သီလဝါထုတ် ဆူဇူကီး မော်တော်ယာဉ်များ ပြည်ပသို့ တင်ပို့မည်

သီလဝါ စက်မှုဇုန်တွင် ဆူဇူကီး မြန်မာကုမ္ပဏီ၏ မော်တော်ယာဉ် ထုတ်လုပ်ရေး စက်ရုံကို အပြီးသတ် တည်ဆောက်ပြီးလျှင် မော်တော်ယာဉ်များကို ပြည်ပသို့ ထုတ်လုပ် တင်ပို့မည် ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီမှ တာဝန်ရှိသူ ဦးရဲထွန်းဦးက ပြောကြားသည်။

Suzuki-Car-Work-shop

ဆူဇူကီး မြန်မာကုမ္ပဏီသည် ၂၀၁၃ နှစ်လယ်ခန့်မှ စတင်၍ စက်မှုဝန်ကြီးဌာနထံမှ မြေငှားရမ်းပြီး တောင်ဒဂုံ စက်မှုဇုန်တွင် အမေရိကန်ဒေါ်လာ ခုနစ်သန်း ရင်းနှီးမြှုပ်နှံ၍ စက်ရုံ တည်ဆောက်ကာ မော်တော်ယာဉ်များ ထုတ်လုပ်နေခြင်း ဖြစ်သည်။ ယခု တည်ဆောက်မည့် စက်ရုံသစ်သည် ယခင်စက်ရုံထက် ရင်းနှီးမြှုပ်နှံမှုပမာဏ ပိုများပြီး အင်ဂျင်အစိတ်အပိုင်း တပ်ဆင်သည့် လုပ်ငန်းများနှင့် အခြားလုပ်ငန်းသစ်များ တိုးချဲ့ကာ ပိုမိုအဆင့်မြင့် အောင်တည်ဆောက်မည် ဖြစ်ကြောင်း ဆူဇူကီးမြန်မာ ကုမ္ပဏီထံမှ သိရှိရသည်။ အဆိုပါစက်ရုံ တည်ဆောက်ခွင့်ကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ခွင့်ပြုထားပြီး ဖြစ်သော်လည်း စက်မှုဇုန် အခြေအနေကြောင့် သာ စက်ရုံတည်ဆောက်မှု နှောင့်နှေးနေခြင်း ဖြစ်ကြောင်း အဆိုပါ ကော်မရှင်မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ ဆူဇူကီး မြန်မာကုမ္ပဏီသည် ၁၉၉၉ ခုနှစ်မှ စတင်၍ ယခင် စက်မှုဝန်ကြီးဌာနနှင့် အကျိုးတူ ပူးပေါင်း၍ မော်တော်ယာဉ် ထုတ်လုပ်မှု လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပြီး ၂၀၁၀ ပြည့်နှစ်တွင် စာချုပ် သက်တမ်းပြည့်ခဲ့သည့်အတွက် ထုတ်လုပ်မှုကို ရပ်နားခဲ့ကာ ၂၀၁၃ ခုနှစ် ဇန်နဝါရီတွင် ပြန်လည်ထုတ်လုပ်ခွင့် ရရှိခဲ့သည်။

 

Ref: (The Voice Weekly)

Latest News

ကုန်​​တင်​ယာဉ်​ကြီး...

Container1 150x150

ရန်​ကုန်​မြို့အတွင်း ကုန်​တင်​ယာဉ်​နဲ့ ကုန်​​သေတ္တာယာဉ်​များကို အချိန်​ကန့်​သတ်​သွားလာရမည်​ဖြစ်​​သော်​လည်း အ​ရေးကြီးကုန်​စည်​များ...

Read more »

ကုမ္ပဏီ လိုင်​စင်​​ဖြင့်လုပ်ငန်းသုံးကား...

Breakingnews n 150x150

ပင်လယ်ေ​​ရ​ကြောင်းမှတစ်​ဆင့်လည်း​ကောင်း ၊ နယ်​စပ်​​ဒေသများမှလည်း​ကောင်း ကုမ္ပဏီ လိုင်​စင်​​ဖြင့် ၅ တန်​နှင့်​​အောက်​လုပ်​ငန်းသုံးကားများ...

Read more »

ယာဉ်အိုယာဉ်​​ဟာင်းအပ်​နှံပြီး...

Oldcars 150x150

သက်​တမ်းနှစ် ​နှစ်​ဆယ်​ပြည့်ြ့​ပီး ယာဉ်​အိုယာဉ်​​ယောင်းအပ်​နှံပြီး အစားထိုးတင်​သွင်းသည့် စနစ်​အစား အခြားနည်းလမ်းတစ်​ခုဖြင့်...

Read more »

ယနေ့မနက် ဒီဇင်ဘာလ ၈ ရက်မှ စပြီး...

Container 150x150

ယနေ့မနက် ဒီဇင်ဘာလ ၈ ရက်မှ စပြီး ကမ်းနားလမ်းပေါ်ရှိမြို့ထဲ အသွား ကမ်းနားဘက်ခြမ်းတွင် ကွန်တိန်နာယာဉ်များ တန်းစီရပ်တန့်ထားသောကြောင့်...

Read more »
Download Android App