ကုန်ကျစရိတ်သက်သာသောကြောင့် မေတ္တာလှိုင်းယာဉ်လိုင်း၌ LPG စနစ်များ တိုးချဲ့တပ်ဆင်

ကုန်ကျစရိတ်သက်သာသောကြောင့် မေတ္တာလှိုင်းရှိကားများ LPG စနစ်များ ထပ်မံတပ်ဆင်ထားကြောင်း ‘Powertek Engineering Group’မှ သိရသည်။                Myat-Tar-Hline


ယခင်က မေတ္တာလှိုင်းယာဉ်လိုင်းတွင် LPG စနစ်ကို လေးစီးသာ တပ်ဆင်ထားသော်လည်း ကုန်ကျစရိတ်သက်သာသောကြောင့် ကား ငါးစီး ထပ်မံတပ်ဆင်ထားကြောင်း သိရသည်။ ထို့ပြင် ၈၁-အ၀ါ၊ ရွှေရန်ကုန်၊ LPG များနှင့် ကြိုပို့ ယာဉ်များတွင်လည်း Taxi စနစ်များ တပ်ဆင်မှုရှိလာကြောင်း သိရသည်။“LPG မှာ အဓိကပြဿနာက ဓာတ်ငွေ့ အရည်အသွေးပါပဲ၊ ကျန်တဲ့ ကား Heat တက်တာ၊ အင်ဂျင်ပါဝါ ထိန်းတာနဲ့ ဆီစား နှုန်းတွေက CNG ထက်သာပါတယ်၊ မေတ္တာလှိုင်းကတော့ LPG ဓာတ်ငွေ့ကို မြန်မာ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းက ပိုလျှံတာတွေ ၀ယ်ယူအသုံးပြုနေလို့ ဓာတ်ငွေ့နဲ့ ပတ်သက်ပြီး သိပ်ပြဿနာမရှိဘူး၊ စရိတ်ကလည်း CNG နဲ့က တစ်ရက် ၃၃,၀၀၀ လောက်ကျရင် အခု ၂၂,၀၀၀ လောက်ပဲ ကျတာကြောင့် တခြားယာဉ်တွေမှာလည်း LPG ကို တိုးချဲ့တပ်ဆင်တာပါ” ဟု မေတ္တာလှိုင်းယာဉ်လိုင်းနှင့် ပတ်သက်၍ ပြောရေး ဆိုခွင့် ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။LPG စနစ် တပ်ဆင်ခများမှာ တစ်စီးလျှင် ခုနစ်သိန်း ခွဲ၊ City Bus တစ်စီးလျှင် ၁၇ သိန်းခွဲဖြင့် တပ်ဆင်နိုင်ပြီး LPG ဓာတ်ငွေ့ကို lP Gas Company နှင့် မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့တွင် ဖြည့်နိုင်ကြောင်း သိရသည်။


 

Ref : Automobile

Latest News

အမြန်​လမ်းမကြီး​ပေါ်...

Highway road 150x150

ရန်​ကုန်​ - မန္တ​လေး အမြန်​လမ်းမကြီး​ပေါ်သို့ ယာဉ်​နံပတ်​ပြားတပ်​ဆင်​ထားခြင်းမရှိသည့်ကားများနှင့် စတိနံပါတ်​၊ယာယီနံပါတ်​တပ်​ဆင်​ထား​သောကားများ...

Read more »

AA ,BB အစရှိသည့် ရာသက်​ပန်​အဌားယာဉ်​များကို...

City taxi 150x150

AA ,BB အစရှိသည့် ရာသက်​ပန်​အဌားယာဉ်​များကို အိမ်​စီးကားအဖြစ်​ ​ပြောင်းလဲ၍မရဘဲ အခြားအက္ခရာ နံပတ်အနီကိုသာ...

Read more »

Without Body တင်​သွင်းလာခြင်းကို...

Cars 150x150

Without Body တင်​သွင်းလာခြင်းကို ခွင့်ပြုထားခြင်းမရှိ​သော်​လည်း ​Body ပါရှိပြီး ချိတ်​ဆက်​မှူအားနည်း​နေခြင်းကို အ​ကြောင်းအမျိုးမျိုးပြ၍...

Read more »

မီနီဘတ်​စ်​ကားများတင်​သွင်းရာတွင်​...

Minibus 150x150

ပြည်​ပနိုင်​ငံများမှ မီနီဘတ်​စ်​ကားများတင်​သွင်းရာတွင်​ Cancellation ကိုက်​ညီမှူ ၊ အင်​တာနက်​အ​ထောက်​အထား ကိုက်​ညီမှူ ၊...

Read more »

ကျွန်တော်တို့ CarsDB Website ကို အသုံးပြုပြီး...

Server down 1024 150x150

ကျွန်တော်တို့ CarsDB website ကြီးကို လာမည့် ၁၅.၁.၂၀၁၇ တနင်္ဂနွေနေ့တွင်12:00 AM မှ 4:00 AM ထိ ရေဆေးဆီထိုးခြင်း အလိုင်းမင်းချိန်ခြင်း...

Read more »
Download Android App