သံလွင်မြစ်ခြားနေသည့် မော်လမြိုင်မြို့နှင့် ဘီလူးကျွန်းအား ချိတ်ဆက်၍ မြစ်ကူးတံတား တည်ဆောက်မည်

မွန်ပြည်နယ်အတွင်းရှိ မော်လမြိုင်မြို့နှင့် သံလွင်မြစ် ခြားနေသော ဘီလူးကျွန်းအား လမ်းပန်းဆက်သွယ်ရေး အဆင်ပြေစေရန် မြစ် ကူးတံတားတစ်စင်း တည်ဆောက်၍ ချိတ်ဆက်သွားမည်ဖြစ်ကြောင်း ‘မွန်ပြည်နယ်အစိုးရအဖွဲ့’မှ သတင်း ရရှိသည်။

Bridge

အဆိုပါ မြစ်ကူးတံတား တည်ဆောက်ခြင်းကို ဆောက်လုပ်ရေး ၀န်ကြီးဌာနမှ နိုင်ငံတော် ဘတ်ဂျက်အသုံးပြု၍ တည်ဆောက်မည်ဖြစ်ပြီး ဘီလူးကျွန်းမှ မော်လမြိုင်မြို့ ကမ်းနားလမ်းသို့ ဆက်သွယ်ဆောက်လုပ်မည် ဖြစ်ကြောင်း သိရသည်။ “တံတား ဆောက်လုပ်ဖို့အတွက် မြေနေရာ ရွေးချယ်နေပါတယ်၊ တံတားအရှည်၊ ဆောက်လုပ်မယ့် တံတားဒီဇိုင်းနဲ့ ဘယ်တော့ စတင်ဆောက်လုပ်မယ်ဆို တာတော့ မသိရသေးပါဘူး၊ အခုမှ ပြင်ဆင်နေတုန်းမို့ပါ၊ အဓိကကတော့ ဘီလူးကျွန်းကို သွားလာဆက်သွယ်ရေး အဆင်ပြေစေဖို့နဲ့ ခရီးသွား ဆွဲဆောင်မှုနေရာ တစ်နေရာအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်သွားချင်လို့ ဖြစ်ပါတယ်”ဟု မွန်ပြည်နယ် စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဒေါက် တာမင်းနွယ်စိုးက ပြောသည်။ ဘီလူးကျွန်းပေါ်၌ ယခင်က ရွာပေါင်း ၆၄ ရွာရှိပြီး ယခုနောက်ပိုင်း ထပ်တိုးသည့်ရွာများကို စာရင်းကောက်ယူမှုများ ဆောင်ရွက်မည် ဖြစ် ကြောင်း သိရသည်။ ဘီလူးကျွန်းမှာ သဘာဝရှုခင်းများဖြင့် လှပသောကြောင့် မော်လမြိုင်မြို့သို့ လာရောက်သည့် ခရီးသွား အချို့သွားရောက် လည်ပတ်မှုရှိပြီး ကျွန်းပေါ် သို့သွားရောက်ရန် ရေလမ်းခရီးတစ်ခုသာ အားထားနေရကာ ရွာများ၌ လျှပ်စစ်မီး မရရှိသေးကြောင်း သိရသည်။


Ref: Automobile

Latest News

အမြန်​လမ်းမကြီး​ပေါ်...

Highway road 150x150

ရန်​ကုန်​ - မန္တ​လေး အမြန်​လမ်းမကြီး​ပေါ်သို့ ယာဉ်​နံပတ်​ပြားတပ်​ဆင်​ထားခြင်းမရှိသည့်ကားများနှင့် စတိနံပါတ်​၊ယာယီနံပါတ်​တပ်​ဆင်​ထား​သောကားများ...

Read more »

AA ,BB အစရှိသည့် ရာသက်​ပန်​အဌားယာဉ်​များကို...

City taxi 150x150

AA ,BB အစရှိသည့် ရာသက်​ပန်​အဌားယာဉ်​များကို အိမ်​စီးကားအဖြစ်​ ​ပြောင်းလဲ၍မရဘဲ အခြားအက္ခရာ နံပတ်အနီကိုသာ...

Read more »

Without Body တင်​သွင်းလာခြင်းကို...

Cars 150x150

Without Body တင်​သွင်းလာခြင်းကို ခွင့်ပြုထားခြင်းမရှိ​သော်​လည်း ​Body ပါရှိပြီး ချိတ်​ဆက်​မှူအားနည်း​နေခြင်းကို အ​ကြောင်းအမျိုးမျိုးပြ၍...

Read more »

မီနီဘတ်​စ်​ကားများတင်​သွင်းရာတွင်​...

Minibus 150x150

ပြည်​ပနိုင်​ငံများမှ မီနီဘတ်​စ်​ကားများတင်​သွင်းရာတွင်​ Cancellation ကိုက်​ညီမှူ ၊ အင်​တာနက်​အ​ထောက်​အထား ကိုက်​ညီမှူ ၊...

Read more »

ကျွန်တော်တို့ CarsDB Website ကို အသုံးပြုပြီး...

Server down 1024 150x150

ကျွန်တော်တို့ CarsDB website ကြီးကို လာမည့် ၁၅.၁.၂၀၁၇ တနင်္ဂနွေနေ့တွင်12:00 AM မှ 4:00 AM ထိ ရေဆေးဆီထိုးခြင်း အလိုင်းမင်းချိန်ခြင်း...

Read more »
Download Android App