မော်တော်ယာဉ် အရောင်းစင်တာနှင့် ပြခန်းများဖွင့်လှစ်ရန်အတွက် တိုင်းဒေသကြီးအစိုးရ ထောက်ခံချက်နှင့် စည်ပင်ခွင့်ပြုချက် လိုအပ်

မော်တော်ယာဉ် အရောင်းစင်တာနှင့် အရောင်းပြခန်းသစ်များ ဖွင့်လှစ်ရန်အတွက် တိုင်းဒေသကြီး ထောက်ခံချက်နှင့် စည်ပင်ခွင့်ပြုချက်ပါရှိမှသာ ခွင့်ပြုပေးတော့မည် ဖြစ် ကြောင်း ‘စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန’မှ သိရှိရသည်။

                   Myanmar-Car-Showroom


ယခင်က မော်တော်ယာဉ် အရောင်းစင်တာနှင့် အရောင်းပြခန်းများ ဖွင့်လှစ်ပြီးမှ တိုင်းဒေသကြီး ထောက်ခံချက်နှင့် စည်ပင်သာယာရေး ကော်မတီ၏ လုပ်ငန်းလိုင်စင်ကို တင်ပြနိုင်သော်လည်း ယခုအခါ ထောက်ခံချက် ပြည့်စုံမှသာ ခွင့်ပြုပေးမည်ဖြစ်သည်။ “ကားအရောင်းစင်တာတွေ စတင်ခွင့်ပြုတဲ့အချိန်က နိုင်ငံတော်အနေနဲ့ တင်သွင်း လာတဲ့ ကားတွေကို အချိန်တိုအတွင်းမှာ ရောင်းချပေးစေလိုတဲ့အတွက် တိုင်းဒေသကြီးထောက်ခံချက်နဲ့ စည်ပင်လုပ်ငန်းလိုင်စင်ကို အရင်တင်ပြစရာ မလိုဘဲ ခွင့်ပြုပေး ခဲ့ပါတယ်၊ အခုအ ချိန်မှာတော့ အရောင်းစင်တာဖွင့်လှစ်မှုက လုပ်ငန်းရှင်တိုင်း နားလည် သဘောပေါက်လာကြတဲ့အတွက် ထောက်ခံချက် အပြည့်အစုံနဲ့ စည်ပင်လိုင်စင် ပါရှိမှသာ ခွင့်ပြုပေးမှာ ဖြစ်ပါတယ်”ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။ ထို့ပြင် ကားအရောင်းစင်တာများနှင့် ကားအရောင်းပြခန်းများ အနေဖြင့် သက်တမ်းတိုးဆောင်ရွက်လိုပါက သက်ဆိုင်ရာတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုချက်နှင့် စည်ပင်သာယာရေး ကော်မတီ၏ လုပ်ငန်း လိုင်စင် ပြည့်စုံခြင်းမရှိပါက သက်တမ်းတိုးကာလ တစ်နှစ်အစား ခြောက်လသာ ပြင်ဆင်ခွင့်ပြု ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။


 

Ref: Automobile

Latest News

ယနေ့ (၆.၁၂.၂၀၁၆) အတွက်...

Weekly price 150x150

စလစ်ဈေး အနက် - ၁၁၇ သိန်း အနီ - ၉၈ သိန်း တိုက်ကြေ - ၁၀၆ သိန်းဒေါ်လာဈေး (၁ ဒေါ်လာလျှင် ၁၃၀၆ ကျပ်) ဂျပန်ယန်းဈေး (၁၀၀ ယန်း လျှင် ၁၁၈၁.၃...

Read more »

မီနီဘတ်​စ်​နဲ့စီး​တီးဘတ်​စ်​...

Kanyana 150x150

ရန်​ကုန်​မြို့ တွင်​ ​ပြေးဆွဲ​နေတဲ့ခရီးသည်​တင်​ယာဉ်​များဖြစ်​​သော မီနီဘတ်​စ်​ နဲ့ စီးတီးဘတ်​စ်​...

Read more »

Risk ကို Reduce လုပ်ပေးနိုင်မယ့် Insurance...

Car db artical 7 150x150

ကမ္ဘာမှာ ယာဉ်တိုက်မှုကြောင့် သေဆုံးတဲ့ဦးရေဟာ တစ်နှစ်ကို ၁.၃ သန်းခန့်ရှိပြီး သန်း၅၀ကျော် ဒဏ်ရာရခဲ့ကြတာ။ ဖြစ်တော့လည်း သေလူများရဲ့ ၉၀ရာခိုင်နှုန်းက...

Read more »

ကြီး​ကော်​မှ ထုတ်ပြန်လိုက်သည့် ၂၀၁၇ အတွင်း...

Pg1 150x150

ကြီး​ကော်​မှ ထုတ်ပြန်လိုက်သည့် ၂၀၁၇ အတွင်း တင်သွင်းခွင့်ပြုသွားမည့် ကား model/Year သတ်မှတ်ချက်များ photo creadit

Read more »
Download Android App