အရှေ့တောင်အာရှ၏ အကြီးဆုံး SCANIA Office & Services Centre ဖွင့်လှစ်

အရှေ့တောင်အာရှ၏ အကြီးဆုံး SCANIA Office & Services Center ကို စက်တင်ဘာ ၁၀ ရက်က အမှတ် ၃၇၊ ရန်ကုန်-ပုသိမ်လမ်းမကြီး၊ မြကြာညိုလမ်းနှင့် မြကတီပါလမ်း၊ လှိုင်သာယာမြို့နယ်တွင် ဖွင့်လှစ်ခဲ့ကြောင်းသိရှိရသည်။

 

SCANIA

ရွှေတောင် ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီ၏ ညီနောင်ကုမ္ပဏီဖြစ်သော Octagon International Services Co.,Ltd ကို ၂၀၀၅ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ဆွီဒင်နိုင်ငံရှိ SCANIA ကုမ္ပဏီ၏ မြန်မာပြည်တစ်ဦးတည်း ကိုယ်စားလှယ်အဖြစ် ၂၀၀၇ ခုနှစ်မှ စတင်ကာ အဆင့်မြင့်လုပ်ငန်းသုံးယာဉ်များဖြစ်သော ဘတ်စ်ကားများ၊ ထရပ်ကားများ၊ မီးစက်များ တင်သွင်းဖြန့်ဖြူး ရောင်းချလျက်ရှိသည်။

Octagon ကုမ္ပဏီသည် ၂၀၁၃ နှစ်ဆန်းပိုင်းမှစ၍ မြေ ၁၀ ဧကနှင့် အဆောက်အအုံ စတုရန်းမီတာ ၃၅၀၀ အကျယ်တွင် အရှေ့တောင်အာရှတွင် အကြီးဆုံးသောရုံးနှင့် ဝန်ဆောင်မှုပေးနိုင်သော SCANIA Office & Services Center ကို တည်ဆောက်ခဲ့ပြီး ယခုလ ၁၀ ရက်နေ့၌ ဖွင့်လှစ်ခဲခြင်းဖြစ်သည်။

ထို Service Center တွင် Sale Center ၊ Training Center ၊ Warehouse ၊ Scania Shop ပါရှိပြီး Services Center တွင် Maintenance ၁၄ နေရာ၊ Damange Repair ၄ နေရာ၊ Service ၄ နေရာအဖြစ် စုစုပေါင်း ၂၂ နေရာ၌ တပြိုင်နက်ပြုပြင်ပေးနိုင်ကြောင်း သိရသည်။

ယခုအခါတွင် မြန်မာနိုင်ငံတွင် SCANIA Bus အသစ် နှစ်ရာခန့် ရောက်ရှိပြီး စုစုပေါင်းအစီးရေ သုံးရာခန့် ရောင်းချခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။

Auto Mobile Weekly Journal မှကူးယူဖော်ပြသည်။

Photo credit by Alias 0591

Latest News

ဘောင်​​ဖောက်​ထည့်ဘောင်​ဖြတ်ထည့်...

Images2 150x150

ပြည်ပက တင်​သွင်းလာသည့်မော်​​တော်​ယာဉ်​များကို ချဲလ်​စီနံပတ်​​ပြောင်းလဲခြင်း ​ဘောင်​​ဖောက်​ထည့်ဘာင်​ဖြတ်​ထည့်ခြင်းများ ပြုလုပ်​ထား​သော...

Read more »

ခရီးသည်​တင်​...

လက်​ရှိ ရန်​ကုန်​တိုင်း​ဒေသကြီးအစိုးရအဖွဲ့အ​နေနဲ့ ခရီးသည်​တင်​ အများပိုင်​ယာဉ်​လိုင်းစီးနင်းသူများ အဆင်​​ပြေ​ချော​မွေ့စွာ...

Read more »

ယနေ့ (၂၃.၁.၂၀၁၇) အတွက်...

စလစ်ဈေး - ၁၀၄ သိန်း ဝန်းကျင်ဒေါ်လာဈေး - (၁ ဒေါ်လာလျှင် ၁၃၅၆ ကျပ်) ဂျပန်ယန်းဈေး - (၁၀၀ ယန်း လျှင် ၁၁၈၅.၅ ကျပ်) ကညန နောက်ဆုံးရောက်ရှိနံပါတ်...

Read more »

ဧပြီ ၁ ရက်​မှစ၍ ယာဉ်​အိုယာဉ်​​ဟောင်း...

Local revenue 150x150

ဧပြီ ၁ ရက်​မှစ၍ ယာဉ်​အိုယာဉ်​​ဟောင်း စလစ်​ကပ်​တင်​သွင်းသည့်​ကားများကို လူပုဂ္ဂိုလ်​တစ်​ဦးချင်း အတိုင်း ဝင်​​ငွေခွန်​​​ပေး​ဆောင်​ရမည်​...

Read more »

ဆိပ်​ကမ်းတွင်​ ​ရောက်​ရှိ​နေ​သော without body...

လက်​ရှိ ဆိပ်​ကမ်းမျာတွင်​ ​ရောက်​ရှိ​နေ​သော without body ဖြင့်တင်​သွင်းလာ​သောကားများကို 1/90 AV ဒဏ်​​ကြေးဖြင့်ထုတ်​ယူခွင့်ပေး၍ မတ်​လ ၁၁...

Read more »
Download Android App