ယာဉ်အို ယာဉ်ဟောင်း အပ်နှံမှု မြင်သာရှိ က.ည.န ရုံး၌သာ လက်ခံဦးမည်

ဇန်န၀ါရီလ နောက်ဆုံး ပတ်ထဲ၌ ယာဉ်အို၊ ယာဉ်ဟောင်း များအပ်နှံမှုအား ဒညင်းကုန်းနှင့် သန်လျင်သို့ ပြောင်းရွှေ့မည်ဟု သတင်းထွက်ပေါ်ခဲ့ပြီး မြင်သာ က.ည.န ရုံးသို့ မေးမြန်းခဲ့ရာ ပြောင်းရွှေ့မည် မဟုတ်ကြောင်း ကုန်း လမ်းပို့ဆောင်ရေး နှင့်ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး ပြောပြခဲ့သည်။

Kya-Nya-Na

မြင်သာ က.ည.န ရုံးတွင် ယာဉ်အို၊ ယာဉ်ဟောင်းများ ဆက်လက် အပ်နှံနေပြီး နေပြည်တော် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ လည်းပြောင်း ရွှေ့ရန် ညွှန်ကြားထားခြင်း မရှိကြောင်း သိရသည်။ ကျွန်တော်တို့ ပြောင်းရမယ်ဆိုတာ မဟုတ်ပါဘူး။ ဒီမြင်သာမှာပဲ ဆက်လက်ပြီး ယာဉ်အို၊ ယာဉ်ဟောင်းတွေ အပ်နှံနေပါတယ်။ နေပြည်တော်ကနေ ညွှန်ကြားထားတာ၊ ထုတ် ပြန်ထားတာလည်း မရှိသေးပါဘူး။ ယာဉ်အို၊ ယာဉ်ဟောင်း အပ်နှံမှု မူဝါဒအသစ် ကလည်း ဘယ်အချိန်မှ ထုတ်ပြန်မယ် ဆိုတာ မခန့်မှန်းနိုင် သေးဘူးလို့ အဆိုပါ တာဝန်ရှိသူမှ ပြောကြားခဲ့သည်။ ယာဉ်အို၊ ယာဉ်ဟောင်း အပ်နှံမှုမူဝါဒ အသစ်မှာလည်း  ထွက်ပေါ်လာခြင်း မရှိသေးဘဲ က.ည.န မှ သန်လျင်သို့ ပြောင်းရွှေ့မည် ဟူသော သတင်းအား ယာဉ်အပ်နှံသူများမှ စိတ်ဝင်စား လျက်ရှိကြောင်း သိရသည်။ယာဉ်အို၊ ယာဉ်ဟောင်း အပ်နှံခြင်း၊ ကနဦး မှတ်ပုံတင်ခြင်း နှင့်နံပါတ်ပြား ထုတ်ပေးခြင်းများကို က.ည.န ရုံးတွင် ဆက်လက်ပြုလုပ် ပေးနေကြောင်း သိရသည်။

 

Ref: Auto World

Latest News

AA ,BB အစရှိသည့် ရာသက်​ပန်​အဌားယာဉ်​များကို...

City taxi 150x150

AA ,BB အစရှိသည့် ရာသက်​ပန်​အဌားယာဉ်​များကို အိမ်​စီးကားအဖြစ်​ ​ပြောင်းလဲ၍မရဘဲ အခြားအက္ခရာ နံပတ်အနီကိုသာ...

Read more »

Without Body တင်​သွင်းလာခြင်းကို...

Cars 150x150

Without Body တင်​သွင်းလာခြင်းကို ခွင့်ပြုထားခြင်းမရှိ​သော်​လည်း ​Body ပါရှိပြီး ချိတ်​ဆက်​မှူအားနည်း​နေခြင်းကို အ​ကြောင်းအမျိုးမျိုးပြ၍...

Read more »

မီနီဘတ်​စ်​ကားများတင်​သွင်းရာတွင်​...

Minibus 150x150

ပြည်​ပနိုင်​ငံများမှ မီနီဘတ်​စ်​ကားများတင်​သွင်းရာတွင်​ Cancellation ကိုက်​ညီမှူ ၊ အင်​တာနက်​အ​ထောက်​အထား ကိုက်​ညီမှူ ၊...

Read more »

ကျွန်တော်တို့ CarsDB Website ကို အသုံးပြုပြီး...

Server down 1024 150x150

ကျွန်တော်တို့ CarsDB website ကြီးကို လာမည့် ၁၅.၁.၂၀၁၇ တနင်္ဂနွေနေ့တွင်12:00 AM မှ 4:00 AM ထိ ရေဆေးဆီထိုးခြင်း အလိုင်းမင်းချိန်ခြင်း...

Read more »

ရန်​ကုန်​မြို့ တွင်း ​မောင်းနှင်​​နေ​သော Taxi...

Taxicab 150x150

ရန်​ကုန်​တိုင်း​ဒေသကြီးတွင်​ ​ပြေးဆွဲ​မောင်းနှင်​​နေ​သော Taxi များကို နိုင်ငံတကာတွင်​ကျင့်သုံး​နေသည့် မိုဘိုင်းဖုန်းမှ...

Read more »
Download Android App