အင်္ဂလိပ်အက္ခရာ နံပါတ်ပြား ပြောင်းလဲခြင်းမရှိပါက မော်တော်ယာဉ်ဥပဒေအရ အရေးယူမည်

မော်တော်ယာဉ်နံပါတ် မြန်မာအက္ခရာမှ အင်္ဂလိပ်အက္ခရာသို့ ပြောင်းလဲဆောင်ရွက်ပေးလျှက်ရှိရာ တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ၉၀ ရာခိုင်နှုန်းခန့် ပြောင်းလဲဆောင်ရွက်ပြီး ဖြစ်သော်လည်း ကျန်ရှိနေသေးသည့် ယာဉ်ပိုင်ရှင်များထံ အကြောင်းကြားစာများ ပေးပို့ထားပြီး တစ်လအတွင်း လာရောက်ပြောင်းလဲဆောင်ရွက်ခြင်း မရှိပါက မော်တော်ယာဉ်ဥပဒေအရ အရေးယူဆောင်ရွက်တော့မည်ဖြစ်ကြောင်း က.ည.န (ကနဦး) ရုံးချုပ် အကြီးတန်း အရာရှိတစ်ဦးက ပြောသည်.။

မြန်မာအက္ခရာမှ အင်္ဂလိပ်အက္ခရာပြောင်းလဲခြင်းကို ၂၀၁၃ ခုနှစ်မှ စတင်ပြုလုပ်ပေးခဲ့ပြီး လက်ရှိတွင် အက္ခရာနံပါတ်ပြား ပြောင်းလဲတပ်ဆင်ခြင်းမှာ ၉၀ ရာခိုင်နှုန်းပြီးစီးနေပြီး ကျန်ရှိနေသေးသည့် ယာဉ်ပိုင်ရှင်များထံ အက္ခရာနံပါတ်ပြားများ ပြောင်းလဲတပ်ဆင်ရန် အကြောင်းကြားစာများ ပေးပို့ဆက်သွယ်ထားကြောင်း သိရသည်.။

“အကြောင်းကြားစာတွေကို သြဂုတ်လမကုန်ခင်က ပို့ခဲ့တာပါ.။ ဒီစက်တင်ဘာတစ်လလုံး အချိန်ပေးထားတယ်.။ သတ်မှတ်ကာလအတွင်း လာရောက်ပြောင်းလဲခြင်းမရှိဘူးဆိုရင်တော့ ၁၉၆၄ မော်တော်ယာဉ် ဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်.။ (ကားတစ်စီးလုံးတောင် ဝယ်စီးနိုင်ပြီး) နံပါတ်ပြားလဲရင် ပိုက်ဆံတစ်သောင်းကုန်လို့ မလုပ်ဘူးဆိုတဲ့သူတွေက ဥပဒေကို ကလန်ကဆန်လုပ်တဲ့သဘောပဲ၊ သူတို့ကို ယာဉ်နံပါတ်ပြားအသစ် ပြုလုပ်ပေးရလို့ ကုန်တဲ့ ကုန်ကျငွေပဲ ကောက်တာပါ.။ အရေးယူမှုကို မော်တော်ယာဉ်စည်းကမ်းထိန်းသိမ်းရေး ရဲတပ်ဖွဲ့က ဆောင်ရွက်ပါလိမ့်မယ်” ဟု က.ည.န (မြင်သာ) မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်.။ ထိုသို့ အက္ခရာနံပါတ်ပြားပြောင်းလဲခြင်း ဆောင်ရွက်ပါက ဖောင်းကြွနံပါတ်ပြားကို သက်ဆိုင်ရာကညနရုံးများတွင် ငွေကျပ်တစ်သောင်းပေးသွင်း၍ တပ်ဆင်နိုင်ကြောင်း သိရသည်.။

 

နေနွယ် (10.9.2015 ထုတ် ပြည်မြန်မာမှ ကူးယူဖော်ပြသည်)

 

www.carsdb.com

No. 1 Car Site in Myanmar

Latest News

AA ,BB အစရှိသည့် ရာသက်​ပန်​အဌားယာဉ်​များကို...

City taxi 150x150

AA ,BB အစရှိသည့် ရာသက်​ပန်​အဌားယာဉ်​များကို အိမ်​စီးကားအဖြစ်​ ​ပြောင်းလဲ၍မရဘဲ အခြားအက္ခရာ နံပတ်အနီကိုသာ...

Read more »

Without Body တင်​သွင်းလာခြင်းကို...

Cars 150x150

Without Body တင်​သွင်းလာခြင်းကို ခွင့်ပြုထားခြင်းမရှိ​သော်​လည်း ​Body ပါရှိပြီး ချိတ်​ဆက်​မှူအားနည်း​နေခြင်းကို အ​ကြောင်းအမျိုးမျိုးပြ၍...

Read more »

မီနီဘတ်​စ်​ကားများတင်​သွင်းရာတွင်​...

Minibus 150x150

ပြည်​ပနိုင်​ငံများမှ မီနီဘတ်​စ်​ကားများတင်​သွင်းရာတွင်​ Cancellation ကိုက်​ညီမှူ ၊ အင်​တာနက်​အ​ထောက်​အထား ကိုက်​ညီမှူ ၊...

Read more »

ကျွန်တော်တို့ CarsDB Website ကို အသုံးပြုပြီး...

Server down 1024 150x150

ကျွန်တော်တို့ CarsDB website ကြီးကို လာမည့် ၁၅.၁.၂၀၁၇ တနင်္ဂနွေနေ့တွင်12:00 AM မှ 4:00 AM ထိ ရေဆေးဆီထိုးခြင်း အလိုင်းမင်းချိန်ခြင်း...

Read more »

ရန်​ကုန်​မြို့ တွင်း ​မောင်းနှင်​​နေ​သော Taxi...

Taxicab 150x150

ရန်​ကုန်​တိုင်း​ဒေသကြီးတွင်​ ​ပြေးဆွဲ​မောင်းနှင်​​နေ​သော Taxi များကို နိုင်ငံတကာတွင်​ကျင့်သုံး​နေသည့် မိုဘိုင်းဖုန်းမှ...

Read more »
Download Android App