ကညန နံပါတ်ပြား အသုံးပြုခြင်း မရှိသော ယာဉ်မောင်းများကို ယာဉ်မောင်းလိုင်စင် တစ်နှစ်ပိတ်မည်

စတေကာကပ် မောင်းနှင်နေသည့် မော်တော်ယာဉ်များနှင့် က.ည.န မှတရားဝင် ထုတ်ပေးထားသော ယာဉ်နံပါတ်ပြား တပ်ဆင် အသုံးပြုခြင်း မရှိဘဲ မိမိအစီအစဉ်ဖြင့် ဖန်တီးထားသော နံပါတ်ပြားများ အသုံးပြုပြီး မောင်းနှင်သွားလာနေသော ယာဉ်မောင်းများကို ယာဉ်မောင်းလိုင်စင် တစ်နှစ်ပိတ်သိမ်းသည်အထိ အရေးယူသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူးဖြစ်သူ ရဲမှူးကြီးကျော်ထွေးက ဒီဇင်ဘာ ၂၅ ရက် နံနက်ပိုင်းတွင် ပြောကြားခဲ့တယ်လို့ သိရပါတယ်။

[caption id="attachment_387589" align="alignnone" width="500"]A worker polishes a Ford during an event...A worker polishes a Ford during an event by US carmaker Ford in Yangon on April 30, 2013. US carmaker Ford announced plans on April 30 to enter into the Myanmar market as sanctions have eased following democratic reforms in 2012. AFP PHOTO/ Soe Than WINSoe Than WIN/AFP/Getty Images A worker polishes a Ford during an event...A worker polishes a Ford during an event by US carmaker Ford in Yangon on April 30, 2013. US carmaker Ford announced plans on April 30 to enter into the Myanmar market as sanctions have eased following democratic reforms in 2012. AFP PHOTO/ Soe Than WINSoe Than WIN/AFP/Getty Images[/caption]

စည်းကမ်းချိုးဖောက်သူများ အလွန်များပြားလာတဲ့အတွက် အခုလို အရေးယူရတာ ပြောကြားခဲ့ပါတယ်။ အခု စီမံချက်ဒဏ်ငွေဆိုတာ မရှိတော့ဘူး။ မော်တော်ယာဉ် နည်းဥပဒေအရ ဒဏ်ငွေ ကျပ်၁၅၀၀ ကနေ ၂၀၀၀ ထိပဲ ပေးဆောင်ရတယ်။ အဲ့ဒီတော့ ယာဉ်မောင်းတွေ၊ ယာဉ်ပိုင်ရှင်တွေအနေနဲ့ စည်းကမ်းပိုင်းကို လိုက်နာမှု အားနည်းလာတယ်။ စည်းကမ်းဖောက် ပြီးတော့ ဒဏ်ငွေ ကျပ် ၁၅၀၀ ကို လွယ်လွယ် ကူကူပေးဆောင်လာကြတယ်။ ဒါကြောင့် စည်းကမ်းတွေ လိုက်နာဖို့ စတေကာကပ်ပြီး မောင်းတဲ့ ယာဉ်မောင်းတွေနဲ့ ကားနံပါတ်ကို ဒီဇိုင်းလုပ်ပြီး မောင်းနှင်နေတဲ့ ယာဉ်မောင်းတွေကို အနည်းဆုံး ယာဉ်မောင်း လိုင်စင်ခြောက်လကနေ တစ်နှစ်ထိ ပိတ်သိမ်းအရေးယူသွားမယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှပြောကြားခဲ့ပါတယ်။

Ref: Eleven Media Group

Latest News

ကုန်​​တင်​ယာဉ်​ကြီး...

Container1 150x150

ရန်​ကုန်​မြို့အတွင်း ကုန်​တင်​ယာဉ်​နဲ့ ကုန်​​သေတ္တာယာဉ်​များကို အချိန်​ကန့်​သတ်​သွားလာရမည်​ဖြစ်​​သော်​လည်း အ​ရေးကြီးကုန်​စည်​များ...

Read more »

ကုမ္ပဏီ လိုင်​စင်​​ဖြင့်လုပ်ငန်းသုံးကား...

Breakingnews n 150x150

ပင်လယ်ေ​​ရ​ကြောင်းမှတစ်​ဆင့်လည်း​ကောင်း ၊ နယ်​စပ်​​ဒေသများမှလည်း​ကောင်း ကုမ္ပဏီ လိုင်​စင်​​ဖြင့် ၅ တန်​နှင့်​​အောက်​လုပ်​ငန်းသုံးကားများ...

Read more »

ယာဉ်အိုယာဉ်​​ဟာင်းအပ်​နှံပြီး...

Oldcars 150x150

သက်​တမ်းနှစ် ​နှစ်​ဆယ်​ပြည့်ြ့​ပီး ယာဉ်​အိုယာဉ်​​ယောင်းအပ်​နှံပြီး အစားထိုးတင်​သွင်းသည့် စနစ်​အစား အခြားနည်းလမ်းတစ်​ခုဖြင့်...

Read more »

ယနေ့မနက် ဒီဇင်ဘာလ ၈ ရက်မှ စပြီး...

Container 150x150

ယနေ့မနက် ဒီဇင်ဘာလ ၈ ရက်မှ စပြီး ကမ်းနားလမ်းပေါ်ရှိမြို့ထဲ အသွား ကမ်းနားဘက်ခြမ်းတွင် ကွန်တိန်နာယာဉ်များ တန်းစီရပ်တန့်ထားသောကြောင့်...

Read more »
Download Android App