စက်တင်ဘာလမှစ၍ ရန်ကုန်တိုင်းအတွင်း စည်းကမ်းပျက်ယာဉ်များကို စီမံချက်ဖြင့် ထိရောက်စွာအရေးယူမည်

CarsDB_17.3
လာမည့် စက်တင်ဘာလမှစ၍ ရန်ကုန်တိုင်းအတွင်းစည်းကမ်းပျက်မောင်းနှင်နေသော ကားမျာားကို စီမံချက်ဖြင့် ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း သယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့တာဝန်ရှိသူတစ်ဦးမှသိရသည်။စည်းကမ်းပျက်ယာဉ်များ ဖမ်းဆီး အရေးယူခြင်းကို ယာဉ်ထိန်းတပ်ဖွဲ့များနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများအားလုံးပါဝင်၍ စီမံချက်ဖြင့်လုပ်ဆောင်မည်ဖြစ်သည်။အများပြည်သူသွားလာမှုများသည့် လူစည်ကားရာနေရာများကို အဓိကထားကာဖမ်းဆီးစစ်ဆေးပြုလုပ်သွားမည်ဖြစ်ရာ အရှိန်ပြင်းမောင်းနှင်ခြင်း လမ်းပြောင်းပြန်မောင်းနှင်ခြင်း ယာဉ်နှစ်ထပ်ရပ်ခြင်း ယာဉ်မရပ်ရနေရာများတွင် ရပ်တန့်ခြင်းတို့ကို အရေးယူဆောင်ရွက်မည်ဖြစ်သည်။
"စက်တင်ဘာ ၁ ရက်နေ့ကစပြီး စည်းကမ်းဖောက်ဖျက်မောင်းနှင်နေတဲ့ ကားတွေကို စီမံချက်နဲ့ အရေးယူသွားတော့မှာပါ။ယာဉ်စည်းကမ်းလမ်းစည်းကမ်းစနစ်တကျလိုက်နာသွားကြဖို့လိုပါတယ်" ဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့အတွင်းရေးမှုး ဒေါက်တာမောင်အောင်ကပြောခဲ့သည်။

ခေတ်သစ်

Latest News

ယနေ့ (၆.၁၂.၂၀၁၆) အတွက်...

Weekly price 150x150

စလစ်ဈေး အနက် - ၁၁၇ သိန်း အနီ - ၉၈ သိန်း တိုက်ကြေ - ၁၀၆ သိန်းဒေါ်လာဈေး (၁ ဒေါ်လာလျှင် ၁၃၀၆ ကျပ်) ဂျပန်ယန်းဈေး (၁၀၀ ယန်း လျှင် ၁၁၈၁.၃...

Read more »

မီနီဘတ်​စ်​နဲ့စီး​တီးဘတ်​စ်​...

Kanyana 150x150

ရန်​ကုန်​မြို့ တွင်​ ​ပြေးဆွဲ​နေတဲ့ခရီးသည်​တင်​ယာဉ်​များဖြစ်​​သော မီနီဘတ်​စ်​ နဲ့ စီးတီးဘတ်​စ်​...

Read more »

Risk ကို Reduce လုပ်ပေးနိုင်မယ့် Insurance...

Car db artical 7 150x150

ကမ္ဘာမှာ ယာဉ်တိုက်မှုကြောင့် သေဆုံးတဲ့ဦးရေဟာ တစ်နှစ်ကို ၁.၃ သန်းခန့်ရှိပြီး သန်း၅၀ကျော် ဒဏ်ရာရခဲ့ကြတာ။ ဖြစ်တော့လည်း သေလူများရဲ့ ၉၀ရာခိုင်နှုန်းက...

Read more »

ကြီး​ကော်​မှ ထုတ်ပြန်လိုက်သည့် ၂၀၁၇ အတွင်း...

Pg1 150x150

ကြီး​ကော်​မှ ထုတ်ပြန်လိုက်သည့် ၂၀၁၇ အတွင်း တင်သွင်းခွင့်ပြုသွားမည့် ကား model/Year သတ်မှတ်ချက်များ photo creadit

Read more »
Download Android App