ယာဉ်မတော်တဆမှုကြောင့် ပျက်စီးဆုံးရှုံးမှုများကို ဘယ်လိုကာကွယ်မလဲ ဆိုတဲ့ခေါင်းစဉ်နဲ့ ဗဟုသုတများစွာကို ဆွေးနွေးတင်ပြပြီး စားသောက်ဖွယ်ရာများစွာဖြင့် ပျော်ရွှင်စွာကျင်းပခဲ့တဲ့ September လရဲ့ CarFriday

img_4014

စက်တင်ဘာလ ၃၀ ရက်နေ့က ကန်တော်ကြီးပဲလေ့စ်ဟိုတယ်ရဲ့ Q Bar တွင် AMI အာမခံလုပ်ငန်းနှင့်ပူးပေါင်းပြီး CarFriday ပွဲကို လစဉ်ပြုလုပ်နေကြပုံစံအတိုင်း ပျော်ရွှင်ဖွယ်ရာအစီအစဉ်တွေ စားသောက်ဖွယ်ရာတွေနဲ့အတူ စိတ်ဝင်စားစရာကောင်းပြီး ဗဟုသုတတွေအများကြီးရစေတဲ့ ယာဉ်မတော်တဆမှုကြောင့် ပျက်စီးဆုံးရှုံးမှုများကို ဘယ်လိုကာကွယ်နိုင်မလဲဆိုတဲ့အချက်တွေအား 
-ဒုရဲမှူး ဦးဝင်းလွင်(မြန်မာနိုင်ငံယာဉ်ထိန်းရဲတပ်ဖွဲ့)
-ဒု-ညွှန်ကြားရေးမှူး ဦးမြတ်မင်းနိုင်(Red Cross)
-ဦးခင်မောင်မြင့် (AMI) တို့မှ
- မြန်မာနိုင်ငံရှိ လမ်းမကြီးများသည် အရှေ့တောင်အာရှတွင် အန္တရာယ် အများဆုံး ဖြစ်ပေါ် နေကြောင်း အီတလီနိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာ ယာဉ်မတော်တဆမှုနှင့် သေဆုံးမှုလျှော့ချရေး NGO မှ APB ABC ၏ တာဝန်ရှိသူ တစ်ဦးကဆိုထားတဲ့အပေါ်မှာ ယာဉ်ထိန်းတပ်ဖွဲ့ရဲ့ အမြင်တွေ
- ယာဉ်မတော်တဆတိုက်ခိုက်မှုများ၏ နောက်ဆက်တွဲဖြစ်စဉ်များကြောင့် လူပေါင်း ၁၁ ဦးခန့် နေ့စဉ် သေဆုံးနေတယ်လို့ သိရပါတယ်၊ဒီဖြစ်ရပ်ကလမ်းတွေကြောင့်လား၊စည်းကမ်းမဲ့တဲ့ယာဉ်တွေကြောင့်လားဆိုတာ သုံးသပ်ချက်တွေ
-အဝေးပြေးယာဉ်လိုင်းတချို့မှာ အသက်အာမခံထားရှိမှုတွေရှိလာပါပေမဲ့ ကိုယ်ပိုင်ယာဉ်အချို့ ကတော့အာမခံထားရှိမှုရဲ့ အကျိုးကျေးဇူးကို မသိသေးကြတာကြောင့် အာမခံထားရှိမှုရဲ့ အားသာချက်ကလေးတွေ
- Red Cross အနေနဲ့ ယာဉ်မတော်တဆမှုဖြစ်လာလျှင် (အထူးသဖြင့် အမြန်လမ်းလိုနေရာတွေမှာပေါ့)ဘယ်လိုပုံစံမျိုးနဲ့ အသက်တွေကယ်ဆယ်ဖို့ လုပ်ဆောင်နေတာတွေ အပြင် အမြန်လမ်းမှာ အခြားအဖွဲ့တွေကရောပူးပေါင်းဆောင်ရွက်မှုတွေသလား နဲ့ Red Cross ရဲ့ အနာဂတ်စီမံကိန်းတွေ
- ယာဉ်ထိန်းတပ်ဖွဲ့အနေနဲ့ ယာဉ်လမ်းအန္တရာယ် ကင်းရှင်းဖို့ဘယ်လိုစီမံကိန်းတွေနဲ့ ဆောင်ရွက်နေပါသလဲဆိုတာတွေ
- ယာဉ်မောင်းတစ်ယောက်အနေနဲ့ ယာဉ်မတော်တဆမှုဖြစ်လာရင် သူကိုယ်တိုင်ရော ကယ်တင်လို့ရနိုင်သလား။အဲဒီအတွက် ရှေးဦးပြုစုမှုလုပ်ဖို့ ဘာတွေသိထားဖို့လိုအပ်ပါသလဲ ဆိုတာတွေ
- မြန်မာနိုင်ငံအတွင်းယာဉ်မတော်တဆမှုတွေလျော့ကျသွားအောင် ပြည်သူတွေအနေနဲ့ ဘယ်လိုပြုမူဆောင်ရွက်သင့်သလဲဆိုတာ အကြံပြုဆွေးနွေးချက်တွေ ကို အဓိကပါဝင်ဆွေးနွေးသွားပေးခဲ့ပြီး နောက် ပျော်ရွှင်စရာ အမေးအဖြေလေးတွေကို ကျင်းပပြုလုပ်ပေးခဲ့ပြီး ပွဲလာပရိသတ်များအား လက်ဆောင်လေးများနှင့် ကျေးဇူးတုံ့ပြန်ပေးခဲ့ပါတယ်။

Latest News

မီနီဘတ်​စ်​နဲ့စီး​တီးဘတ်​စ်​...

Kanyana 150x150

ရန်​ကုန်​မြို့ တွင်​ ​ပြေးဆွဲ​နေတဲ့ခရီးသည်​တင်​ယာဉ်​များဖြစ်​​သော မီနီဘတ်​စ်​ နဲ့ စီးတီးဘတ်​စ်​...

Read more »

Risk ကို Reduce လုပ်ပေးနိုင်မယ့် Insurance...

Car db artical 7 150x150

ကမ္ဘာမှာ ယာဉ်တိုက်မှုကြောင့် သေဆုံးတဲ့ဦးရေဟာ တစ်နှစ်ကို ၁.၃ သန်းခန့်ရှိပြီး သန်း၅၀ကျော် ဒဏ်ရာရခဲ့ကြတာ။ ဖြစ်တော့လည်း သေလူများရဲ့ ၉၀ရာခိုင်နှုန်းက...

Read more »

ကြီး​ကော်​မှ ထုတ်ပြန်လိုက်သည့် ၂၀၁၇ အတွင်း...

Pg1 150x150

ကြီး​ကော်​မှ ထုတ်ပြန်လိုက်သည့် ၂၀၁၇ အတွင်း တင်သွင်းခွင့်ပြုသွားမည့် ကား model/Year သတ်မှတ်ချက်များ photo creadit

Read more »

အွန်​လိုင်းစနစ်​စတင်​​ပြောင်းလဲ​နေချိန်​...

Images 150x150

အ​ကောက်ခွန်ဦးစီးဌာန​​​​​​​​က စည်းကြပ်​အခွန်သတ်​မှတ်​တဲ့ အွန်​လိုင်းစနစ်​စတင်​​ပြောင်းလဲ​နေချိန်​ ဆိပ်​ကမ်းက ကားများထုတ်​ယူရန်အတွက်...

Read more »

ယာဉ်​အိုယာဉ်​​ဟောင်းအပ်​နှံမည့်...

Bm bus 150x150

၁၉၉၅ မော်ဒယ်​​အောက်​ခရီးသည်​တင်​ကားအစီး​ရေ ၂၀၀ အား လူစီးစလစ်​ထပ်​မံထုတ်​​ပေးသွားရန်​ရှိတယ်​လို့...

Read more »
Download Android App