ယာဉ်မောင်းလိုင်စင်မရှိဘဲ စည်းကမ်းမဲ့ ယာဉ်မောင်းနှင်မှုများ ဖြစ်ပေါ်နေ တရားဝင် မှတ်ပုံတင်ထားသည့် ယာဉ်အစီးရေ၏ သုံးပုံနှစ်ပုံခန့် ပမာဏသာ ယာဉ်မောင်းလိုင်စင် ထုတ်ယူထားမှုရှိ

ယာဉ်မောင်းလိုင်စင် မရှိဘဲ စည်းကမ်းမဲ့ ယာဉ်မောင်းနှင်မှုများ ဖြစ်ပေါ်လျက်ရှိပြီး မြန်မာတစ်နိုင်ငံလုံးတွင် တရားဝင်မှတ်ပုံတင်ထားသည့် ယာဉ်အစီးရေ၏ သုံးပုံနှစ် ပုံခန့် ပမာဏသာ ယာဉ်မောင်း လိုင်စင် ထုတ်ယူထားရှိမှု ရှိနေကြောင်း ‘ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန’၏ ထုတ်ပြန်ထားသော စာရင်းများအရ သိရသည်။download (1)


လက်ရှိ ပြည်တွင်း၌ မှတ်ပုံတင်ထားသည့် ယာဉ်အစီးရေမှာ ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက် အထိ စာရင်းများအရ ယာဉ်အ စီးရေ ၄,၀၁၆,၇၅၇ စီးခန့် ရှိနေပြီး ယာဉ်မောင်း လိုင်စင်ထုတ်ယူမှုမှာ ၂,၉၃၁,၅၁၃ ဦးခန့်သာ ရှိနေကြောင်းသိရသည်။ “မှတ်ပုံတင်ယာဉ်အစီးရေထက် ယာဉ်မောင်းလိုင်စင်ထုတ်ယူထားရှိမှု နည်းနေတဲ့သဘော ကတော့ လိုင်စင်မရှိဘဲ မောင်းနေတာတွေ ရှိနေလို့ပေါ့၊ အများအားဖြင့်တော့ နယ်တွေမှာပိုများမယ်၊ နယ်တွေမှာက ဆိုင်ကယ်တွေရှိ ကြပြီး လိုင်စင်မရှိ၊ အသက်မပြည့်ဘဲ မောင်းနေ တာမျိုးတွေကြောင့် ဖြစ်တာများမယ်”ဟု'ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန’မှ ညွှန်ကြားရေးမှူး(ငြိမ်း) ဦးအောင်မြင့်ကဆိုသည်။ ၂၀၀၉ ခုနှစ်တွင် မြန်မာတစ်နိုင် ငံလုံး၌ မော်တော်ယာဉ်နှင့် ဆိုင်ကယ်များ အပါအ၀င် တရားဝင် မှတ်ပုံတင်ထားသော မော်တော်ယာဉ်အစီးရေ နှစ်သန်းခန့်ရှိချိန်၌ ယာဉ်မောင်းလိုင်စင် ထုတ်ပေးထားမှုမှာ နှစ်သန်းကျော်တွင်ရှိ ပြီး ယခုလက်ရှိအချိန်မှာတော့ ယာဉ်မောင်းလိုင်စင် ထုတ်ယူမှုပမာဏမှာ နည်းပါးနေကာ မှတ်ပုံတင်ထားသော ယာဉ်အစီးရေပမာဏ များပြားနေခြင်း ဖြစ်သည်။ မြန်မာနိုင်ငံတွင် ယာဉ်မတော်တဆမှု ဖြစ်ပွားရခြင်းများ၏ အဓိကအကြောင်း အရာများတွင် ယာဉ်လမ်းကြောင်းများ နားလည်မှုမရှိခြင်း၊ ယာဉ်စည်းကမ်း၊ လမ်း စည်းကမ်းအပေါ် အပြည့်အ၀ နားလည်မှုမရှိခြင်း၊ ယာဉ်မောင်းသူများ အရည်အချင်းပြည့်ဝမှု မရှိ ခြင်းနှင့် နီးစပ်ရာမှ ယာဉ်မောင်း သင်ကြားမှုများကြောင့် ယာဉ်မတော်တ ဆမှုများ အများဆုံးဖြစ်ပေါ်နေရာ ယာဉ်မောင်းလိုင်စင်ကို စနစ်တကျ ထုတ်ယူခြင်း၊ ပေးအပ်ခြင်းများ ပြုလုပ်ရန်လိုအပ်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ကြသည်။


 

Ref : Automobile

Latest News

နယ်​​လိုင်စင်ဖြင့် ဝင်​ေ​​​​ရာက္လာ​ေ​သာ...

Parking 150x150

ရန်​ကုန်​မြို့အတွင်းသို့ နယ်​လိုင်​စင်​ဖြင့်ဝင်​​ရောက်​လာသည့်ကားများကို မြို့အဝင်​ကားပါကင်​များတွင်​ရပ်​နား၍ မြို့တွင်းသို့...

Read more »

Nissan Sunny ကို မြန်မာနိုင်ငံတွင် စတင်မိတ်ဆက်

P1015409 150x150

[caption id="attachment_389962" align="alignnone" width="300"] OLYMPUS DIGITAL CAMERA[/caption] Nissan Motor ၏ ကိုယ်စားလှယ်...

Read more »

ကားအ​ရောင်းပြခန်းများနှင့်...

Consignment 150x150

ကားအ​ရောင်းပြခန်းများနှင့်အ​ရောင်းစင်​တာများက Consigniment စနစ်​ဖြင့်တင်​သွင်းထား​သော ကားများကို စလစ်​ကပ်​ရန်​ သက်​တမ်း ၆ လတိုး​​ပေးသည်​မှာ...

Read more »

လိုင်​စင်​ ပါမစ်​မရရှိခင်​ ဆိပ်​ကမ်းသို့...

Mg 3057 copy 150x150

အ​ကောက်​ခွန်​လုပ်​ထုံးလုပ်​နည်း ၆/၂၀၁၇ ဥပ​ဒေအရပြည်​ပနိုင်​ငံများ တင်​သွင်းလာ​သော ​မော်​​တော်​ယာဉ်​များသည်​ လိုင်​စင်​ ပါမစ်​မရရှိခင်​...

Read more »

ဧပြီလ ၁ ရက်​မှစ၍ Express ကားများ...

Commeercial vehicles 150x150

ဧပြီလ ၁ ရက်​မှစ၍ Express ကားများ လုပ်​ငန်းသုံးကားများကို ၅ ရာခိုင်းနှုန်းအထက်​ အခွန်​တိုးမြှင့်ကောက်​ခံသွားရန်​ ရှိ​​ကြောင်း...

Read more »
Download Android App