၁၉၉၅ စီးတီးဘတ်​စ်​ကားအပ်​နှံရင်​ လူစီးစလစ်​​ပေးမည်​ဆို​သော​ကြောင့် နှစ်နှစ်​ဆယ်​အရည်​ကျို အပ်​ကား​ဈေး ထပ်​မံကျဆင်းလာနိုင်


daily_price-1710

ရန်​ကုန်​မြို့တွင်း ​ပြေးဆွဲ​နေ​သော၁၉၉၅ မော်ဒယ်​​အောက်လိုင်းကား​တွေအပ်​နှံရင်​လူစီးစလစ်​​ပေး​မည်​သတင်း​ကြောင့်နှစ်နှစ်ဆယ်​ အရည်​ကြိုအပ်​ကား​ဈေး ထပ်​မံကျဆင်းလာနိုင်​​ကြောင်း ကားအ​ရောင်းအဝယ်​ပြုလုပ်​သူများက​ပြောကြပါတယ်​။
ယခု နှစ်​နှစ်​ဆယ်​ကားတန်းအရည်​ကြိုစလစ်​​ဈေးမှာ ၉၂ သိန်းဝန်းကျင်​ရှိ​နေရာ သိန်း ၉၀ ​အောက်​သို့ထပ်​မံကျဆင်​လာမျိုးရှိနိုင်​တယ်​လို့​ပြောပါတယ်​။

ယာဉ်​အိုယာဉ်​​ဟောင်းအပ်​နှံသည့်ကားများရှားပါးလာ​နေ​သော်​လည်း ဘ​တ်​စ်​ကားများကို လူးစီးစလစ်​ထုတ်​​ပေးမည်​ဆိုလျှင်​ ​ဈေးတန်းကျလာနိုင်​​ကြောင်းသိရပါတယ်​။

"အခုတစ်​လော ဘတ်​စ်​ကား​တွေအပ်​မယ်​ဆိုရင်​ လူစီးစလစ်​​ပေးမှာဖြစ်​​နေတဲ့အတွက်​ အရည်​ကြိုအပ်​ကား​ဈေး ထပ်​ပီးကျဆင်းလာနိုင်​တယ်​။အရင်​က​တော့ အပ်​ကား​ဈေးက ၉၆ သိန်း​လောက်​​ပေါက်​​နေတာ။အခုရက်​ပိုင်း ၉၂ ​လောက်​ပဲရှိ​တော့တယ်​။ဒါ​တောင်ဝယ်မယ့်သူမရှိဘူး။သိန်း ၉၀ ​လောက်​အထိ​ဈေးကျလာနိုင်​တယ်​။"ဟု စလစ်​အ​ရောင်းအဝယ်​ပြုလုပ်​သူကားဝယ်​​ရောင်း ကိုမင်းမင်းက​ပြောပါတယ်​။


အပ်​ကုန်​စနစ်​နဲ့ကားတင်​သွင်းထားတဲ့ ကားအ​ရောင်းစင်​တာများကလည်း စလစ်​​ဈေးကျဆင်းသွားရန်​​မျှော်​လင့်​​နေသလို အရည်​ကြိုအပ်​ကားများမှာလည်း​ပြောင်းလဲမှူဖြစ်​လာနိုင်​တဲ့သတင်းများထွက်​​ပေါ်​နေတယ်​လို့ ကားအ​ရောင်းအဝယ်​ပြုလုပ်​သူများက​ပြောကြသည်​။



ခေတ်သစ်


Latest News

ယနေ့မနက် ဒီဇင်ဘာလ ၈ ရက်မှ စပြီး...

Container 150x150

ယနေ့မနက် ဒီဇင်ဘာလ ၈ ရက်မှ စပြီး ကမ်းနားလမ်းပေါ်ရှိမြို့ထဲ အသွား ကမ်းနားဘက်ခြမ်းတွင် ကွန်တိန်နာယာဉ်များ တန်းစီရပ်တန့်ထားသောကြောင့်...

Read more »

Consignment...

Consignment 150x150

ကားအ​ရောင်းပြခန်းများနဲ့ ကားအ​ရောင်းစင်​တာများက Consignment စနစ်ဖြင့်တင်​သွင်းထားရှိ​သောကားများ ၂၀၁၇ ဇူလိုင်​လ အထိ...

Read more »

BRT ဘတ်​စ်​ကားများကို ထိန်းချူ...

Brtcontrolroom 150x150

ရန်​ကုန်​တိုင်း​ဒေသကြီးအတွင်း ​ပြေးဆွဲ​ပေး​နေ​သော BRT အမြန်​ယာဉ်​ကားများကို ထိန်းချူ ပ်​​စောင့်ကြည့်သွားမည့် Control Room...

Read more »

ယနေ့ (၆.၁၂.၂၀၁၆) အတွက်...

Weekly price 150x150

စလစ်ဈေး အနက် - ၁၁၇ သိန်း အနီ - ၉၈ သိန်း တိုက်ကြေ - ၁၀၆ သိန်းဒေါ်လာဈေး (၁ ဒေါ်လာလျှင် ၁၃၀၆ ကျပ်) ဂျပန်ယန်းဈေး (၁၀၀ ယန်း လျှင် ၁၁၈၁.၃...

Read more »
Download Android App