcc347f6

စည်းကမ်းမဲ့ရပ်နားယာဉ်များကို ဖမ်းဆီးအရေးယူရာတွင် ယာဉ်အနီးတွင် ယာဉ်မောင်းရှိပါက အဆိုပါယာဉ်ကို စည်ပင်သာယာရေးဥပဒေဖြင့် ချလန်ဖြတ်အရေးယူပြီး ယာဉ်မောင်းမရှိပါက အဆိုပါယာဉ်ကို ကရိန်းယာဉ်ဖြင့်သယ်ဆောင်ကာ ရှင်စောပုလမ်းရှိ မြေနီကုန်းယာဉ်ရပ်နားကွင်းတွင် သွားရောက်ထိန်းသိမ်းကြောင်း၊ သုံးရက်အတွင်း စည်းကမ်းမဲ့ရပ်နားသောယာဉ် ၄၄ စီးအနက် ယာဉ်မောင်းနှင့်အတူ မရှိသော ယာဉ် ၁၅ စီးကို ကရိန်းဖြင့် ဆွဲယူအရေးယူခဲ့ကြောင်း ၎င်းက ထပ်မံပြောကြားသည်။

ဖမ်းဆီးရမိသော ယာဉ်များကို စည်ပင်သာယာရေးကော်မတီ တရားရုံးသို့ သက်ဆိုင်ရာမြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူးက တရားလိုပြုလုပ်ကာ စည်ပင်ဥပဒေဖြင့် တရားစွဲဆို တင်ပို့ကြောင်း၊ ချလံဖြတ်အရေးယူသည့် ပုဒ်မမှာ ထောင်ဒဏ်တစ်နှစ်နှင့် ငွေဒဏ်တစ်သောင်းမှ ငါးသိန်းအထိ ချမှတ်နိုင်သော်လည်း တရားရုံးက လတ်တလောဒဏ်ငွေနှစ်သောင်းခွဲသာကျခံစေရန် အမိန့်ချမှတ်ထားကြောင်း ဗဟန်းမြို့နယ် စည်ပင်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ကပြောကြားသည်။

The Voice Daily မှ ကူးယူဖော်ပြသည်။

Photo credit by flightlog

Latest News

ယနေ့ (၆.၁၂.၂၀၁၆) အတွက်...

Weekly price 150x150

စလစ်ဈေး အနက် - ၁၁၇ သိန်း အနီ - ၉၈ သိန်း တိုက်ကြေ - ၁၀၆ သိန်းဒေါ်လာဈေး (၁ ဒေါ်လာလျှင် ၁၃၀၆ ကျပ်) ဂျပန်ယန်းဈေး (၁၀၀ ယန်း လျှင် ၁၁၈၁.၃...

Read more »

မီနီဘတ်​စ်​နဲ့စီး​တီးဘတ်​စ်​...

Kanyana 150x150

ရန်​ကုန်​မြို့ တွင်​ ​ပြေးဆွဲ​နေတဲ့ခရီးသည်​တင်​ယာဉ်​များဖြစ်​​သော မီနီဘတ်​စ်​ နဲ့ စီးတီးဘတ်​စ်​...

Read more »

Risk ကို Reduce လုပ်ပေးနိုင်မယ့် Insurance...

Car db artical 7 150x150

ကမ္ဘာမှာ ယာဉ်တိုက်မှုကြောင့် သေဆုံးတဲ့ဦးရေဟာ တစ်နှစ်ကို ၁.၃ သန်းခန့်ရှိပြီး သန်း၅၀ကျော် ဒဏ်ရာရခဲ့ကြတာ။ ဖြစ်တော့လည်း သေလူများရဲ့ ၉၀ရာခိုင်နှုန်းက...

Read more »

ကြီး​ကော်​မှ ထုတ်ပြန်လိုက်သည့် ၂၀၁၇ အတွင်း...

Pg1 150x150

ကြီး​ကော်​မှ ထုတ်ပြန်လိုက်သည့် ၂၀၁၇ အတွင်း တင်သွင်းခွင့်ပြုသွားမည့် ကား model/Year သတ်မှတ်ချက်များ photo creadit

Read more »
Download Android App