ဘုရင့်နောင် အမှတ်-၂ မြစ်ကူးတံတား လာမည့် ဧပြီလတွင် ဖွင့်လှစ် အသုံးပြုမည်

ဘုရင့်နောင် အမှတ်-၂ မြစ်ကူးတံတား တည်ဆောက်မှုမှာ ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးလျက်ရှိပြီး ယခုနှစ်၊ ဧပြီလတွင် ဖွင့်လှစ် အသုံးပြုနိုင်မည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သတင်းရရှိသည်။

[caption id="attachment_387568" align="alignnone" width="500"]A rescue boat works near a damage bridge in Kyauk Myaung township, east of Shwe Bo, Sagaing division in central Myanmar, following a 6.8-magnitude quake which hit some 116 kilometers (72 miles ) north of the northern Myanmar city on November 11, 2012. A powerful earthquake that struck Myanmar on November 11 left at least two dead and five missing, a government official said, after the tremor sparked panic in Mandalay. AFP PHOTO/ Soe Than WIN A rescue boat works near a damage bridge in Kyauk Myaung township, east of Shwe Bo, Sagaing division in central Myanmar, following a 6.8-magnitude quake which hit some 116 kilometers (72 miles ) north of the northern Myanmar city on November 11, 2012. A powerful earthquake that struck Myanmar on November 11 left at least two dead and five missing, a government official said, after the tremor sparked panic in Mandalay. AFP PHOTO/ Soe Than WIN[/caption]

အမှတ်-၂ မြစ်ကူးတံတားကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အထူးစီမံကိန်းကြီးအဖွဲ့-၅ မှ ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီ ၆ ရက်တွင် စတင် ဆောက်လုပ်ခဲ့ခြင်း ဖြစ်ပြီး ၂၀၁၄ ခုနှစ်၊ ဧပြီလတွင် ဖွင့်လှစ်အသုံးပြုနိုင်ရန် လျာထားကြောင်း၊ တံတားတည်ဆောက်မှု လုပ်ငန်းများမှာ ရှစ်ဆယ်ရာခိုင်နှုန်းခန့် ပြီးစီးလျက်ရှိကာ လက်ရှိတွင် တံတားသံဘောင် တပ်ဆင်မှုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဘုရင့်နောင် အမှတ်-၂ မြစ် ကူးတံတား တည်ဆောက်မှုကြောင့် ဘုရင့်နောင် အပေါ်လွှာတံတားပေါ်တွင် ကားကျပ်မှုနှင့် ပတ်သက်၍ နှစ်ထပ်ခုံးကျော်တံတား ဖွင့်လိုက်ပြီ ဆိုပေမဲ့ လှိုင်သာယာဘက်ကို သွားတဲ့ကားက များနေတော့ တံတားပေါ်မှာ နည်းနည်း ကျပ်နေတယ်၊ လှိုင်သာယာဘက်သွားတဲ့ ကားက အရင်နှစ်ထက် ခုနစ်ဆ၊ ရှစ်ဆလောက် များလာတယ်၊ မြစ်ကူးတံတားပြီးရင်တော့ တော်တော် အဆင်ပြေမှာပါ၊ လက်ရှိ ကျပ်နေတာက သီရိမွန်နဲ့ ဘုရင့်နောင်လမ်းကြားမှာပါ၊ လမ်းခင်းနေ တာကြောင့်လည်း ပါပါတယ်ဟု ဘုရင့်နောင် အဝေးပြေးကုန်စည်ဒိုင်အသင်း ဥက္ကဋ္ဌဦးခင်ဟန်က ၎င်း၏ အမြင်ကို ပြောပြသည်။ ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်ဘက်ကမ်းနှင့် လှိုင်သာယာဘက်ကမ်းကို ချိတ်ဆက်ပေးမည့် ဘုရင့်နောင် အမှတ်-၂ မြစ်ကူးတံတားကြီးမှာ ယာဉ်သွားလမ်း လေးလမ်းပါရှိပြီး ပင်မ တံတား အရှည်မှာ ၁ç၆၂၈ ဒသမ ၃ ပေနှင့် ခံနိုင်ဝန်အလေးချိန် ၇၅ တန် သတ်မှတ်ထားကြောင်း၊ ရေလမ်း ကင်းလွတ်ခွင့် အမြင့်ပေ ၃၆ ပေရှိကာ အဆိုပါတံတားကို ငွေကျပ်သုံးဆယ် ဘီလျံခန့် အကုန်အကျခံ တည်ဆောက်မည် ဖြစ်ကြောင်း သိရသည်။

 

Ref: Automobile

Latest News

မီနီဘတ်​စ်​နဲ့စီး​တီးဘတ်​စ်​...

Kanyana 150x150

ရန်​ကုန်​မြို့ တွင်​ ​ပြေးဆွဲ​နေတဲ့ခရီးသည်​တင်​ယာဉ်​များဖြစ်​​သော မီနီဘတ်​စ်​ နဲ့ စီးတီးဘတ်​စ်​...

Read more »

Risk ကို Reduce လုပ်ပေးနိုင်မယ့် Insurance...

Car db artical 7 150x150

ကမ္ဘာမှာ ယာဉ်တိုက်မှုကြောင့် သေဆုံးတဲ့ဦးရေဟာ တစ်နှစ်ကို ၁.၃ သန်းခန့်ရှိပြီး သန်း၅၀ကျော် ဒဏ်ရာရခဲ့ကြတာ။ ဖြစ်တော့လည်း သေလူများရဲ့ ၉၀ရာခိုင်နှုန်းက...

Read more »

ကြီး​ကော်​မှ ထုတ်ပြန်လိုက်သည့် ၂၀၁၇ အတွင်း...

Pg1 150x150

ကြီး​ကော်​မှ ထုတ်ပြန်လိုက်သည့် ၂၀၁၇ အတွင်း တင်သွင်းခွင့်ပြုသွားမည့် ကား model/Year သတ်မှတ်ချက်များ photo creadit

Read more »

အွန်​လိုင်းစနစ်​စတင်​​ပြောင်းလဲ​နေချိန်​...

Images 150x150

အ​ကောက်ခွန်ဦးစီးဌာန​​​​​​​​က စည်းကြပ်​အခွန်သတ်​မှတ်​တဲ့ အွန်​လိုင်းစနစ်​စတင်​​ပြောင်းလဲ​နေချိန်​ ဆိပ်​ကမ်းက ကားများထုတ်​ယူရန်အတွက်...

Read more »

ယာဉ်​အိုယာဉ်​​ဟောင်းအပ်​နှံမည့်...

Bm bus 150x150

၁၉၉၅ မော်ဒယ်​​အောက်​ခရီးသည်​တင်​ကားအစီး​ရေ ၂၀၀ အား လူစီးစလစ်​ထပ်​မံထုတ်​​ပေးသွားရန်​ရှိတယ်​လို့...

Read more »
Download Android App