Tesla မှ SUV ကားသစ်ထုတ်လုပ်ရန် ပြင်ဆင်

ကာလရှည်ကြာစွာ စောင့်ဆိုင်းခဲ့ရတဲ့ Tesla ရဲ့ SUV Model X ကားကို လာမယ့်လပိုင်းအတွင်း ထုတ်လုပ်သွားမှာဖြစ်ကြောင်း သိရပါတယ်.။

SUV Model X ကြောင့် Tesla ဟာ crossover SUV ကားဈေးကွက်အတွင်း ဝေစုခွဲဝေရရှိလာမှာဖြစ်ပြီး ကုမ္ပဏီရဲ့ Flagship Product ဖြစ်တဲ့ Model S ဟာ ထုတ်လုပ်ရောင်းချလို့ မလောက်အောင်ကို အောင်မြင်နေခဲ့ပါတယ်.။ ကုမ္ပဏီရဲ့ Founder ဖြစ်တဲ့ Elon Musk ရဲ့အလိုအရ ကုမ္ပဏီဟာ ပိုမိုကြီးမားတဲ့ ဈေးကွက်အတွင်း ဝင်ရောက်ဖို့ လိုအပ်နေခဲ့ပြီး Model X SUV ကြောင့် အမျိုးသားတွေသာမက အမျိုးသမီးတွေကိုပါ စွဲဆောင်နိုင်မယ်လို့ Elon Musk က ခန့်မှန်းထားပါတယ်.။

tesla-model-x-detroit-2014-500x375

စစ်တမ်းတွေအရ 2014 ခုနှစ်အတွင်း အမေရိကားမှာ ရောင်းချခဲ့ရတဲ့ ကားအားလုံးရဲ့ 40% ဟာ အမျိုးသမီးတွေ ဝယ်ယူအားပေးခဲ့တာဖြစ်ပါတယ်.။ Crossover SUV လိုင်းမှာဆိုရင် အမျိုးသမီးတွေရဲ့ ဝယ်ယူမှုဟာ 50% နီးပါး ရှိခဲ့တယ်လို့ ဆိုပါတယ်.။ အသစ်ထုတ်လုပ်မယ့် Model X SUV ကို ကြိုတင်မှာယူမှုတွေရဲ့ တစ်ဝက်လောက်ဟာလဲ အမျိုးသမီးတွေပဲဖြစ်ပါတယ်.။

Lamborghini က ထုတ်လုပ်မယ့် SUV ကားအကြောင်း ဖတ်ရန်

Tesla ရဲ့ Model X ရောင်းဈေးဟာ $50,000 နဲ့ $70,000 ကြား ရှိမှာဖြစ်ပြီး SUV ဈေးကွက်ရဲ့ ဖွံ့ဖြိုးမှုကို သတိပြုမိနေပြီဖြစ်တဲ့ Jaguar, Bentley, Rolls-Royce စတဲ့ ကုမ္ပဏီတွေအပြင် Lamborghini ကားကုမ္ပဏီကပါ SUV ကားတွေ ထုတ်လုပ်လာတဲ့အချိန်မှာ Tesla ရဲ့ လျှပ်စစ် SUV ကားတွေ ဈေးကွက်အတွင်း အောင်မြင်မှု ရမရ ဆိုတာကိုတော့ စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်.။

 

Latest News

ယနေ့မနက် ဒီဇင်ဘာလ ၈ ရက်မှ စပြီး...

Container 150x150

ယနေ့မနက် ဒီဇင်ဘာလ ၈ ရက်မှ စပြီး ကမ်းနားလမ်းပေါ်ရှိမြို့ထဲ အသွား ကမ်းနားဘက်ခြမ်းတွင် ကွန်တိန်နာယာဉ်များ တန်းစီရပ်တန့်ထားသောကြောင့်...

Read more »

Consignment...

Consignment 150x150

ကားအ​ရောင်းပြခန်းများနဲ့ ကားအ​ရောင်းစင်​တာများက Consignment စနစ်ဖြင့်တင်​သွင်းထားရှိ​သောကားများ ၂၀၁၇ ဇူလိုင်​လ အထိ...

Read more »

BRT ဘတ်​စ်​ကားများကို ထိန်းချူ...

Brtcontrolroom 150x150

ရန်​ကုန်​တိုင်း​ဒေသကြီးအတွင်း ​ပြေးဆွဲ​ပေး​နေ​သော BRT အမြန်​ယာဉ်​ကားများကို ထိန်းချူ ပ်​​စောင့်ကြည့်သွားမည့် Control Room...

Read more »

ယနေ့ (၆.၁၂.၂၀၁၆) အတွက်...

Weekly price 150x150

စလစ်ဈေး အနက် - ၁၁၇ သိန်း အနီ - ၉၈ သိန်း တိုက်ကြေ - ၁၀၆ သိန်းဒေါ်လာဈေး (၁ ဒေါ်လာလျှင် ၁၃၀၆ ကျပ်) ဂျပန်ယန်းဈေး (၁၀၀ ယန်း လျှင် ၁၁၈၁.၃...

Read more »
Download Android App