ကုမ္ပဏီအမည်ပေါက် နယ်လိုင်စင်တက္ကစီပါမစ်ဈေး ကျပ် တစ်သိန်းဝန်းကျင်သာရှိသော်လည်း ၀ယ်ယူမည့်သူမရှိ

နယ်လိုင်စင် တက္ကစီပါမစ်တစ်စောင်လျှင် ကျပ် တစ်သိန်းဝန်း ကျင်သာရှိသော်လည်း ၀ယ်ယူမည့်သူမရှိ ဖြစ်နေကြောင်း ကားအရောင်းစင်တာပိုင်ရှင်များထံမှ သိရသည်။                  AYA-Change


ရန်ကုန်တိုင်းဒေသကြီး အတွင်း၌ နယ်လိုင်စင်တက္ကစီများကို ပြေးဆွဲခွင့် မပြုတော့သည့်နောက်ပိုင်းတွင် ထိုကားများ၏ ဈေးနှုန်းသည် သိန်းနှစ်ဆယ်ဝန်းကျင်ခန့် ကျဆင်း သွားခဲ့ပြီး ပါမစ်များလည်း ၀ယ်လက် ပျောက်ဆုံးသွားခဲ့သည်။ “ရန်ကုန်တက္ကစီပါမစ် တစ်စောင်ရဲ့ ပေါက်ဈေးက သိန်းနှစ်ဆယ်ဝန်းကျင်မှာရှိပေမဲ့ နယ်လိုင်စင် တက္ကစီပါမစ် တွေကိုတော့ တစ်သိန်းဝန်းကျင်နဲ့ ရောင်းတာတောင် ၀ယ်မယ့်သူမရှိ ဖြစ်နေပါတယ်၊ နံပါတ်ထွက်ပြီးသား နယ်လိုင်စင်တက္ကစီတွေကို သိန်းနှစ်ဆယ်လောက် အရှုံးခံပြီး ရောင်းတာတောင် ဘယ်သူမှမ၀ယ်ကြပါဘူး၊ တစ်ခါတလေ နယ်အ၀ယ် တွေဆင်းလာမှသာ ဈေးသက်သာတယ်ဆိုပြီး ၀ယ်ယူကြတာဖြစ်ပါ တယ်”ဟု ‘မော်တော်ယာဉ် ရောင်းဝယ်ရေး အသင်း’ ဥက္ကဋ္ဌ ဦးအောင်သန်းဝင်းက ပြောကြားခဲ့သည်။ နယ်လိုင်စင်တက္ကစီကားများ တင်သွင်းရန်အတွက် ပါမစ်လျှောက်ထားသော ကုမ္ပဏီများသည် လည်းကားများကို ဆက်လက် မတင်သွင်းတော့ဘဲ ပါမစ်များကိုသာ အရှုံးခံပြီးရောင်းချနေကြောင်း ကားတင်သွင်းသူများထံမှ သိရှိရသည်။ ဈေးကွက်အတွင်း ဖြစ်ပေါ်နေ သော နယ်လိုင်စင် တက္ကစီဈေးများမှာ Suzuki Alto ၊ Suzuki Solio နှင့် Nissan March ကား များကို ကျပ် ၅၅ သိန်းမှ သိန်း ၆၀ ၀န်းကျင်၊ Probox ၊ AD Van ကား များကို သိန်း ၇၀ မှ ၇၅ သိန်းဝန်းကျင်အထိ ဈေးနှုန်းလျှော့ချ ရောင်းချလျက်ရှိကြောင်း ကား ၀ယ်/ရောင်းများထံမှ သိရသည်။


 

Ref: Automobile

Latest News

အမြန်​လမ်းမကြီး​ပေါ်...

Highway road 150x150

ရန်​ကုန်​ - မန္တ​လေး အမြန်​လမ်းမကြီး​ပေါ်သို့ ယာဉ်​နံပတ်​ပြားတပ်​ဆင်​ထားခြင်းမရှိသည့်ကားများနှင့် စတိနံပါတ်​၊ယာယီနံပါတ်​တပ်​ဆင်​ထား​သောကားများ...

Read more »

AA ,BB အစရှိသည့် ရာသက်​ပန်​အဌားယာဉ်​များကို...

City taxi 150x150

AA ,BB အစရှိသည့် ရာသက်​ပန်​အဌားယာဉ်​များကို အိမ်​စီးကားအဖြစ်​ ​ပြောင်းလဲ၍မရဘဲ အခြားအက္ခရာ နံပတ်အနီကိုသာ...

Read more »

Without Body တင်​သွင်းလာခြင်းကို...

Cars 150x150

Without Body တင်​သွင်းလာခြင်းကို ခွင့်ပြုထားခြင်းမရှိ​သော်​လည်း ​Body ပါရှိပြီး ချိတ်​ဆက်​မှူအားနည်း​နေခြင်းကို အ​ကြောင်းအမျိုးမျိုးပြ၍...

Read more »

မီနီဘတ်​စ်​ကားများတင်​သွင်းရာတွင်​...

Minibus 150x150

ပြည်​ပနိုင်​ငံများမှ မီနီဘတ်​စ်​ကားများတင်​သွင်းရာတွင်​ Cancellation ကိုက်​ညီမှူ ၊ အင်​တာနက်​အ​ထောက်​အထား ကိုက်​ညီမှူ ၊...

Read more »

ကျွန်တော်တို့ CarsDB Website ကို အသုံးပြုပြီး...

Server down 1024 150x150

ကျွန်တော်တို့ CarsDB website ကြီးကို လာမည့် ၁၅.၁.၂၀၁၇ တနင်္ဂနွေနေ့တွင်12:00 AM မှ 4:00 AM ထိ ရေဆေးဆီထိုးခြင်း အလိုင်းမင်းချိန်ခြင်း...

Read more »
Download Android App