အများပိုင်ယာဉ်လိုင်းတွင် ပါဝင်မည့်ယာဉ်များ ၂၀၀၆ မော်ဒယ်အထက်ဖြစ်ရမည်ဆို၍ မော်ဒယ်နိမ့်ကားများ ဝယ်ယူထားမိသော အုံနာများအခက်တွေ့


bus

ရန်ကုန်တိုင်းဒေသကြီး ခရီးသည်သယ်ယူပို့ဆောင်ရေးတွင် အများပိုင်ကုမ္ပဏီများ၌ အများပိုင် ၂၀၀၆ မော်ဒယ်နှင့် အထက်ကားများကိုသာ ဝင်ရောက်ပြေးဆွဲခွင့်ရမည်ဖြစ်သဖြင့် မော်ဒယ်နိမ့်ကားများ ဝယ်ယူထားမိသော ယာဉ်ပိုင်ရှင်အုံနာများ အခက်တွေ့နေကြောင်းသိရသည်။


မကြာခင်ကမှ ယာဉ်အိုယာဉ်ဟောင်းစနစ်ဖြင့် အစားထိုးတင်သွင်းဝယ်ယူထားသော ၂၀၀၂ မော်ဒယ်နှင့် ၂၀၀၃ မော်ဒယ် ယာဉ်ပိုင်ရှင်များ အများပိုင်ကုမ္ပဏီတွင် ဝင်ရောက်ခွင့်ရရှိနိုင်ရန်လိုအပ်နေကြောင်းသိရသည်။

"ယာဉ်ဟောင်းအစားထိုးစနစ်နဲ့ ဝယ်ယူထားခဲ့တဲ့ ၂၀၀၂ မော်ဒယ် ၂၀၀၄ မော်ဒယ်ကားတွေက ဝယ်ထားတာ ဘာမှမကြာသေးဘူး။ လက်ရှိပြေးဆွဲနေတဲ့ကားတွေနဲ့ ၂၀၀၆ မော်ဒယ်က ဘာမှသိပ်ကွာတာလည်း မဟုတ်ဘူး။ တစ်ချို့ကားတွေဆိုဝယ်ထားတာ အကြွေးတောင် မကြေသေးဘူးလေ။ အခုဘယ်လိုပြောင်းရမလဲ။ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ ဒီသတ်မှတ်ချက်ကို နည်းနည်းပြင်ဆင်ပေးသင့်ပါတယ်" ဟု ၃၁ ယာဉ်လိုင်းပိုင်ရှင် ဦးကိုကိုနိုင်ကပြောသည်။


အများပိုင်​ကုမ္ပဏီယာဉ်လိုင်းများတွင်ပါဝင်ခွင့်ရရှိရန် လွတ်တော်သို့တင်ပြတောင်းဆိုမှူများပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

ခေတ်သစ်


Latest News

ယ​နေ့ အ​ကောက်​​ခွန်​ဦးစီးဌာနတွင်​...

Revenue office 150x150

သွင်းကုန်​လိုင်​စင်​​ဖော်​ပြချက်​၊သွင်းကုန်​​ကြေငြာလွှာတွင်​​ဖော်​ပြထားသည့်အမျိုးအစား နှင့် မျက်မြင်​စစ်​​ဆေးခြင်း ကွဲလွဲတာကို Type လွဲ...

Read more »

ထရပ်​နှင့် လိုက်ထရပ်​ကားများ...

Toyota liteace 1997 150x150

ထရပ်​နှင့် လိုက်ထရပ်​ကားများ လက်​ကျန်​အင်​ဂျင်​များကို စက်​မှူဇုန်​ အဖြစ်​ထုတ်​လုပ်​မည်​ဖြစ်ရာ ရန်​ကုန်​လိုင်​စင်ဖြင့်...

Read more »

Brand name ကွဲလွဲသည့် Original Equipment...

1av1 150x150

Brand name ကွဲလွဲသည့် Original Equipment manufacture (OEM) စနစ်​ဖြင့် တင်သွင်း​သောကားများကို မတ်​လ ၁၁ ရက်​​နေ့မှစ၍ သိမ်းဆည်း...

Read more »

၂၀၁၄ မော်ဒယ်​ဖြင့် တင်​သွင်းထားသည့်ကားများကို...

Corrolla 150x150

၂၀၁၄ မော်ဒယ်​ဖြင့်တင်​သွင်းထားသည့်ကားများကို စလစ်​မကပ်​ဘဲ ကနဦးမှတ်​ပုံတင်​ပြုလုပ်​​ပေးရန်​ တင်​ပြ​တောင်းဆိုထားရှိတယ်​လို့...

Read more »

YBS စနစ်​၏ လိုအပ်​ချက်​များ...

Bus and taxi 150x150

ရန်​ကုန်​မြို့တွင်​ အများပြည်​သူစီးနင်းသွားလာ​နေသည့် အများပိုင်​ယာဉ်​လိုင်း YBS စနစ်​၏ လိုအပ်​ချက်​များ လုပ်​​ဆောင်ြ​ပီးမှသာ ​​အဌားယာဉ်​များ...

Read more »
Download Android App