ညအချိန် ပိတ်ဆို့စစ်ဆေး အရေးယူမှု နှစ်ပတ်တာအတွင်း ပြိုင်ကား ၂၄ စီး အပါအ၀င် ယာဉ်အစီးရေ ငါးရာကျော် ဖမ်းဆီးအရေးယူ

ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ပြိုင်ကားများ ယှဉ်ပြိုင်မောင်းနှင်နေမှုနှင့် စည်းကမ်းပျက်ယာဉ်များအား ညအချိန် ပိတ်ဆို့စစ်ဆေး အရေးယူဆောင်ရွက်ရာ၌ နှစ်ပတ်တာ ကာလအတွင်း ပြိုင်ကား ၂၄ စီးအပါအ၀င် ယာဉ်အစီးရေ ငါးရာကျော် ဖမ်းဆီးအရေးယူခဲ့ကြောင်း ‘အမှတ်-၂ ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံး’မှ သတင်းရရှိသည်။                police1231


ညအချိန် စည်းကမ်းမဲ့ယာဉ် မောင်းနှင်မှုများအား စစ်ဆေးဖမ်းဆီးရန်အတွက် ညစဉ် ပိတ်ဆို့ဖမ်းဆီး ဆောင်ရွက်မှုများကို ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၅ ရက်မှ စတင်ဆောင် ရွက်ခဲ့ပြီး မတ် ၁၂ ရက်အထိ ပြိုင်ကား ၂၄ စီး အပါအ၀င် ယာဉ်အစီးရေ ၅၃၄ စီးအား စစ်ဆေးအရေးယူခဲ့ကြောင်း သိရသည်။ “စည်းကမ်းနဲ့မညီတဲ့ ယာဉ်တွေကို နေ့ရော ညပါ ဖမ်းဆီးထိန်းသိမ်းမှုတွေ ပြုလုပ်နေပါတယ်၊ စဉ်ဆက်မပြတ် ဆောင်ရွက်သွားမှာပါ”ဟု အမှတ်-၂ ယာဉ်ထိန်းရဲ တပ်ဖွဲ့ခွဲမှူးရုံးမှ တာဝန်ရှိသူတစ်ဦး ကဆိုသည်။ပိတ်ဆို့ ဖမ်းဆီးစစ်ဆေးခြင်းနှင့်အတူ ညအချိန် ယာဉ်စည်းကမ်း ဖောက်ဖျက်မှုများအား လှည့်ကင်းအဖွဲ့ ခုနစ်ဖွဲ့ဖြင့် ညစဉ် ဆောင်ရွက်လျက်ရှိပြီး နှစ်ပတ်တာ ကာလအတွင်း စည်း ကမ်းပျက် ယာဉ်အစီးရေ ၉၅၂ စီးအား ဖမ်းဆီးအရေးယူမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ “ပြိုင်ကားတွေကို စစ်ဆေးဖမ်းဆီး ခဲ့တဲ့နေရာမှာ သတ်မှတ် နံပါတ်ပြား မပါတာ၊ မီးပိုတပ်တာ၊ သတ်မှတ်လိုင်စင် မဟုတ်ဘဲ မောင်းတာ အစရှိသဖြင့် စစ်ဆေးဖမ်းဆီး အရေးယူခဲ့ပါတယ်”ဟု အမှတ်-၂ ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ ဒုရဲမှူးကြီး လင်းထွဋ်က ဆိုသည်။ စည်းကမ်းနှင့် ညီညွတ်ခြင်းမရှိသည့် ယာဉ်များအား ဖမ်းဆီး အရေးယူရာ၌ Taxi Box မပါခြင်း၊ တက္ကစီဘုတ်ပြား၊ နံပါတ်ပြားများ မီးမလင်းခြင်း၊ ယာဉ်မရပ်ရ နေရာများတွင် ရပ်နားခြင်း၊ မှတ်တိုင်မဟုတ်ဘဲ ရပ်နားခြင်း၊ စတစ်ကာကပ်ခြင်း၊ ဟိုင်းလပ် ယာဉ်များ တွယ်စီးခြင်း၊ ကွေ့ကြောများ တည့်ဖြတ်ခြင်း၊ မီးနီဖြတ် ခြင်း အစရှိသဖြင့် ပါဝင်ကြောင်း သိရသည်။


Ref: Automobile

Latest News

ဘောင်​​ဖောက်​ထည့်ဘောင်​ဖြတ်ထည့်...

Images2 150x150

ပြည်ပက တင်​သွင်းလာသည့်မော်​​တော်​ယာဉ်​များကို ချဲလ်​စီနံပတ်​​ပြောင်းလဲခြင်း ​ဘောင်​​ဖောက်​ထည့်ဘာင်​ဖြတ်​ထည့်ခြင်းများ ပြုလုပ်​ထား​သော...

Read more »

ခရီးသည်​တင်​...

လက်​ရှိ ရန်​ကုန်​တိုင်း​ဒေသကြီးအစိုးရအဖွဲ့အ​နေနဲ့ ခရီးသည်​တင်​ အများပိုင်​ယာဉ်​လိုင်းစီးနင်းသူများ အဆင်​​ပြေ​ချော​မွေ့စွာ...

Read more »

ယနေ့ (၂၃.၁.၂၀၁၇) အတွက်...

စလစ်ဈေး - ၁၀၄ သိန်း ဝန်းကျင်ဒေါ်လာဈေး - (၁ ဒေါ်လာလျှင် ၁၃၅၆ ကျပ်) ဂျပန်ယန်းဈေး - (၁၀၀ ယန်း လျှင် ၁၁၈၅.၅ ကျပ်) ကညန နောက်ဆုံးရောက်ရှိနံပါတ်...

Read more »

ဧပြီ ၁ ရက်​မှစ၍ ယာဉ်​အိုယာဉ်​​ဟောင်း...

Local revenue 150x150

ဧပြီ ၁ ရက်​မှစ၍ ယာဉ်​အိုယာဉ်​​ဟောင်း စလစ်​ကပ်​တင်​သွင်းသည့်​ကားများကို လူပုဂ္ဂိုလ်​တစ်​ဦးချင်း အတိုင်း ဝင်​​ငွေခွန်​​​ပေး​ဆောင်​ရမည်​...

Read more »

ဆိပ်​ကမ်းတွင်​ ​ရောက်​ရှိ​နေ​သော without body...

လက်​ရှိ ဆိပ်​ကမ်းမျာတွင်​ ​ရောက်​ရှိ​နေ​သော without body ဖြင့်တင်​သွင်းလာ​သောကားများကို 1/90 AV ဒဏ်​​ကြေးဖြင့်ထုတ်​ယူခွင့်ပေး၍ မတ်​လ ၁၁...

Read more »
Download Android App