၂၀၁၅ ခုနှစ်မတ်လအထိသာ ၂၀၁၄ ခုနှစ်၏ မော်တော်ယာဉ်တင်သွင်းမှုနှုန်းထားအတိုင်း လျှော့ပေါ့မည်ဖြစ်သဖြင့် ပါမစ်ကြိုတင်လျှောက်ထားမှုများပြား

၂၀၁၄ ခုနှစ်တွင် စလစ်ကပ်ကားများအား အခွန်လျှော့ပေါ့ပေးသော်လည်း ၂၀၁၅ ခုနှစ်တွင် Free Permit တင်သွင်းသောကားများနှင့်တန်းတူ အခွန်ကောက်ခံသွားမည်ဖြစ်ပြီး ၂၀၁၅ ခုနှစ်မတ်လအထိသာ ၂၀၁၄ ခုနှစ် အခွန်နှုန်းထားအတိုင်း ခံစားခွင့်ပေးထားကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

၂၀၁၄ ခုနှစ်အတွင်းအပ်နှံပြီး စလစ်ကပ်၍တင်သွင်းသောကားများမှာ ၂၀၁၅ ခုနှစ် မတ်လ ၃၁ ရက်နေ့ တွင် က.ည.န ၌ နံပါတ်နှိုက်၍ လိုင်စင်ရယူပြီးသားဖြစ်ရမည် ဖြစ်ကြောင်းသိရသည်။ ထို့အတွက်နှစ်ကုန်ချိန်နီး လာသည်နှင့်အမျှ ၂၀၁၄ ခုနှစ်အခွန်နှုန်းထားအတိုင်း ရရှိရန် ပါမစ်ကြိုတင်လျှောက်ထားမှု များလာကြောင်းသိရ သည်။ ဆိပ်ကမ်းတွင်ရောက်ရှိနေသော ကားများအား ဇုန်ကားဟောင်းစလစ်ဖြင့် ကပ်၍၀ယ်ယူမှုများလာခြင်း ကြောင့် ဇုန်ကားဟောင်းဈေးမှာ ကျပ်သိန်း ၄၀ နီးပါးသို့ ပြန်လည်ဈေးတက်လာကြောင်းသိရသည်။

နှစ်နှစ်ဆယ်သက်တမ်းပြည့်ပြီးသည့် ကားဟောင်းများမှာ ဇုန်ကားစလစ်ဈေးနှင့်တန်းတူဖြစ်ပြီး အခွန် လျော့ပေါ့မှုတူသဖြင့် ၀ယ်လိုအားနည်းနေကြောင်းသိရသည်။ အဆိုပါကားများမှာ ဇုန်ကားများနည်းတူ အခွန် လျော့ပေါ့မှု ၂၀ ရာခိုင်နှုန်းရရှိပြီး ၂၀၁၅ ခုနှစ်အတွင်းသို့ရောက်ရှိပါက အခွန်အပြည့်ဆောင်ရမည်ဖြစ်ကြောင်းသိ ရသည်။သို့သော်လည်း အဆိုပါသက်တမ်းပြည့်ပြီးသည့်ကားများတွင် ကောင်းမွန်သောကားများရှိသဖြင့် ယာဉ် ပိုင်ရှင်များမှ မအပ်နှံလိုကြောင်းသိရသည်။ အခွန်နှုန်းထား ၂၀ ရာခိုင်နှုန်းသာ လျော့ပေါ့ရရှိခြင်း၊ ကောင်းစွာအ သုံးပြုနိုင်သေးသည့် အခြေအနေတွင်ရှိခြင်းတို့ကြောင့် မအပ်နှံသော်လည်း လာမည့်သုံးလေးလအတွင်း အခွန်အပြည့်ကောက်ခံမှု စတင်တော့မည်ဖြစ်ရာ သက်တမ်းပြည့်ပြီးသည့် ကားဟောင်းပိုင်ရှင်များမှာ အနာ ဘက်တွင်သာရှိကြောင်း အဆိုပါပုဂ္ဂိုလ်ကရှင်းပြခဲ့သည်။

Ref: Auto World Journal မှထုတ်နှုတ်ဖေါ်ပြသည်။

Latest News

ကုန်​​တင်​ယာဉ်​ကြီး...

Container1 150x150

ရန်​ကုန်​မြို့အတွင်း ကုန်​တင်​ယာဉ်​နဲ့ ကုန်​​သေတ္တာယာဉ်​များကို အချိန်​ကန့်​သတ်​သွားလာရမည်​ဖြစ်​​သော်​လည်း အ​ရေးကြီးကုန်​စည်​များ...

Read more »

ကုမ္ပဏီ လိုင်​စင်​​ဖြင့်လုပ်ငန်းသုံးကား...

Breakingnews n 150x150

ပင်လယ်ေ​​ရ​ကြောင်းမှတစ်​ဆင့်လည်း​ကောင်း ၊ နယ်​စပ်​​ဒေသများမှလည်း​ကောင်း ကုမ္ပဏီ လိုင်​စင်​​ဖြင့် ၅ တန်​နှင့်​​အောက်​လုပ်​ငန်းသုံးကားများ...

Read more »

ယာဉ်အိုယာဉ်​​ဟာင်းအပ်​နှံပြီး...

Oldcars 150x150

သက်​တမ်းနှစ် ​နှစ်​ဆယ်​ပြည့်ြ့​ပီး ယာဉ်​အိုယာဉ်​​ယောင်းအပ်​နှံပြီး အစားထိုးတင်​သွင်းသည့် စနစ်​အစား အခြားနည်းလမ်းတစ်​ခုဖြင့်...

Read more »

ယနေ့မနက် ဒီဇင်ဘာလ ၈ ရက်မှ စပြီး...

Container 150x150

ယနေ့မနက် ဒီဇင်ဘာလ ၈ ရက်မှ စပြီး ကမ်းနားလမ်းပေါ်ရှိမြို့ထဲ အသွား ကမ်းနားဘက်ခြမ်းတွင် ကွန်တိန်နာယာဉ်များ တန်းစီရပ်တန့်ထားသောကြောင့်...

Read more »
Download Android App